ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

       လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည်  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ဖေဖော်ဝါရီလ ၆ ရက်တွင် နေပြည်တော်ရှိ  အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့်  UNDP-UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့မှု၊ ယင်း MoU မူဘောင်အရ UNDP-UNHCR တို့အကြား ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း သတ်မှတ်ထားသည့်ဒေသများ၌ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေ၊ အဆိုပြုထားသည့် ဒေသများ၌ စီမံချက်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် အခြားသောဆက်စပ်ဌာနများနှင့် ညှိနှိုင်းစီမံဆောင်ရွက်ထားရှိမှု၊ မိမိတို့၏ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ မဖြစ်မြောက်စေရေးအတွက် ဟန့်တားနှောင့်ယှက်နေမှုများအပေါ် UNHCR မှ နားလည်သိရှိနိုင်ရေးအခြေအနေ၊ လက်ရှိနယ်မြေဒေသ လုံခြုံရေးအခြေအနေအရလုပ်ငန်းများ ဆောင်ရွက်ရန် အကန့်အသတ်ရှိမှုနှင့် ဆောင်ရွက်နိုင်သည့်လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအခြေအနေ၊ UNHCR ၏ ဒေသခန့်ဝန်ထမ်းများ ခန့်အပ်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနသို့ အသိပေးတင်ပြနိုင်ရေးအခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၂-၂၀၂၄)

 

  • ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏  မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်များတွင် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့်  UNDP-UNHCR တို့အကြား သုံးပွင့်ဆိုင် နားလည်မှုစာချွန်လွှာ (MoU) မူဘောင်အရ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့။

Add new comment