နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာပါကောက်နုတ်ချက်များမှာ-

  • ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင်များသည် ပြည်မနှင့်အတူပူးပေါင်း၍ လွတ်လပ်ရေးအရယူမည့် သဘောတူဆုံးဖြတ်ချက်များကို ဆုံးဖြတ်ချမှတ်နိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်နေ့အဖြစ် ကျင်းပပြုလုပ်လာခဲ့သည်မှာ (၇၇) နှစ်တိုင်ခဲ့ပြီဖြစ်။
  • မိမိတို့နိုင်ငံ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိတ်က တွေ့ကြုံခဲ့ရသည့်ဖြစ်စဉ်များကို သင်ခန်းစာယူပြီး လမ်းကြောင်းမှန်ပေါ်တွင် တက်ညီလက်ညီ လျှောက်လှမ်းရတော့မည့် အချိန်အခါရောက်နေပြီဖြစ်။
  • ကိုလိုနီလက်အောက်တွင် ဖိနှိပ်အုပ်ချုပ်မှုကို ရှမ်းတိုင်းရင်းသားများအပါအဝင် နိုင်ငံနှင့်အဝန်း တိုင်းရင်းသားပြည်သူအားလုံးက မျိုးချစ်စိတ်ဓာတ်ဖြင့် အသက်သွေးချွေးများစွာ ပေးဆပ်တိုက်ပွဲဝင်ပြီး လွတ်လပ်ရေးကို ရယူနိုင်ခဲ့သော်လည်း သွေးခွဲအုပ်ချုပ်သည့်အမွေဆိုးကြောင့် ပြည်ထောင်စုအတွင်း တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပြိုကွဲကာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ယနေ့အထိဖြစ်ပွားလျက်ရှိသည်မှာ သတိထားသင့်သည့်အချက်ဖြစ်။
  • ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖော်ဆောင်နေခြင်း၊ တိုက်ပွဲများဖြစ်နေခြင်း၊ ဆူပူအကြမ်းဖက်ဖျက်ဆီးနှောင့်ယှက်တိုက်ခိုက်နေခြင်းများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဒုက္ခများစွာခံစားခဲ့ရ။
  • အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့အကျိုးစီးပွားကိုသာ ဦးတည်ဆောင်ရွက်နေရုံသာမက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ စေတီပုထိုးများအပါအဝင် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ အဆောက်အဦစသည်တို့ကိုပါ ဖျက်ဆီးခြင်းများမှာ လွန်စွာအကျည်းတန်အရုပ်ဆိုးပြီး ဒေသခံ ပြည်သူများ ဆင်းရဲဒုက္ခများစွာ ဖြစ်ပေါ်စေလျက်ရှိ။
  • သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးဖြစ်ထွန်းလာအောင် အလေးအနက်ထား စဉ်းစားဆောင်ရွက်သင့်သည့် အချိန်ကာလဖြစ်ပြီး နောက်ကျလျှင် နောက်ကျသလောက် အကျိုးယုတ်နိုင်သဖြင့် နိုင်ငံအတွက် အန္တရာယ်ရှိသည်ကို သတိပြုကြရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးတိုက်တွန်းပြောကြားခဲ့။

နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ခိုက်ဖျက်ဆီးမှုများအားလုံးသည် နိုင်ငံပြိုကွဲပျက်စီးရေးနှင့် တိုင်းရင်းသားပြည်သူအားလုံး အတိဒုက္ခရောက်ရေးကိုသာ ဦးတည်နေသဖြင့် သက်ဆိုင်သူအားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့်ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးကြရန်နှင့် ရှမ်း ပြည်နယ်တစ်ခုလုံး အေးချမ်းသာယာ၍ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ကာ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရန် ဆန္ဒပြုတိုက်တွန်းလျက် သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၂-၂၀၂၄)

 

  • မိမိတို့နိုင်ငံ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိတ်က တွေ့ကြုံခဲ့ရသည့်ဖြစ်စဉ်များကို သင်ခန်းစာယူပြီး လမ်းကြောင်းမှန်ပေါ်တွင် တက်ညီလက်ညီ လျှောက်လှမ်းရတော့မည့် အချိန်အခါရောက်နေပြီဖြစ်။
  • ရှမ်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ဖော်ဆောင်နေခြင်း၊ တိုက်ပွဲများဖြစ်နေခြင်း၊ ဆူပူအကြမ်းဖက် ဖျက်ဆီးနှောင့်ယှက် တိုက်ခိုက်နေခြင်းများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဒုက္ခများစွာခံစားခဲ့ရ။
  • အကြမ်းဖက်သောင်းကျန်းသူများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် စေတီပုထိုးများအပါအဝင် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ အဆောက်အဦစသည်တို့ကိုပါ ဖျက်ဆီးခြင်းများမှာ လွန်စွာအကျည်းတန်အရုပ်ဆိုးပြီး ဒေသခံပြည်သူများ ဆင်းရဲဒုက္ခများစွာ ဖြစ်ပေါ်စေလျက်ရှိ။
  • သက်ဆိုင်သူအားလုံးက မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် နိုင်ငံနှင့် ပြည်သူကို ကာကွယ်စောင့်ရှောက်ပေးကြရန်၊ ရှမ်းပြည်နယ်တစ်ခုလုံး အေးချမ်းသာယာ၍ ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ကာ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားစေရန် ဆန္ဒပြုတိုက်တွန်း။

Add new comment