PDF အမည်ခံအကြမ်းဖက်သမားများက မင်းကင်းမြို့နယ်၊ ကံကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့

        ဖြစ်စဉ်မှာ PDF အကြမ်းဖက်သမားများက ဖေဖော်ဝါရီလ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကံကျေးရွာအတွင်းသို့ ၄၀ မမ ဗုံးပစ်လောင်ချာများ၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၄ ဦးဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပါသည်။ ထို့ပြင်အဆိုပါအကြမ်းဖက်သမားများသည် ကျေးရွာရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် လူနေအိမ် ၃၅ လုံးခန့် မီးလောင်ပျက်စီးသွားခဲ့ပြီး ၎င်းတို့လာရာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ မြို့/ ရွာ၊ လူနေ ရပ်ကွက်များအတွင်းသို့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ဒေသခံပြည်သူ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ၏ သေဆုံးမှုများအပြင် အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးများ မကြာခဏဖြစ်ပေါ်လျက်ရှိသည့်အတွက် အဆိုပါအကြမ်းဖက်လုပ်ရပ်များကို ပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိသည့်အပြင် အပြင်းအထန် ကန့်ကွက်လျက်ရှိပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက်အား လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၂-၂၀၂၄)

 

  • မင်းကင်းမြို့နယ်၊ ကံကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများ  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၄ ဦး သေဆုံးခဲ့။
  • ထို့ပြင် ကျေးရွာရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် လူနေအိမ် ၃၅ လုံးခန့် မီးလောင်ပျက်စီးသွားခဲ့။

Add new comment