ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

       ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid ကို ဖေဖော်ဝါရီလ ၅ ရက်တွင် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင် ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi တို့အား ဖေဖော်ဝါရီလ ၆ ရက်တွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးအပါအဝင် မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
  • ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ UNHCR က လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် မြန်မာနိုင်ငံနှင့် UNHCR အကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် UNOCHA ရုံး ၏ ဒုတိယအကြီးအကဲများဖြစ်သည့် Ms. Danielle Parry နှင့် Ms. Kyoko Ono၊ ICRC ဒုတိယဌာနေကိုယ်စားလှယ် Mr. Christophe Ami Leon Taramarcaz တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၂-၂၀၂၄)

 

  • ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂဆိုင်ရာအဖွဲ့ အစည်းများမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့ပြီး သွားရောက်ရန် ခက်ခဲ သည့်နေရာဒေသများရှိ အကူအညီလိုအပ်သည့် ပြည်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နိုင်ရေး၊ မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် UNHCR အကြား အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment