AA အဖွဲ့လုပ်ဆောင်နေသည့် မူးယစ်ဆေးဝါးလုပ်ငန်းများနှင့်ပတ်သက်၍ ထွက်ဆိုချက်များ

       နိုင်ငံတော်အစိုးရက အနာဂတ်မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုလုပ်ငန်းများ ထိရောက်စွာတားဆီးကာကွယ်တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးသယ်ဆောင်လေ့ရှိသော လမ်းကြောင်းများအား စစ်ဆေးရှာဖွေဖော်ထုတ်ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်နေစဉ် ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်မက်အဖက်သမင်း ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုတို့ကို ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ ကုန်းလမ်း/ ရေလမ်းတို့ဖြင့် အဆင့်ဆင့်သယ်ဆောင်ရောင်းဝယ်မှုပြုလုပ်နေသည့် အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့ဝင်များအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

AA အဖွဲ့သည် ၎င်းတို့အဖွဲ့ရပ်တည်နိုင်ရေးနှင့် လက်နက်ခဲယမ်းဖြည့်တင်းနိုင်ရေး အတွက် ရှမ်းပြည်နယ်အတွင်းရှိ UWSA MNDAA SSPP TNLA အဖွဲ့များမှ ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများကို ရခိုင်ပြည်နယ်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချပြီး မူးယစ်ဆေးဝါးကုန်သွယ်မှုကို အကြီးအကျယ်လုပ်ကိုင်နေသည့် အဖွဲ့ဖြစ်ကြောင်း ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ဝန်ခံချက်များအရ သိရှိရပါသည်။

ရှမ်းပြည်နယ်မှ ရန်ကုန်မြို့သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်ပေးခဲ့သူ AA မှ မအိအိခင်() မအိ ဝန်ခံထွက်ဆိုချက်မှာ-

  • ကျွန်မနဲ့ နန်းရွှေဖြူတို့ လားရှိုးမှာ မောင်နိုင်ဆိုတဲ့လူနဲ့ တွေ့ဆုံပြီး သူ့ဆီက သိန်း ၁၀၀ ယူပြီးတော့ မူးယစ်ဆေးသယ်ဆောင်ပေးတဲ့အလုပ်ကို လက်ခံခဲ့ပါတယ်။ အဲဒါနဲ့ နန်းရွှေဖြူက တောထဲမှာ ပစ္စည်းသွားယူပြီးတော့ လားရှိုးမှာ ကားကယ်ရီ ငှားခဲ့ပါတယ်။ ကားကယ်ရီနှစ်စီးနဲ့ မူးယစ်ဆေးဝါးတွေေတင်ပြီး နမ်ပေါင်လမ်း က မိုင်းရယ်- နမ်ပေါင်-အင်တော-ကျောက်ဂူ-ရပ်စောက်-အောင်ပန်းအထိအဲဒီကားနဲ့ လာခဲ့တယ်။
  • အောင်ပန်းရောက်တော့ ရန်ကုန်က လာကြိုတဲ့ကားသမား ရန်နိုင်စိုးရဲ့ကားနဲ့ ရန်ကုန်အထိ ဆက်လာခဲ့တယ်။ ရန်ကုန်ရောက်တော့ မောင်နိုင်က နောနော် (ရခိုင်လေး) ဆိုသူရဲ့ ဖုန်းနံပါတ်ပေးတယ်။ ဖုန်းဆက်လိုက်တော့ နောနော်က မူးယစ်ဆေးဝါးတွေယူဖို့ ဓညင်းကုန်းလမ်းဆုံမှာချိန်းတယ်။
  • မနက်ရောက်တော့ နောနော်ဆီ မူးယစ်ဆေးဝါးတွေ သွားပို့ခဲ့တယ်။ ကျွန်မတို့နှစ်ယောက် အရင်တစ်ခေါက်ကလည်း လမ်းကြောင်းကြည့်ရင်းနဲ့ မူးယစ်ဆေးဝါးတွေ သယ်ခဲ့ဖူးတယ်။

ရန်ကုန်မြို့ကို ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများကို လက်ခံရန်နှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်ရန် လိုအပ်သည့် စီစဉ်ညွှန်ကြားမှုများကို လုပ်ဆောင်ပေးခဲ့သည့် AA အဖွဲ့မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်ရှိသူ ကျော်မြတ်ဦး () သားသား () ဝေသာထွန်း၏ သူငယ်ချင်းဖြစ်သူ ဦးလှဝင်း () သားကြီး ဝန်ခံထွက်ဆိုမှုမှာ-

  • AA တပ်ဖွဲ့ဝင် ဗိုလ်မှူးကြီးအဆင့်ရှိ ကျော်မြတ်ဦး (ခ) သားသား (ခ) ဝေသာထွန်း ရဲ့ ခိုင်းစေချက်အရ ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကိုပို့မယ့် မူးယစ်ဆေးဝါးတွေကို တာဝန်ယူ ပြီးတော့ ပို့ဆောင်ပေးရပါတယ်။ ဝေသာထွန်းက ကျွန်တော်နဲ့ ငယ်ငယ်တုန်းက အိမ်နီးနားချင်း သူငယ်ချင်းတွေပါ။ ၂၀၂၃ ဩဂုတ်လ ပထမပတ်မှာ ဝေသာထွန်းကနေ ဖုန်းဆက်သွယ်လာပါတယ်။ မူးယစ်ဆေးဝါးတွေရောက်တော့ မယ်ဆိုပြီးတော့  AA အဖွဲ့မှ သူ့တပည့် ဒုဗိုလ် နောနော် ဖုန်းနံပါတ်ပေးပါတယ်။
  • ကျွန်တော်နဲ့ အချိတ်အဆက်ရပြီး ကျွန်တော့်ကားသမားတွေနဲ့ နောနော်ကို ချိတ်ဆက်ပေးလိုက်ပါတယ်။ နောနော်က ဂိုဒေါင်ကိုရောက်တဲ့အချိန်မှာ သူက ကျွန်တော့်ကို ဖုန်းဆက်ပြီး အိုက်စ်မူးယစ်ဆေးဝါး ၂၅ အိတ် ဂိုဒေါင်ထဲရောက်ပြီဆိုပြီး ပြောပါတယ်။
  • ၂၀၂၃ ဩဂုတ်လတတိယအပတ်မှာ ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်းက မူးယစ်ဆေးဝါးတွေ ထပ်ရောက်ဖို့ဆိုပြီးတော့ ဖုန်းဆက်လာပါတယ်။ နောနော်က ကားသမားနဲ့ ပစ္စည်းသွားယူပြီး ဂိုဒေါင်ရောက်တဲ့အချိန်မှာ အိုက်စ်မူးယစ်ဆေးဝါး ၁၆ အိတ် လက်ခံရရှိတယ် ဆိုပြီးတော့ ကျွန်တော့်ကို ဖုန်းပြန်ဆက်ပါတယ်။
  • ဩဂုတ်လ စတုတ္ထအပတ်မှာ ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်းက ကျွန်တော့်ကို ဖုန်းဆက်သွယ်ပြီး ဂိုဒေါင်ကပစ္စည်းတွေကို တနင်္သာရီသင်္ဘောပေါ်ကို ချပေးဖို့ ပြောပါတယ်။ ကျွန်တော်ကမှ ဒုဗိုလ်နောနော်ကို ဖုန်းဆက်ပြီးတော့ ဂိုဒေါင်ထဲက ပစ္စည်းတွေကို ရွှေပြည်သာရှိ မုတ္တမဆိပ်ကမ်းကို ချဖို့အတွက် ဖုန်းဆက်ပါတယ်။ ပစ္စည်းတွေချပေးပြီးမှ ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်းက လူကြုံနဲ့ ကျွန်တော့်ကို ပိုက်ဆံသိန်း ၁၀၀ ပေးခိုင်းပါတယ်။
  • ၂၀၂၃ နိုဝင်ဘာလ ပထမအပတ်မှာ ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်းက မူးယစ်ဆေးဝါးတွေ ထပ်ရောက်မယ်ဆိုပြီး ကားသမားဖုန်းနံပါတ်လည်း ပေးပါတယ်။ ကျွန်တော့်ကားသမားနဲ့ အဆက်အသွယ်တော့ ၉ မိုင် Ocean နားမှာ ပစ္စည်းပေးဖို့ ပြောပါတယ်။ ကျွန်တော် AA အဖွဲ့က ဒုဗိုလ် နောနော်ကို ဖုန်းဆက်ပြီးတော့ ၉ မိုင် Ocean နားကို ခေါ်လိုက်ပါတယ်။ နောနော်ကို ကျွန်တော်အဲ့ဒီမှာ ကား Super Custom ကားတစ်စီးသွားယူလိုက်ဆိုပြီးတော့ နောနော်ကားကို ယူသွားပါတယ်။ အိုက်စ်မူးယစ်ဆေးဝါး ပီနံအိတ် ၅၇ အိတ် ရရှိတယ်ဆိုပြီး ပြောပါတယ်။
  • နိုဝင်ဘာလ ဒုတိယအပတ်မှာ ဒုဗိုလ် နောနော်ကနေပြီးတော့ ပီနံအိတ် ၄၀ လက်ခံ ရရှိကြောင်းကို ကျွန်တော့်ကို ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်းက ပြောပါတယ်။ နောက်တစ်ရက် နှစ်ရက်နေတော့ နောနော်ကနေပြီးတော့ ရွှေပြည်သာစက်မှုဇုန် ကော်မတီကနေပြီးတော့ ဂိုဒေါင်တွေကိုဝင်ပြီး စစ်ဆေးရေးလုပ်မယ့် အကြောင်း ပြောတော့ ကျွန်တော်ကနေ ဝေသာထွန်းကို ဖုန်းဆက်ပြီး အကြောင်းကြားပါတယ်။
  • ကျွန်တော့်ကို ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်းစေခိုင်းတဲ့အတိုင်း သိန်း ၃၂၀ တန်ဖိုးရှိတဲ့ Canter အမျိုးအစား Box ကား အမျိုးအစားတစ်စီးနဲ့ ဘိလပ်မြေ ၄၉ သိန်းဖိုး ဝယ်ယူခဲ့ပြီး အဲဒီပိုက်ဆံတွေကိုတော့ ဝေသာထွန်းက ဖုန်းအဆက်အသွယ်နဲ့ အင်းစိန်ဈေးနားမှာ ငွေသားလာပေးပါတယ်။
  • အခုဝယ်ထားတဲ့ ကားပေါ်ကို အဲဒီမူးယစ်ဆေးဝါးတွေ၊ ဂျပ်ဖာတွေရောက်နေတဲ့ ပစ္စည်းတွေကို တင်လိုက်ပါတယ်။ တင်ခိုင်းပြီးတော့ လမ်းမတော်ဘက်ကို မောင်းခိုင်းခဲ့ပါတယ်။ ကားက ကလပ်မကောင်းတော့ တောင်ဥက္ကလာရဲ့ မေတ္တာလမ်းက ဝပ်ရှော့တစ်ခုမှာ ကလပ်သွားပြင်ပါတယ်။ အဲဒီမှာပဲ ဖမ်းမိသွားပါတယ်။
  • ဒါပေမယ့် နောနော်ရဲ့ ပြောကြားချက်အရတော့ အဲဒီလထဲမှာ သူ ၃ ကြိမ် လက်ခံထားတာ ပီနံအိတ် ၃၈ အိတ် လက်ခံရရှိတယ်လို့ ပြောပါတယ်။
  • နိုဝင်ဘာလ ဒုတိယပတ်မှာ AA အဖွဲ့က ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ ဝေသာထွန်းက  AA အဖွဲ့မှ ဒုဗိုလ် နောနော်တို့နဲ့ ဆက်သွယ်ပြီး အတူလက်တွဲလုပ်ဖို့အတွက်ကို စိုးထွန်းကို လွှတ်လိုက်မယ်ဆိုပြီး ကျွန်တော့်ကို ဖုန်းဆက်သွယ်လာပါတယ်။ စိုးထွန်းကို အိမ်တစ်လုံးငှားပေးဖို့ ကျွန်တော်နဲ့ စိုးထွန်းနဲ့ မြောက်ဒဂုံမှာ သွားရှာပြီး ၃၄ ရပ်ကွက်မှာ တစ်လကို ခြောက်သိန်းခွဲနဲ့ တစ်နှစ်စာချုပ်ချုပ်ဖို့အတွက် ဝေသာထွန်းဆီကနေ ပိုက်ဆံလူကြုံနဲ့ လာပေးပါတယ်။
  • ၂၀၂၂ ဖေဖော်ဝါရီလတုန်းကလည်း ဝေသာထွန်းက မူးယစ်ဆေးဝါးတွေ ရေကြောင်းက သယ်မယ့်အကြောင်းနဲ့ သင်္ဘောဝယ်မယ့်အကြောင်း ဖုန်းဆက်ပြောပါတယ်။ တနင်္သာရီအမည်ရှိ သင်္ဘောတစ်စင်း အဆက်အသွယ်ရပါတယ်။ စက်လှေကတော့ သိန်း ၈၀၀ တောင်းလို့ သူ့အဆက်အသွယ်နဲ့ ကျွန်တော့်ကို ပိုက်ဆံသိန်း ၈၀၀ လာပေးပါတယ်။ ၂၀၂၃ ဩဂုတ်လထဲမှာပဲ ဒီတနင်္သာရီအမည်ရှိ သင်္ဘောနဲ့ ပထမဦးဆုံးအကြိမ် မူးယစ်ဆေးဝါးတစ်ကြိမ်ပို့ပြီးသွားပါပြီ။
  • AA တပ်ဖွဲ့ဝင်တွေ၊ မူးယစ်ဆေးဝါးထားမယ့် ဂိုဒေါင်တွေ၊ ရွှေ့ပြောင်းမယ့် Box ကားတွေ၊ AA တပ်ဖွဲ့ဝင်တွေနေမယ့်အိမ်တွေ၊ သင်္ဘောတွေဝယ်မယ့် ပိုက်ဆံကို ရော၊ ကျွန်တော့်အတွက် အကျိုးဆောင်ခ သိန်း ၁၀၀ ကိုရော AA စီးပွားရေးတာဝန်ခံ ဝေသာထွန်းက ပေးပါတယ်။ ဒီ AA ရဲ့ မူးယစ်ဆေးဝါးရောင်းလို့ရတဲ့ ပိုက်ဆံတွေကိုတော့ သူတို့အဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေ၊ လူတွေစုဆောင်းတယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်။

AA အဖွဲ့မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်ရှိ ကျော်မြတ်ဦး () သားသား () ဝေသာထွန်း၏ တိုက်ရိုက်စေခိုင်းမှုဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် မူးယစ်ဆေးဝါးများကို သွားရောက်ယူဆောင်မှုများနှင့် ရခိုင်ပြည်နယ်သို့ ဆက်လက်ပို့ဆောင်နိုင်ရေးတို့ကို ကိုယ်တိုင်ဆောင်ရွက်ခဲ့သည့် AA အဖွဲ့မှ ဒုတိယဗိုလ်အဆင့်ရှိ ကျော်စိုး () နေလင်းထွန်း () နောနော် ဝန်ခံထွက်ဆိုမှုမှာ-

  • ကျွန်တော် AA တပ်ဖွဲ့ဝင် ကိုယ်ပိုင်အမှတ်၊ ၀၁၀၄ ဒုဗိုလ်အဆင့် ကျော်စိုး(ခ) နေလင်းထွန်း(ခ) နောနော် ဖြစ်ပါတယ်။ AA တပ်ဖွဲ့ဝင် စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်ရှိ သားသား(ခ)ကျော်မြတ်ဦး(ခ)ဝေသာထွန်းက ကျွန်တော့်ကို ရန်ကုန်မှာ မူးယစ်ဆေးဝါးလုပ်ဖို့အတွက် ရွှေပြည်သာမှာ ဂိုဒေါင်တစ်လုံးငှားစေခဲ့ပါတယ်။ ကျွန်တော်တို့ ရွှေပြည်သာမှာ ဂိုဒေါင်ကို တစ်လ ၂၅ သိန်းနဲ့ ငှားပြီးတော့ မူးယစ်ဆေးဝါးတွေကို သိုလှောင်ခဲ့ပါတယ်။ အဲဒီနောက် ရွှေပြည်သာမြို့နယ် မုတ္တမဆိပ်ကမ်းကို သင်္ဘောရောက်တာနဲ့ ဂိုဒေါင်ထဲက မူးယစ်ဆေးဝါးတွေကို သင်္ဘောထဲမှာ ချခဲ့ပါတယ်။ AA စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်းက သန်းဝင်း (ခ) ရန်နိုင် ကတစ်ဆင့် မူးယစ်ဆေးဝါးတွေကို လက်ခံရမယ်လို့ ပြောပါတယ်။
  • ဒညင်းကုန်းလမ်းဆုံမှာ ဩဂုတ်လ ၅ ရက်နေ့က အိုက်စ်မူးယစ်ဆေးဝါး ၁ ကီလိုပါ အထုပ် ၆၂၀ တစ်ကြိမ်၊ ဩဂုတ်လ ၁၅ ရက်က အိုက်စ်မူးယစ်ဆေးဝါး ၁ ကီလိုပါ အထုပ် ၄၀၀ တစ်ကြိမ်၊ နိုဝင်ဘာလ ၁၀ ရက်က မူးယစ်ဆေးဝါးပီနံအိတ် ၄၀ တစ်ကြိမ်၊ နိုဝင်ဘာလ ၂၃ ရက်က ၁ ကီလိုပါ အိုက်စ်မူးယစ်ဆေးဝါး ၁၇၅ ထုပ် ၁ ကြိမ်၊ နိုဝင်ဘာ ၂၄ ရက်က ၁ ကီလိုပါ အိုက်စ်မူးယစ်ဆေးဝါး အထုပ် ၉၀ တစ်ကြိမ်၊ နိုဝင်ဘာ ၂၅ ရက်က ၁ ကီလိုပါ အိုက်စ်မူးယစ်ဆေးဝါး အထုပ် ၆၀၀ တစ်ကြိမ်၊ နိုဝင်ဘာလ ၇ ရက်က ၉ မိုင် Ocean ဟိုတယ် ကားပါကင်မှာ မူးယစ်ဆေးဝါး ၁ ကီလိုပါ အထုပ် ၁၄၀ တစ်ကြိမ်၊ စုစုပေါင်း ခုနစ်ကြိမ် ၁ ကီလိုပါ မူးယစ်ဆေးဝါး အိုက်စ် ၃၀၂၅ ထုပ်နဲ့ မူးယစ်ဆေးဝါး ပီနံအိတ် ၄၀ ကို သွားယူပြီးတော့ ဂိုဒေါင်ထဲမှာ သိုလှောင်ခဲ့ပါတယ်။
  • ဂိုဒေါင်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေကို AA အဖွဲ့မှ ဝေသာထွန်းက ရွှေပြည်သာ မုတ္တမဆိပ်ကမ်းကို ပို့ခိုင်းလို့ ကျွန်တော် ကားတစ်စီးငှားပြီးတော့ ပို့ပေးခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော် ဆိပ်ကမ်းက တနင်္သာရီသင်္ဘောပေါ်မှာရှိတဲ့ စိုးပိုင်(ခ)စိုးစိုးကို ပြောပြီးတော့ မူးယစ်ဆေးဝါး ၅၁ ဖာကို ချပေးခဲ့ပါတယ်။
  • AA အဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်းက ကျွန်တော်တို့ကို ရန်ကုန်မှာ မူးယစ်ဆေးဝါးလုပ်ဖို့အတွက် တိုက်ရိုက်ခိုင်းခဲ့ပါတယ်။ မူးယစ်ဆေးဝါးလုပ်တဲ့ အချိန်မှာ ကျွန်တော်တို့ကို တစ်လသုံးသိန်းပေးပါတယ်။ ကျွန်တော်တို့ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးလုပ်နေတာကို ဗိုလ်ချုပ် ထွန်းမြတ်နိုင်လည်း သိပါတယ်။ သူခိုင်းလို့ လုပ်ရတာပါ။ ကျွန်တော်တို့ AA တပ်ဖွဲ့ဝင်တွေအနေနဲ့ တခြားနိုင်ငံ ဒေသတွေကိုလည်း မူးယစ်ဆေးဝါးပို့ဆောင်တာလည်းရှိပါတယ်။
  • ကျွန်တော်တို့ကို မဖမ်းမိခင်တုန်းက မလေးရှားနိုင်ငံကို ရေကြောင်းကနေပို့မယ့် မူးယစ်ဆေးဝါးတွေ ဖမ်းမိတဲ့သတင်းကိုလည်း ကျွန်တော်တို့ ကြားပါတယ်။ ကျွန်တော်တို့ AA အဖွဲ့က လုပ်ဆောင်တာပါ။ ကျွန်တော်တို့ AA တပ်ဖွဲ့ဝင်အနေနဲ့ မူးယစ်ဆေးဝါး ရောင်းရတဲ့ပိုက်ဆံတွေကို သုံးစွဲနေရတာ စိတ်မလုံပါဘူး။

AA အဖွဲ့မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်ရှိ ကျော်မြတ်ဦး () သားသား () ဝေသာထွန်းမှ မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်မှုများ ပြုလုပ်ရန် တိုက်ရိုက်စေခိုင်းခဲ့သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မူးယစ်ဆေးဝါးများ ကိုယ်တိုင်ပို့ခဲ့သူ AA အဖွဲ့မှ ဒုတိယဗိုလ်အဆင့်ရှိ စိုးထွန်း၏ ဝန်ခံထွက်ဆိုမှုမှာ-

  • ၂၀၁၅၊ ဇန်နဝါရီလမှာ AA ဌာနချုပ်ကို သားသား (ခ) ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်းခေါ်တွေ့ပြီး ကျွန်တော်တို့က မန္တလေးမှာ မူးယစ်ဆေးဝါးလုပ်ရမယ်လို့ပြောပြီး ကျွန်တော်တို့လည်း လိုင်ဇာကနေ မန္တလေးကို မူးယစ်ဆေးဝါးလုပ်ဖို့လာခဲ့ပါတယ်။
  • ကျွန်တော်ရောက်လို့ တစ်ရက်၊ နှစ်ရက်နေပြီးတော့ AA အဖွဲ့က ကျော်မင်းဌေး ရောက်လာတယ်။ အဲဒီမှာနေပြီးမှ နောက်တော့ ၃/၄/၅ လပိုင်းလောက်မှာ အဲဒီမှာ ၁၂ ဘီးကားတွေနဲ့ မူးယစ်ဆေးဝါးတွေရောက်လာပါတယ်။
  • ကျွန်တော်တို့က အဲဒီမှာပါလာတဲ့ မူးယစ်ဆေးတွေကိုဖွင့်ပြီး ဓာတ်ပုံရိုက်ပြီးတော့ we chat က သားသား (ခ) ဗိုလ်မှူးကြီး ဝေသာထွန်းကို ပြရပါတယ်။ ကျွန်တော်တို့ဆီကို ရောက်လာတော့ ၁၂ ဘီးကားတွေနဲ့ပါ။ တစ်ခါတစ်ခါတော့ ဆီဘောက်ဆာကားတို့ (4 wheel) ကားတို့ အဲဒီလိုကားတွေနဲ့ လာကြပါတယ်။
  • ကျွန်တော်တို့က ၂၀၁၅/၂၀၁၆ လောက်မှာ တစ်လတစ်ကြိမ်၊ နှစ်လတစ်ကြိမ် လောက်ပေါ့နော် အဲမှာအထုပ် ၂၀ လောက် အရင်ရောက်ပါတယ်။ အရင် ရောက်တော့ ကျွန်တော်တို့ အဲဒီဂိုဒေါင်မှာ သိုလှောင်ထားခဲ့ပါတယ်။
  • သားသား (ခ) ဗိုလ်မှူးကြီး ဝေသာထွန်းစေခိုင်းချက်အရ ရခိုင်က မြောက်ဦးတို့၊ ကျောက်တော်တို့၊ စစ်တွေတို့ကို ကုန်တင်ကားတွေနဲ့ ပို့ရတာရှိပါတယ်။
  • ကျွန်တော်က ၂၀၁၉ မှာ ဒုဗိုလ်ရာထူးတိုးခံရပြီးတော့ ၂၀၂၀ လောက်မှာ ကျွန်တော် ရခိုင်မြောက်ပိုင်းကို သားသား (ခ) ဗိုလ်မှူးကြီး ဝေသာထွန်းစေခိုင်းချက်အရ သွားရပြီး ကိုအောင်ကြီးတို့၊ ကိုနိုင် ရှည်တို့၊ ကိုပုတို့နဲ့ ပူးပေါင်းပြီးလုပ်ကိုင်ခဲ့ရပါတယ်။
  • အဲဒီမှာ ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဆိုင်ကယ်ကယ်ရီနဲ့ မူးယစ် ဆေးဝါးကိုပို့ရပါတယ်။ တစ်ခါပို့ရင် အချောင်း ၂၀၊ ၃၀ လောက်ရှိပါတယ်၊ အဲဒီ ရခိုင်မှာ မောင်တောမြောက်ပိုင်းမှာနေတုန်းက ဘင်္ဂလားဒေ့ရှ်ကို မူးယစ်ဆေးဝါးပို့တဲ့လုပ်ငန်း တစ်နှစ်လောက် လုပ်ခဲ့ပါတယ်။
  • တစ်နှစ်လောက်လုပ်ပြီးတော့ နိုဝင်ဘာလလောက်မှာ သားသား (ခ) ဗိုလ်မှူးကြီး  ဝေသာထွန်းက ကျွန်တော့်ကိုဖုန်းဆက်ပြီးတော့ ရန်ကုန်ကို မူးယစ်ဆေးဝါးလုပ်ရမယ် ဆိုပြီးတော့ ပြောလာပါတယ်။
  • ရန်ကုန်ရောက်တော့ ကနောင်မင်းသားကြီးလမ်း၊ ဇုန် ၁ က ဒုဗိုလ် နောနော်တို့ နေတဲ့ အဲဒီဂိုဒေါင်မှာ ဒုဗိုလ်ထွန်းလင်းရယ်၊ ဒုဗိုလ် နောနော်ရယ်၊ ကျွန်တော်ရယ် သုံးယောက်နေခဲ့ပါတယ်။
  • ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဒုဗိုလ် နောနော်က အငှားယာဉ်နဲ့ သွားပြီးတော့ မူးယစ်ဆေးဝါး အိုက်စ် ၁ ကီလို ၂၀ ထုပ်ပါ ပီနံအိတ် သုံးအိတ်၊ ၁၅ ထုပ်ပါ တစ်အိတ်၊ ၇၅ ထုပ်ကို ဂိုဒေါင်ထဲရောက်တယ်။ အဲဒါကို ဂိုဒေါင်ထဲမှာ ထည့်ပြီးတော့ စက္ကူဖာတွေနဲ့ တိပ်တွေနဲ့ပတ်ပြီး နောနော်ရယ်၊ ဗိုလ်ထွန်းလင်းရယ်၊ ကျွန်တော်ရယ် သုံးယောက်ပေါင်းပြီးတော့ ထုပ်ကြပါတယ်။
  • ကျွန်တော့်ကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ နောနော်က ပုလဲလမ်းဆုံက လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ထားခဲ့ပါတယ်။ သူကတော့ မူးယစ်ဆေးဝါးကို ကားတစ်စီးနဲ့ ဂိုဒေါင်မှာချတယ်၊ ချပြီးတော့မှ ကျွန်တော့်ကို အဲဒီကားနဲ့ လာခေါ်ပါတယ်၊ လာခေါ်ပြီးတော့မှ ဘူတာကိုရောက်တယ်၊ ဘူတာရောက် ပြီးတော့ နောနော်ရယ်၊ ဗိုလ်ထွန်းလင်းရယ်၊ ကျွန်တော်ရယ် ၁ ကီလိုပါ ၂၀ ထုပ် အထုပ် ၆၀၀ ပေါ့နော်၊ စက္ကူတွေနဲ့ လိပ်ပြီးတော့ ဂိုဒေါင်မှာ သိမ်းခဲ့ပါတယ်။
  • ဒုဗိုလ်နောနော်ကို ပစ္စည်းလာပို့တဲ့ကားက ဖုန်းဆက်ပါတယ်၊ ပစ္စည်းရောက်နေပြီ အစ်ကိုတို့လာယူ၊ အဲဒီမှာကျွန်တော်တို့က Alphard ကားနဲ့ သွားပြီးယူပါတယ်၊ ၁၄ လမ်းဆုံရောက်တော့ ကျွန်တော်တို့ ကားပေါ်က ဆင်းတာနဲ့ အဖမ်းခံခဲ့ရပါတယ်။
  • ကျွန်တော်တို့ ဒီမူးယစ်ဆေးဝါးကို အဓိကကြိုးကိုင်ပြီး လုပ်နေတာက စီးပွားရေးတာဝန်ခံစစ်ရုံးချုပ်က သားသား (ခ) ဗိုလ်မှူးကြီး ဝေသာထွန်းပါ၊ ကျွန်တော်တို့ ဒီလိုမူးယစ်ဆေးဝါးတွေလုပ်နေတာကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်လည်း မသိတာတော့မရှိပါဘူး။ သူကတော့သိလောက်ပါတယ်။
  • ကျွန်တော်တို့က လုပ်တာတော့ လုပ်ပြီးသွားပြီ၊ ဒါပေမယ့် နောင်တတော့ရတာပေါ့။ ညွှန်ကြားတဲ့အတိုင်း လုပ်ရတာပေါ့။ ကျွန်တော်တို့လည်း မလုပ်ချင်ပါဘူး။

ရန်ကုန်မြို့မှ စစ်တွေမြို့သို့ မူးယစ်ဆေးဝါးများကို ရေလမ်းမှ သယ်ဆောင်ပေးခဲ့ကြသည့် AA အဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိ ကျော်ဟန်() ဆံရှည်၏ ဝန်ခံထွက်ဆိုမှုမှာ-

  • ကျွန်တော် AA 0287 တပ်ကြပ်ကြီး ကျော်ဟန်သည် AA တပ်ဖွဲ့ဝင် တစ်ယောက်ဖြစ်ပါတယ်။ မြန်မာတပ်မတော်စစ်ကြောင်းနဲ့ ထိပ်တိုက်တိုက်စစ်ဖြစ်ပြီး ကျွန်တော်တို့ဘက်က တပ်သားရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ကျွန်တော်တို့လည်း ဘာမှန်းမသိလို့ ထွက်ပြေးခဲ့တယ်။ ပေါက်တောမြို့နယ်ဘက်မှာ တိမ်းရှောင်နေရင်း ၂၀၂၁ မှာ ကိုအောင်ဆန်းဦးဆိုတဲ့လူက ကျွန်တော်စီကို အဆက်အသွယ်လုပ်ပြီးတော့ အလုပ် လုပ်ချင်လားလို့မေးတယ်။ AA က ကုန်ပစ္စည်းပို့တဲ့ သင်္ဘောစီးရမယ်ဆိုပြီးတော့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်လည်း လုပ်မယ်ဆိုတော့ ကျွန်တော့ကို ပိုက်ဆံ နှစ်သိန်းပေးပြီး ရန်ကုန်ကိုလွှတ်တယ်။
  • ကျွန်တော် ရန်ကုန်ကိုရောက်လာတော့ ဆိပ်ကြီး-ခနောင်တိုဘက် တနင်္သာရီ(၁) သင်္ဘောကို ပို့ပေးခဲ့တယ်။ ကျွန်တော်တို့ အဲဒီသင်္ဘောနဲ့ ကုန်ပို့တဲ့အခါ ရန်ကုန်နဲ့ စစ်တွေ နောက်ဆုံးပို့တဲ့ထဲမှာတော့ ဘိလပ်မြေ ၇,၀၀၀၊ ဆန်အိတ် ၄၆၀ ပြီးတော့ မူးယစ်ဆေးဝါးဖာ ၅၁ ဖာပေါ့ အဲဒီကို ချတယ်။ စစ်တွေရောက်တော့ ရေထဲမှာ မော်တော်ဘုတ်တွေနဲ့၊ ပဲ့ထောင်တွေနဲ့ပဲ AA အဖွဲ့တွေက လာယူသွားကြတယ်။ မူးယစ်ဆေးဝါးနဲ့ ကုန်ပစ္စည်းတွေကတော့ AA ရဲ့ ကုန်ပစ္စည်းတွေဖြစ်တယ်။

ရန်ကုန်မြို့မှ စစ်တွေမြို့သို့ မူးယစ်ဆေးဝါးများကို ရေလမ်းမှ သယ်ဆောင်ပေးခဲ့ကြသည့် ပဲ့ထိန်း စိုးပိုင်()စိုးစိုး ဝန်ခံထွက်ဆိုမှုမှာ-

  • ၂၀၂၂ ၊ ၄ လပိုင်းလောက်မှာမှ စပြီးတော့ ကိုသားကြီးကနေပြီးတော့ ကျွန်တော့်ကို ရန်ကုန်မှာအလုပ်လုပ်ဖို့ဆိုပြီး သင်္ဘောမောင်းဖို့ဆိုပြီး ကျွန်တော့်ကို ဆက်သွယ်လာပြီးတော့ ကျွန်တော် ရန်ကုန်ကို ၅ လ ပိုင်းထဲမှာရောက်လာပါတယ်။
  • တနင်္သာရီ (၁) သင်္ဘောနဲ့ ကျွန်တော် ရန်ကုန်နဲ့စစ်တွေခရီးစဉ် စုစုပေါင်း ခုနစ်ခေါက် သွားပြီးပါပြီ။ ၆ ကြိမ်အထိ ဘိလပ်မြေအိတ် ၅၀၀၀ တင်ပြီးတော့ ရန်ကုန် - စစ်တွေ သွားခဲ့ပါတယ်။
  • ခုနစ်ခေါက်မြောက်သွားတဲ့အခါမှာတော့ ရွှေပြည်သာဆိပ်ကမ်းကနေပြီးတော့ ဆန်အိတ် ၄၆၀ တင်ပါတယ်။ ရွှေပြည်သာဆိပ်ကမ်းရဲ့အနီး မိဘမေတ္တာဆိပ်ကမ်းကနေပြီးတော့ နောက်ထပ် ဘိလပ်မြေတွေတင်ပါတယ်။ ဘိလပ်မြေတွေတင်ပြီးတော့ ဂျပ်ဖာ ၅၁ ဖာကိုပါ အဲဒီဆိပ်ကမ်းကနေပဲ တင်လာပါတယ်။
  • ဂျပ်ဖာတင်မယ့်အချိန်မှာတော့ ကိုသားကြီးက ကျွန်တော့်ကို ဆက်သွယ်ပြီးတော့ ဒီဂျပ်ဖာလေးတွေက နည်းနည်းအရေးကြီးတယ်။ ဒီဂျပ်ဖာလေးတွေ နည်းနည်း ဂရုစိုက်ပါ။ ဂျပ်ဖာလေးတွေ လာပို့မယ့်တစ်ယောက်ကို ကျွန်တော့်ဖုန်းနံပါတ် ပေးထားတယ်။ သူဆက်သွယ်လာလိမ့်မယ် ဆိုပြီး ကျွန်တော့်ကို ပြောပါတယ်။
  • နောနော် ဆိုတဲ့တစ်ယောက် ကျွန်တော့်ကို ဆက်သွယ်လာပြီးတော့ ဂျပ်ဖာ ၅၁ ဖာကို Hijet နဲ့ ပို့ပေးသွားပါတယ်။ ဒီခရီးစဉ်ပြီးလို့ရှိရင် ကိုသားကြီးကတော့ ကျွန်တော့်ကို ပိုက်ဆံသိန်း ၅၀ ပေးမယ်လို့တော့ ပြောပါတယ်။
  • စစ်တွေကနေပြီးတော့ ဒီပစ္စည်းတွေကို ကျွန်တော်ထင်တာကတော့ နယ်စပ်ကနေတစ်ဆင့် တစ်ဖက်နိုင်ငံတွေကို ပို့မယ်လို့ထင်ပါတယ်။ နယ်စပ်ဘက်တွေမှာလည်း မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့ သတင်းမျိုးတွေကြားဖူးပါတယ်။ AA အနေနဲ့လည်း မူးယစ်ဆေးဝါးကရတဲ့ငွေတွေနဲ့ ရခိုင်လူငယ်တွေကို လက်နက်ခဲယမ်းတွေအတွက် အသုံးမပြုသင့်ဘူးလို့တော့ထင်ပါတယ်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၂-၂၀၂၄)

 

  • AA အဖွဲ့သည် ၎င်းတို့အဖွဲ့ရပ်တည်နိုင်ရေးနှင့် လက်နက်ခဲယမ်းဖြည့်တင်းနိုင်ရေးအတွက် ရှမ်းပြည်နယ်အတွင်းရှိ UWSA MNDAA SSPP TNLA အဖွဲ့များမှ ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများကို ရခိုင်ပြည်နယ်မှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချပြီး မူးယစ်ဆေးဝါးကုန်သွယ်မှုကို အကြီးအကျယ်လုပ်ကိုင်နေသည့် အဖွဲ့ဖြစ်ကြောင်း ဖမ်းဆီးရမိသူများ၏ ဖော်ထုတ်ဝန်ခံချက်များအရ သိရှိရ။
  • မအိအိခင်() မအိ ဝန်ခံထွက်ဆိုချက်များမှာ ကျွန်မနဲ့ နန်းရွှေဖြူတို့ လားရှိုးမှာ မောင်နိုင်ဆိုတဲ့လူနဲ့ တွေ့ဆုံပြီး သူ့ဆီက သိန်း ၁၀၀ ယူပြီးတော့ မူးယစ်ဆေးသယ်ဆောင်ပေးတဲ့အလုပ်ကို လက်ခံခဲ့ပါတယ်။ မူးယစ်ဆေးဝါးတွေေကို နမ်ပေါင်လမ်းက မိုင်းရယ်-နမ်ပေါင်-အင်တော-ကျောက်ဂူ-ရပ်စောက်-အောင်ပန်းမှ ရန်ကုန်အထိ သယ်လာခဲ့တယ်။ ရန်ကုန်ရောက်တော့ မောင်နိုင်က နောနော် (ရခိုင်လေး) ဆိုသူရဲ့ ဖုန်းနံပါတ်ပေးတယ်။ နောနော်ဆီ မူးယစ်ဆေးဝါးတွေ သွားပို့ခဲ့တယ်။
  • ဦးလှဝင်း၏ ထွက်ဆိုချက်များမှာ AA တပ်ဖွဲ့ဝင် ဗိုလ်မှူးကြီးအဆင့်ရှိ ကျော်မြတ်ဦး () သားသား () ဝေသာထွန်းရဲ့ ခိုင်းစေချက်အရ ရန်ကုန်ကနေ ရခိုင်ပြည်နယ် ကိုပို့မယ့် မူးယစ်ဆေးဝါးတွေကို တာဝန်ယူပြီးတော့ ပို့ဆောင်ပေးရပါတယ်။ နောနော်ကို ချိတ်ဆက်ပေးလိုက်ပါတယ်။ ၂၀၂၃ ဩဂုတ်လတတိယအပတ်မှာ ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်းက မူးယစ်ဆေးဝါးတွေ ထပ်ရောက်ဖို့ဆိုပြီးတော့ ဖုန်းဆက်လာပါတယ်။ နောနော်က ကားသမားနဲ့ ပစ္စည်းသွားယူပြီး ဂိုဒေါင် ရောက်တဲ့အချိန်မှာ အိုက်စ်မူးယစ်ဆေးဝါး ၁၆ အိတ် လက်ခံရရှိတယ် ဆိုပြီးတော့ ကျွန်တော့်ကို ဖုန်းပြန်ဆက်ပါတယ်။ ၂၀၂၃ နိုဝင်ဘာလ ပထမအပတ်မှာ ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်းက မူးယစ်ဆေးဝါးတွေ ထပ်ရောက်မယ်ဆိုပြီး ကားသမားဖုန်းနံပါတ်လည်း ပေးပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ်မှာ ဒုဗိုလ် နောနော်ကနေပြီးတော့ ပီနံအိတ် ၄၀ လက်ခံ ရရှိကြောင်းကို ကျွန်တော့်ကို ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်းက ပြောပါတယ်။ ကျွန်တော့်ကို ဗိုလ်မှူးကြီး အဆင့်ရှိ ဝေသာထွန်း စေခိုင်းတဲ့အတိုင်း သိန်း ၃၂၀ တန်ဖိုးရှိတဲ့ Canter အမျိုး အစား Box ကား အမျိုးအစားတစ်စီးနဲ့ ဘိလပ်မြေ ၄၉ သိန်းဖိုး ဝယ်ယူခဲ့ပြီး အဲဒီပိုက်ဆံတွေကိုတော့ ဝေသာထွန်းက ဖုန်းအဆက်အသွယ်နဲ့ အင်းစိန်ဈေးနားမှာ ငွေသားလာပေးပါတယ်။ ကျွန်တော့်အတွက် အကျိုးဆောင်ခ သိန်း ၁၀၀ ကိုရော AA စီးပွားရေး တာဝန်ခံ ဝေသာထွန်းက ပေးပါတယ်။ ဒီ AA ရဲ့ မူးယစ်ဆေးဝါး ရောင်းလို့ရတဲ့ ပိုက်ဆံတွေကိုတော့ သူတို့အဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေ၊ လူတွေ စုဆောင်းတယ်။
  • နောနော်၏ ဝန်ခံထွက်ဆိုချက်များမှာ AA တပ်ဖွဲ့ဝင် ကိုယ်ပိုင်အမှတ်၊ ၀၁၀၄ ဒုဗိုလ်အဆင့် ကျော်စိုး() နေလင်းထွန်း() နောနော် ဖြစ်ပါတယ်။ AA တပ်ဖွဲ့ဝင် စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်ရှိ သားသား()ကျော်မြတ်ဦး() ဝေသာ ထွန်းက ကျွန်တော့်ကို ရန်ကုန်မှာ မူးယစ်ဆေးဝါးလုပ်ဖို့အတွက် ရွှေပြည်သာမှာ ဂိုဒေါင်တစ်လုံးငှားစေခဲ့ပါတယ်။ AA စီးပွားရေးတာဝန်ခံ ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်းက သန်းဝင်း () ရန်နိုင် ကတစ်ဆင့် မူးယစ်ဆေးဝါးတွေကို လက်ခံ ရမယ်လို့ ပြောပါတယ်။ ဂိုဒေါင်မှာရှိတဲ့ မူးယစ်ဆေးဝါးတွေကို AA အဖွဲ့မှ ဝေသာထွန်းက ရွှေပြည်သာ မုတ္တမဆိပ်ကမ်းကို ပို့ခိုင်းလို့ ကျွန်တော် ကားတစ်စီး ငှားပြီးတော့ ပို့ပေးခဲ့ပါတယ်။ ကျွန်တော် ဆိပ်ကမ်းက တနင်္သာရီသင်္ဘော ပေါ်မှာရှိတဲ့ စိုးပိုင်()စိုးစိုးကို ပြောပြီးတော့ မူးယစ်ဆေးဝါး ၅၁ ဖာကို ချပေးခဲ့ပါတယ်။ AA အဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်းက ကျွန်တော်တို့ကို ရန်ကုန်မှာ မူးယစ်ဆေးဝါးလုပ်ဖို့အတွက် တိုက်ရိုက်ခိုင်းခဲ့ပါတယ်။ မူးယစ်ဆေး ဝါးလုပ်တဲ့အချိန်မှာ ကျွန်တော်တို့ကို တစ်လသုံးသိန်းပေးပါတယ်။ ကျွန်တော်တို့ AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးလုပ်နေတာကို ဗိုလ်ချုပ် ထွန်းမြတ်နိုင်လည်း သိပါတယ်။ AA တပ်ဖွဲ့ဝင်တွေအနေနဲ့ တခြားနိုင်ငံဒေသတွေကိုလည်း မူးယစ်ဆေးဝါးပို့ဆောင် တာလည်းရှိပါတယ်။
  • AA အဖွဲ့မှ ဒုတိယဗိုလ်အဆင့်ရှိ စိုးထွန်း၏ ဝန်ခံထွက်ဆိုချက်များမှာ ၂၀၁၅၊ ဇန်နဝါရီလမှာ AA ဌာနချုပ်ကို သားသား () ဗိုလ်မှူးကြီးအဆင့်ရှိ ဝေသာထွန်း ခေါ်တွေ့ပြီး ကျွန်တော်တို့က မန္တလေးမှာ မူးယစ်ဆေးဝါးလုပ်ရမယ်လို့ပြောပြီး ကျွန်တော်တို့လည်း လိုင်ဇာကနေ မန္တလေးကို မူးယစ်ဆေးဝါးလုပ်ဖို့ လာခဲ့ပါတယ်။ မူးယစ်ဆေးတွေကိုဖွင့်ပြီး ဓာတ်ပုံရိုက်ပြီးတော့ we chat က သားသား () ဗိုလ်မှူးကြီး ဝေသာထွန်းကို ပြရပါတယ်။ သားသား () ဗိုလ်မှူးကြီး ဝေသာထွန်း စေခိုင်းချက်အရ ရခိုင်က မြောက်ဦးတို့၊ ကျောက်တော်တို့၊ စစ်တွေတို့ကို ကုန်တင် ကားတွေနဲ့ ပို့ရတာရှိပါတယ်။ ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဆိုင်ကယ် ကယ်ရီနဲ့ မူးယစ်ဆေးဝါးကိုပို့ရပါတယ်။ တစ်ခါပို့ရင် အချောင်း ၂၀၊ ၃၀ လောက် ရှိပါတယ်၊ နိုဝင်ဘာလလောက်မှာ သားသား () ဗိုလ်မှူးကြီး  ဝေသာထွန်းက ကျွန်တော့်ကိုဖုန်းဆက်ပြီးတော့ ရန်ကုန်ကို မူးယစ်ဆေးဝါး လုပ်ရမယ် ဆိုပြီးတော့ ပြောလာပါတယ်။ ဒီမူးယစ်ဆေးဝါးကို အဓိကကြိုးကိုင်ပြီး လုပ်နေတာက စီးပွားရေး တာဝန်ခံစစ်ရုံးချုပ်က သားသား () ဗိုလ်မှူးကြီး ဝေသာထွန်းပါ၊ ကျွန်တော်တို့ ဒီလိုမူးယစ်ဆေးဝါးတွေလုပ်နေတာကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်လည်း မသိတာ တော့မရှိပါဘူး။
  •  AA အဖွဲ့မှ တပ်ကြပ်ကြီး အဆင့်ရှိ ကျော်ဟန်၏ ဝန်ခံထွက်ဆိုချက်များမှာ ကျွန်တော် AA 0287 တပ်ကြပ်ကြီး ကျော်ဟန်သည် AAတပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်ပါတယ်။ AA က ကုန်ပစ္စည်းပို့တဲ့ သင်္ဘောစီးရမယ်ဆိုပြီးတော့ ကျွန်တော့်ကို ပြောတယ်။ ကျွန်တော်လည်း လုပ်မယ်ဆိုတော့ ကျွန်တော့ကို ပိုက်ဆံ နှစ်သိန်း ပေးပြီး ရန်ကုန်ကိုလွှတ်တယ်။ တနင်္သာရီ() သင်္ဘောနဲ့ ကုန်ပို့တဲ့အခါ ရန်ကုန်နဲ့ စစ်တွေ နောက်ဆုံးပို့တဲ့ထဲမှာတော့ ဘိလပ်မြေ ,၀၀၀၊ ဆန်အိတ် ၄၆၀ ပြီးတော့ မူးယစ်ဆေးဝါးဖာ ၅၁ ဖာပေါ့ အဲဒီကို ချတယ်။ စစ်တွေရောက်တော့ ရေထဲမှာ မော်တော်ဘုတ်တွေနဲ့၊ ပဲ့ထောင်တွေနဲ့ပဲ AA အဖွဲ့တွေက လာယူသွားကြတယ်။ မူးယစ်ဆေးဝါးနဲ့ ကုန်ပစ္စည်းတွေကတော့ AA ရဲ့ ကုန်ပစ္စည်းတွေဖြစ်တယ်။
  • စိုးပိုင်()စိုးစိုး၏ ဝန်ခံထွက်ဆိုချက်များမှာ ၂၀၂၂ လပိုင်းလောက်မှာမှ စပြီးတော့ ကိုသားကြီးကနေပြီးတော့ ကျွန်တော့်ကို ရန်ကုန်မှာအလုပ်လုပ်ဖို့ဆိုပြီး သင်္ဘောမောင်းဖို့ဆိုပြီး ကျွန်တော့်ကို ဆက်သွယ် လာပြီးတော့ ကျွန်တော် ရန်ကုန်ကို ပိုင်းထဲမှာရောက်လာပါတယ်။ ဂျပ်ဖာတင်မယ့်အချိန်မှာတော့ ကိုသားကြီးက ကျွန်တော့်ကို ဆက်သွယ်ပြီးတော့ ဒီဂျပ်ဖာလေးတွေက နည်းနည်း အရေးကြီးတယ်။ ဒီဂျပ်ဖာလေးတွေ နည်းနည်းဂရုစိုက်ပါ။ ဂျပ်ဖာလေးတွေ လာပို့မယ့်တစ်ယောက်ကို ကျွန်တော့်ဖုန်းနံပါတ် ပေးထားတယ်။ နောနော် ဆိုတဲ့တစ်ယောက် ကျွန်တော့်ကို ဆက်သွယ်လာပြီးတော့ ဂျပ်ဖာ ၅၁ ဖာကို Hijet နဲ့ ပို့ပေးသွားပါတယ်။ ဒီခရီးစဉ်ပြီးလို့ရှိရင် ကိုသားကြီးကတော့ ကျွန်တော့်ကို ပိုက်ဆံ သိန်း ၅၀ ပေးမယ်လို့တော့ ပြောပါတယ်။

Add new comment