AA အဖွဲ့လုပ်ဆောင်နေသည့် တရာမဝင်လုပ်ငန်းများနှင့်ပတ်သက်၍ ထွက်ဆိုချက်များ

         နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း AA အကြမ်းဖက်အဖွဲ့အနေဖြင့် မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်တစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်နှင့် နိုင်ငံတကာသို့ ရောင်းဝယ်ဖြန့်ဖြူးနေမှုများအား လုပ်ဆောင်လျက်ရှိသည့်အပြင် ၎င်းတို့၏လူ/လက်နက်၊ ရိက္ခာနှင့် စက်သုံးဆီများ ဝယ်ယူဖြည့်တင်းနိုင်ရေးနှင့် ၎င်းတို့၏အကျိုးစီးပွားများအတွက် တရားမဝင်ဘင်္ဂါလီခိုးဝင်မှုများကို ဥပဒေနှင့်မညီပဲ အခကြေးငွေရယူကာ ဆောင်ရွက်လာခဲ့ကြပါသည်။

ထိုကဲ့သို့ လုပ်ဆောင်လျက်ရှိရာ ဘင်္ဂါလီခိုးဝင်မှုများကို AA အဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိ မင်းခန့်၏စေခိုင်းမှုဖြင့် ဘင်္ဂါလီပွဲစားများဖြင့် ချိတ်ဆက်လုပ်ကိုင်ခဲ့သူ၊ AA အဖွဲ့တွင် ရိက္ခာနှင့် စက်သုံးဆီများပို့ရန် သင်္ဘောဝယ်ခဲ့သူ၊ ကိုယ်တိုင်ရိက္ခာများဝယ်ပို့ခဲ့သူများ၏ ဝန်ခံထွက်ဆိုချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဇော်မင်းထွန်း (ခ) စိုးမိုးလင်း (ခ) ကိုညီ၏ ဝန်ခံထွက်ဆိုချက်မှာ-

  • AA အကြမ်းဖက်အဖွဲ့မှ ကိုနေမျိုးအောင်အား စစ်တွေမြို့မှ ကိုကျော်နိုင်၏ ချိတ်ဆက်ပေးမှုကြောင့် လည်းကောင်း၊ ကိုရင် (ခ) ကိုမျိုးကိုကိုအား စစ်တွေမြို့မှ ကိုမောင်ဖြူချိတ်ဆက်ပေးမှုကြောင့်လည်းကောင်း သိခဲ့ကြောင်း။  
  • ကိုရင် (ခ) ကိုမျိုးကိုကိုသည် AA အကြမ်းဖက်အဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိသူ ကိုမင်းခန့်နှင့် ရင်းနှီးကြောင်း၊  AA အဖွဲ့အတွက် လိုအပ်သော စက်သုံးဆီနှင့် ရိက္ခာများအား ကိုရင်(ခ) ကိုမျိုးကိုကိုက ထောက်ပံ့ပေးရကြောင်း။
  • ကိုရင် (ခ) ကိုမျိုးကိုကို၏ စေခိုင်းမှုကြောင့် ရွှေသဇင်၊ လမင်းမေတ္တာ၊ တတိုင်းရအမည်ရှိ သင်္ဘော ၃ စင်းအား ဦးစီးဦးဆောင်လုပ်ခဲ့ရကြောင်း၊ ၎င်းသင်္ဘော ၃ စီးဖြင့် AA အကြမ်းဖက်အဖွဲ့အတွက် စက်သုံးဆီများ ပို့ဆောင်ခဲ့ရကြောင်းနှင့် ၎င်းသင်္ဘော ၃ စင်းအား ဝယ်ယူသည့်နေ့တွင် ကိုရင်(ခ) ကိုမျိုးကိုကို နှင့် AA အကြမ်း ဖက်အဖွဲ့မှ တာဝန်ရှိသူများ ရောက်မလာခဲ့သည့်အတွက် ၎င်းကိုယ်တိုင်ပင် အရောင်းအဝယ်စာချုပ်၌ လက်မှတ်ထိုးခဲ့ရကြောင်း၊ သင်္ဘော ၃ စင်း၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၃,၂၀၀ ရှိခဲ့ကြောင်း။
  • ၎င်းအား AA က ဗိုလ်မှူးကြီးအဆင့်ရှိ မင်းခန့်နှင့် ကိုမျိုးကိုကိုကပင် ချိတ်ဆက်ပေးခဲ့ကြောင်း၊ ကိုမင်းခန့်နှင့် တယ်လီဂရမ်တွင် အဆက်အသွယ်ရှိခဲ့ကြောင်း၊  ကိုမင်းခန့်အား ရသေ့တောင်မြို့နယ်၊ အုတ်ဖိုရွာတစ်မိုင်ခန့်အကွာရှိ AA စခန်းတွင် ဘင်္ဂါလီအခွန်ကောက်သည့်ကိစ္စအား ဆွေးနွေးရန် သွားရောက်တွေ့ဆုံခဲ့ကြောင်း။
  • ကိုမင်းခန့်က အခွန်မဆောင်သည့် ဘင်္ဂါလီတွေ၊ ခိုးဝင်သည့် ဘင်္ဂါလီတွေ၊ အခွန် မဆောင်သည့် ငါးဖမ်းလှေတွေ၊ AA စစ်ပြေးများနှင့် ပတ်သက်ပြီး တယ်လီဂရမ်မှ  သတင်းပို့ခိုင်းကြောင်း။  
  • ၎င်းအနေဖြင့် မောင်တောက Hamidula၊ Abdu Zawle၊ Nawziamauk၊ ကိုနေ မိုးအောင်၊ AA အကြမ်းဖက်အဖွဲ့နှင့်အတူ တရားမဝင်ဘင်္ဂါလီ ၄ ကြိမ်ခိုးသွင်းခဲ့ကြောင်း။
  • ဘင်္ဂါလီပွဲစားတွေ ပြောကြားချက်အရ ခိုးဝင်ဘင်္ဂါလီတွေက  AA အဖွဲ့တွေကို တစ်ယောက်လျှင် နှစ်သိန်းအခွန်ဆောင်ရကြောင်း၊ ဘင်္ဂါလီပွဲစားတွေပို့တဲ့ စက်လှေက တစ်ယောက်လျှင် ၇ သိန်းရကြောင်း၊ ဘင်္ဂါလီပွဲစားတွေ့တစ်ယောက်ကို သိန်းနှစ်ဆယ်ရကြောင်း။ AA အဖွဲ့နေနဲ့ တစ်ရာသီလျှင် ငါးဖမ်းသင်္ဘောတစ်စီးကို ဆယ်သိန်းဆီ အခွန်ကောက်ကြောင်း။
  • ၂၀၂၃ ခုနှစ်တွင် ကိုမျိုးကိုကိုက အက္ခရာဆိုသူနှင့် မိတ်ဆက်ပေးခဲ့ကြောင်း၊ အက္ခရာမှ AA အကြမ်းဖက်အဖွဲ့အတွက် စက်ပစ္စည်းများနှင့် အင်ဂျင်ဝိုင်များ ဝယ်ပေးရကြောင်း၊ ကုန်ကျငွေအား Kpay၊ Wave money တို့မှတစ်ဆင့် အက္ခရာထံ လွှဲပေးရကြောင်း။
  • ခိုးဝင်ဘင်္ဂါလီဆီမှကောက်ခံရရှိသည့် ငွေကြေးဖြင့် AA အဖွဲ့အတွက် စက်သုံးဆီနှင့် ရိက္ခာများကို ဝယ်ပေးရပြီး ကိုနေမိုးအောင်ထံ အပ်ရကြောင်း၊  ကိုနေမိုးအောင် နှင့် ဗိုလ်မှူးကြီးမင်းခန့်တို့ကပဲ စီစဉ်ကြောင်း။
  • ၎င်းအနေဖြင့် ရခိုင်ကို တောလမ်းကပင် ပြန်လာခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂၉ ရက်တွင် ကိုရင် (ခ) ကိုမျိုးကိုကိုက ဒီဘိုဝင်းဆီတွင် ကားလက်မှတ်ယူခိုင်းခဲ့ပြီး ရွှေပွင့်ဖြူကားဖြင့်လိုက်ခိုင်းကြောင်း၊ မင်းဘူးမရောက်ခင် ၅ မိုင်ကနေပြီးဆင်းခိုင်းပီး ကိုဇော်မိုး၊ အဘစံတို့နှင့်  ဆက်သွယ်ရရန်ပြောခဲ့ပြီး အဲ့ဒီမှာ ၎င်းအနေဖြင့် လမ်းတွင် အဖမ်းခံခဲ့ရကြောင်း။
  • ၎င်းအနေဖြင့် “မိခင် အသက်ခံရမည်ကို စိုးရိမ်သဖြင့် ရန်ကုန်မှ ရခိုင်သို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း၊ AA အကြမ်းဖက်အဖွဲ့အနေဖြင့် ခိုင်းတာတော့ ခိုင်းပြီးတော့ ၎င်းအား တစ်ယောက်မှ တာဝန်ယူမည့်သူမရှိကြောင်း၊ တာဝန်မယူသည့်အတွက် အဖမ်းခံခဲ့ရကြောင်း” ပြောကြားခဲ့ပါသည်။  

သာလီစွ မုန့်တီဆိုင်ပိုင်ရှင် အနုပညာရှင် ရခိုင်အဆိုတော် လှမောင်သိန်း (ခ) ဘိုဝိုင်း (ဘ) ဦးကျော်လှ၏ ဝန်ခံထွက်ဆိုချက်မှာ-

  • ၂၀၁၉ ခုနှစ်၊ မတ်လတွင် AA အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ ဇော်မင်းဦး ထူထောင်ထားသည့် စတိတ်ရှိုးတွင် သီချင်းဆိုသည့် အချိန်မှစ၍ ဇော်မင်းဦးနှင့် စတင်ချိတ်ဆက်မိကြောင်း။
  • ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် AA အဖွဲ့က ကိုဇော်မင်းဦးက မန္တလေးတွင် အိမ်ငှားခိုင်းသဖြင့် တစ်လလျှင် ၂ သိန်းခွဲနှုန်းဖြင့် အိမ်တစ်အိမ် ငှား‌ပေးခဲ့ကြောင်း။
  • အိမ်ငှားခိုင်းသည့် ကိစ္စနှင့်ပတ်သက်၍ အဆက်အသွယ်ပြန်လည်ရှိခဲ့ပြီး ကိုဇော်မင်းဦး က “နောက်ဆိုရင် ဒီအရေးကြီးတဲ့ပစ္စည်းတွေကို ပို့ပေးရမယ်၊ အမှားအယွင်း ဖြစ်လို့မရဘူး” ဟု ပြောလာခဲ့ကြောင်း။
  • ကိုဇော်မင်းဦးနှင့် ၎င်းတို့အကြား စကားပြော မပြေလည်သောကြောင့် မန္တလေးတွင် မနေတော့ပဲ ရခိုင်သို့ပြန်သွားခဲ့ပြီး ရခိုင်အဆိုတော် မယုယုလှိုင်နှင့်အတူ ပျဉ်မနားတွင် “သာလီစွ” အမည်ဖြင့် မုန်တီဆိုင် ၃ လ ဖွင့်ခဲ့ကြောင်း။
  • ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ ၃၁ လမ်းထိပ်၌ “သာလီစွ” အမည်ဖြင့်ပင် မုန့်တီဆိုင် ထပ်မံဖွင့်လှစ်ခဲ့ကြောင်း၊ သို့သော်လည်း စီးပွားရေးမပြေလည်သောကြောင့် နိုဝင်ဘာလတွင် သီချင်းဆိုရန် ရခိုင်သို့ပြန်ခဲ့ကြောင်း။
  • ရခိုင်တွင် သူငယ်ချင်းဖြစ်သူ အက္ခရာ၏ ဆက်သွယ်ပေးမှုဖြင့် ရန်ကုန်ရှိ AA အဖွဲ့မှ ဇော်မင်းထွန်း(ခေါ်)စိုးမိုးလင်း(ခေါ်) ကိုညီ ချိတ်ဆက်မိကာ ရန်ကုန်မြို့သို့ ပြန်လာခဲ့ကြောင်း။ 
  • ဇော်မင်းထွန်း (ခေါ်) စိုးမိုးလင်း (ခေါ်) ကိုညီ၏ စေခိုင်းချက်အရ ၎င်းတို့၏ သင်္ဘောပေါ်တွင် လူဘယ်နှစ်ယောက် ရှိ/မရှိ လဲ၊ သင်္ဘောက ဆီတွေကို ခိုး၊ မခိုးဆိုတာကို စစ်ဆေးပေးခဲ့ရကြောင်း၊ ရွှေပွင့်ဖြူကားဖြင့် မင်းဘူးသို့ သွားရန်  ကားလက်မှတ်တစ်စောင်ဖြတ်ပေးခဲ့ရကြောင်း။
  • ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် တောင်ဥက္ကလာ သာလီစွမုန့်တီဆိုင်တွင် ဖမ်းဆီးခံခဲ့ရကြောင်း၊ “AA အဖွဲ့အနေဖြင့်  ရိုးရိုးသားသားလုပ်စားနေသည့် ဘဝတွေကို မဖျက်ဆီးသင့်ကြောင်း၊ အသုံးမချသင့်ကြောင်း၊ ဒီလိုရိုးသားတဲ့ ဘဝတွေ ခဏလေးနဲ့ ဆုံးရှုံးသွားတာကို ရင်နာမိကြောင်း” ထွက်ဆိုပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၂-၂၀၂၄)

 

ဇော်မင်းထွန်း() စိုးမိုးလင်း () ကိုညီ၏ ဝန်ခံထွက်ဆိုချက် ကောက်နုတ်ချက်မှာ

  • ၎င်းအား AA က ဗိုလ်မှူးကြီးအဆင့်ရှိ မင်းခန့်နှင့် ကိုမျိုးကိုကိုကပင် ချိတ်ဆက်ပေးခဲ့၊ ကိုမင်းခန့်နှင့် တယ်လီဂရမ်တွင် အဆက်အသွယ်ရှိခဲ့၊  ကိုမင်းခန့်အား ရသေ့တောင်မြို့နယ်၊ အုတ်ဖိုရွာတစ်မိုင်ခန့်အကွာရှိ AA စခန်းတွင် ဘင်္ဂါလီအခွန်ကောက်သည့်ကိစ္စအား ဆွေးနွေးရန် သွားရောက်တွေ့ဆုံခဲ့။
  • ဘင်္ဂါလီပွဲစားတွေ ပြောကြားချက်အရ ခိုးဝင်ဘင်္ဂါလီတွေက  AA အဖွဲ့တွေကို တစ်ယောက်လျှင် နှစ်သိန်း အခွန်ဆောင်ရ၊ ဘင်္ဂါလီပွဲစားတွေပို့တဲ့ စက်လှေက တစ်ယောက်လျှင် သိန်းရ၊ ဘင်္ဂါလီပွဲစားတွေ့တစ်ယောက်ကို သိန်းနှစ်ဆယ်ရ။ AA အဖွဲ့နေနဲ့ တစ်ရာသီလျှင် ငါးဖမ်းသင်္ဘောတစ်စီးကို ဆယ်သိန်းဆီ အခွန်ကောက်။
  • ခိုးဝင်ဘင်္ဂါလီဆီမှကောက်ခံရရှိသည့် ငွေကြေးဖြင့် AA အဖွဲ့အတွက် စက်သုံးဆီနှင့် ရိက္ခာများကို ဝယ်ပေးရပြီး ကိုနေမိုးအောင်ထံ အပ်ရ၊  ကိုနေမိုးအောင်နှင့် ဗိုလ်မှူးကြီးအဆင့်ရှိ မင်းခန့်တို့ကပဲ စီစဉ်ခဲ့။

သာလေစွ မုန့်တီဆိုင်ပိုင်ရှင် အနုပညာရှင် ရခိုင်အဆိုတော် လှမောင်သိန်း () ဘိုဝိုင်း () ဦးကျော်လှ၏ ဝန်ခံထွက်ဆိုချက် ကောက်နုတ်ချက်မှာ-

  • ၂၀၁၉ ခုနှစ်၊ မတ်လတွင် AA အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ ဇော်မင်းဦး ထူထောင်ထားသည့် စတိတ်ရှိုးတွင် သီချင်းဆိုသည့် အချိန်မှစ၍ ဇော်မင်းဦးနှင့် စတင်ချိတ် ဆက်မိခဲ့။
  • ရခိုင်တွင် သူငယ်ချင်းဖြစ်သူ အက္ခရာ၏ ဆက်သွယ်ပေးမှုဖြင့် ရန်ကုန်ရှိ AA အဖွဲ့မှ ဇော်မင်းထွန်း (ခေါ်) စိုးမိုးလင်း (ခေါ်) ကိုညီ ချိတ်ဆက်မိကာ ရန်ကုန်မြို့သို့ ပြန်လာခဲ့။
  • ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် တောင်ဥက္ကလာ သာလီစွမုန့်တီဆိုင်တွင် ဖမ်းဆီးခံခဲ့ရကြောင်း၊ “AA အဖွဲ့အနေဖြင့်  ရိုးရိုးသားသားလုပ်စားနေသည့်  ဘဝတွေကို မဖျက်ဆီးသင့်ကြောင်း၊ အသုံးမချသင့်ကြောင်း၊ ဒီလိုရိုးသားတဲ့ ဘဝတွေ ခဏလေးနဲ့ ဆုံးရှုံးသွားတာကို ရင်နာမိကြောင်းထွက်ဆိုပြောကြားခဲ့။

Add new comment