ကုက္ကိုစုကျေးရွာမှ ပြည်သူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးညှဉ်းပန်း နှိပ်စက်ပြီး လည်လှီးသတ်ဖြတ်ခဲ့ကြောင်း သတင်းအမှားများကို လုပ်ကြံရေးသားဝါဒဖြန့်ချိလျက်ရှိ

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ကုက္ကိုစုကျေးရွာမှ ပြည်သူ ၂ ဦးကို ဖေဖော်ဝါရီလ ၆ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်သွားသည်ဟူသော သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက  လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

ဖြစ်စဉ်အမှန်မှာ ရေဦးမြို့နယ်၊ ကုက္ကိုစုကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ချောင်းမြောင်းတိုက်ခိုက်ရန်အတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်နေမှုများ သတင်းပေါက်ကြားခဲ့သည့်ဟု အကြောင်းပြချက်ဖြင့် အဆိုပါကျေးရွာမှ ရွာသားများကို ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ရွာသား ၂ ဦးကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

PDF အကြမ်းဖက်သမားများသည် NUG အဖွဲ့၏ ငါနဲ့မတူငါ့ရန်သူ မူဝါဒအရ အပြစ်မဲ့ပြည်သူများအား ဒလန်အဖြစ်စွပ်စွဲကာ လူအများမြင်ကွင်းတွင် ရက်စက်စွာ သတ်ဖြတ်မှုကို မကြာခဏပြုလုပ်လေ့ရှိပြီး ယခုဖြစ်စဉ်မှာလည်း PDF အချင်းချင်း သတ်ဖြတ်မှုများကို ပြည်ဖျက်မီဒီယာများနှင့်ပူးပေါင်း၍ လုပ်ကြံသတင်းများ ဖြန့်ဝေ လျက်ရှိပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၂-၂၀၂၄)

 

  • ရေဦးမြို့နယ်၊ ကုက္ကိုစုကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF အကြမ်းဖက်သောင်းကျန်းသူများက ချောင်းမြောင်းတိုက်ခိုက်ရန်အတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်နေမှုများ သတင်းပေါက်ကြားခဲ့သည့်ဟု အကြောင်းပြချက်ဖြင့် အဆိုပါကျေးရွာမှ ရွာသား ၂ ဦးကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ဖြစ်စဉ်အမှန်သိရှိရ။

Add new comment