၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင်ကျရောက်မည့် (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အဆောက်အအုံဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ ၅ ရက်တွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ခပေါင်းရေကြည်ရပ်ကွက်ရှိ အဆိုပါအဆောက်အအုံ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တရုတ်သံရုံးမှ သံမှူးကြီး၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက်ခဲ့ကြပါသည်။
ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုများ ဆွေးနွေးဖလှယ်ခြင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားများ၏ အသိပညာများမြှင့်တင်ပေးခြင်း၊ မျှဝေခြင်းစသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ဆောင်ရွက်နိုင်ရန်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအားလုံး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုဖြစ်စေမည့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ၊ တိုင်းရင်းသားရိုးရာလက်မှုပညာသင်တန်းများစသည်တို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၂-၂၀၂၄)
- (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာအား ဖေဖေါ်ဝါရီလ ၅ ရက်တွင် ဖွင့်လှစ်ခဲ့။
- ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအားလုံး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုဖြစ်စေမည့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ၊ တိုင်းရင်းသားရိုးရာလက်မှုပညာသင်တန်းများစသည်တို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် တည် ဆောက်ခဲ့ခြင်းဖြစ်။
Add new comment