ဖေဖော်ဝါရီလ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သရက်ကန်တောင်ကျေးရွာရှိ မဟာဒက္ခိဏရာမကျောင်းတိုက်၌ သီတင်းသုံးနေထိုင်လျက်ရှိသည့် ကျောင်းထိုင်ဆရာတော် ဥူးဝိသူရ(၃၃)နှစ်၊ ဝါတော်(၁၄)ဝါ နှင့် ကပ္ပိယဖြစ်သူ ဦးစန်းမောင်တို့ ၂ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အကြမ်းဖက်သမားများအနေဖြင့် မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာရဟန်းသံဃာများကို ယခုကဲ့သို့ သတ်ဖြတ်နေမှုများအား ပြည်သူတစ်ရပ်လုံးမှ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလျက်ရှိသည့်အပြင် ဖမ်းဆီးရမိသည့် တရားခံများ အားထိရောက်စွာ အရေးယူပေးနိုင်ရေး လိုလားလျက်ရှိပါသည်။
အထက်ပါဖြစ်စဉ်မှ PDF အမည်ခံအကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၂-၂၀၂၄)
- PDF အမည်ခံ အကြမ်းဖက်သမားများ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် ဆရာတော်တစ်ပါးနှင့် ကပ္ပိယတစ်ဦးတို့ သေဆုံးခဲ့။
Add new comment