ရန်ကုန်မြို့၌ တရုတ်နှစ်သစ်ကူး ပွဲတော်ကျင်းပ

          “ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” ၂၀၂၄ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဖေဖေါ်ဝါရီလ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားခဲ့ရာတွင်-

  • မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ယဉ်ကျေးမှုများသည် အပြန်အလှန် ကူးလူးယှက်နွှယ်လျက်ရှိပါကြောင်း။
  • တရုတ်နှစ်သစ်ကူးအခါသမယသည် တရုတ်လူမျိုးများအတွက် အလွန်ကို အရေးပါသော အစဉ်အလာကြီးမားသည့် ပွဲတော်တစ်ခုဖြစ်ပါကြောင်း။
  • ယခုတရုတ်နှစ်သစ်ကူးပွဲတော်တွင်လည်း တရုတ်နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ရှိကြသော တရုတ်လူမျိုးများနှင့် မြန်မာနိုင်ငံတွင်နေထိုင်ကြသော တရုတ်လူမျိုးများအားလုံး ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးနှင့်  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က  “ဆွေမျိုးသဟာ တရုတ် - မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်” တရုတ်နှစ်သစ်ကူးပွဲတော်အား မောင်းတီး၍ ဖွင့်လှစ်ပေးကြပြီး စင်တာအတွင်း ဝူရှူးသရုပ်ပြတင်ဆက်နေမှုနှင့် ပြပွဲအစီအစဉ်များအား လေ့လာကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၂-၂၀၂၄)

 

  • ဆွေမျိုးသဟာ တရုတ်-မြန်မာ၊ တူစုံနွှဲပျော် နွေဦးပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတက်ရောက်၍ တရုတ်နှစ်သစ်ကူးပွဲတော်အား မောင်းတီး၍ ဖွင့်လှစ်ပေးခဲ့။

Add new comment