တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ဆီဆိုင်မြို့တွင် တပ်မတော်မှ လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီး အဆောက်အဦအချို့ပျက်စီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေသည့် နေရာများသို့ PDF အကြမ်းဖက်သမားများက Drone များအသုံးပြု၍ drop ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အဆိုပါဘာသာရေးအဆောက်အဦအချို့ကို ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ DVB TV News မှ တင်ထားသော ဒီးမော့ဆိုမြို့နယ်အတွင်းသို့ တပ်မတော်မှ လေကြောင်းအသုံးပြု ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ်အချို့သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ဟူသည့်သတင်းသည် သတင်းအတုဖြစ်ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ တပ်မတော်မှ ဒီးမော့ဆိုမြို့နယ် အတွင်းသို့ လေကြောင်းပျံသန်းမှုမရှိခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ RFA Burmese မှ တင်ထားသော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံဖန်တီးထားသော သတင်းအမှားများဖြစ်ပြီး သတင်းအမှန်မှာ AA လက်နက်ကိုင်သောင်းကျန်းသူ များက စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများနေထိုင်ရာ အဆောက်အဦများနှင့် ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူတိုက်ခိုက်လျက်ရှိသည့်အပြင် ဆုတ်ခွာထွက်ပြေးချိန်များတွင် လုံခြုံရေးတပ်ဖွဲ့များ လိုက်ပါတိုက်ခိုက်မှုမရှိစေရန် နေအိမ်များကို မီးရှို့ခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ RFA Burmese မှ တင်ထားသော ဝါးခယ်မမြို့နယ်တွင် ပြည်သူများအား စစ်သင်တန်းတက်ခိုင်းရန်နှင့် လုံခြုံရေးတပ်ဖွဲ့များတွင် အင်အား ဖြည့်တင်းရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်ရှိလူစာရင်းများကို လိုက်လံကောက်ယူနေဟူသည့်သတင်းသည် မဟုတ်မမှန် လုပ်ကြံထားသော သတင်း အမှားဖြစ်ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ ၎င်းမြို့နယ်တွင် လူဦးရေစာရင်း တိကျမှန်ကန်မှုရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများလိုက်ပါ၍ အိမ်တည်နေရာမှတ်တမ်းတင်ခြင်း၊ အိမ်ရှိလူစာရင်းမှတ်တမ်းတင်ခြင်းလုပ်ငန်းစဉ်များအား ပုံမှန်အတိုင်းဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း သိရှိရ။
PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းအတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၂-၂၀၂၄)
- ဆီဆိုင်မြို့တွင် တပ်မတော်မှ လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီး အဆောက်အဦအချို့ပျက်စီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်။
- ဒီးမော့ဆိုမြို့နယ်အတွင်းသို့ တပ်မတော်မှ လေကြောင်းအသုံးပြုပစ်ခတ်ခဲ့သောကြောင့် ကလေးငယ်အချို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ဟူသည့်သတင်းသည် သတင်းအတုဖြစ်။
- ရမ်းဗြဲမြို့တွင် တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံဖန်တီးထားသော သတင်းအမှားများဖြစ်။
- ဝါးခယ်မမြို့နယ်တွင် ပြည်သူများအား စစ်သင်တန်းတက်ခိုင်းရန်နှင့် လုံခြုံရေးတပ်ဖွဲ့များတွင် အင်အားဖြည့်တင်းရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်ရှိလူစာရင်းများကို လိုက်လံကောက်ယူနေဟူသည့်သတင်းသည် မဟုတ်မမှန် လုပ်ကြံထားသော သတင်းအမှားဖြစ်။
Add new comment