ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid ကို ဖေဖော်ဝါရီလ ၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် သွားရောက်ရန်ခက်ခဲသည့် နေရာဒေသများရှိ အကူအညီလိုအပ်သည့် ပြည်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရေးနှင့် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား လူသားချင်းစာနာမှုအကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် UNOCHA ရုံး၏ ဒုတိယအကြီးအကဲများဖြစ်သည့် Ms. Danielle Parry နှင့် Ms. Kyoko Ono တို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၁-၂၀၂၄)
- ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲကို လက်ခံတွေ့ဆုံခဲ့ပြီး သွားရောက်ရန်ခက်ခဲသည့် နေရာဒေသများရှိ အကူအညီလိုအပ်သည့် ပြည်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နိုင်ရေးညှိနှိုင်း ဆောင်ရွက်ပေးရေးနှင့် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများအကြား လူသားချင်းစာနာမှုအကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။
Add new comment