ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွ

       ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဖေဖော်ဝါရီလ ၇ ရက်တွင် တပ်ရင်း၏ မြောက်ဘက်၊ အနောက်ဘက်နှင့်တောင်ဘက်တို့မှနေ၍ Drop Bomb များ၊ လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်းတွင် မြို့စိုးတံတားလုံခြုံရေးစခန်းနှင့် နှစ်တန့်ကူးတံတားလုံခြုံရေးစခန်းများအား တိုက်ခိုက်ခဲ့ရာ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်၊ ရဲမေများက ရွပ်ရွပ်ချွံချွံ ပြန်လည်တွန်းလှန်တိုက်ခိုက်ခဲ့သည့်အပြင် တပ်မတော်မှ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ကူပေးပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကူစစ်ကြောင်းများက တိုက်ခိုက်ခံရသည့် တပ်ရင်းဌာနချုပ်သို့  သွားရောက်ပူးပေါင်းနိုင်ခဲ့ပါသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုကို လိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များအရ အကြမ်းဖက်သမားများ ခိုအောင်းနေသည့် နေရာများသို့ တိကျစွာဖြင့်ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရာ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးမှုများစွာဖြင့် အနောက်ဘက်နှင့် မြောက်ဘက်တို့ သို့ ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA အဖွဲ့ နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အလောင်းလက်နက်အချို့ သိမ်းဆည်းရမိခဲ့ကာ အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးရာနေရာများသို့ တပ်မတော်မှ သောင်းကျန်းသူ ချေမှုန်းမှုစစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် ဇရပ်ကြီးမြို့အတွင်း လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၂-၂၀၂၄)

 

  • ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်သားများ၏ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ဖြစ်စဉ်တွင် မိမိဘက် မှ စစ်သည်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ KNLA အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အလောင်းလက်နက်အချို့ သိမ်းဆည်းရမိခဲ့။

Add new comment