တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ မြေလတ်အသံမှ တင်ထားသော တပ်မတော်က မတ္တရာမြို့နယ်ရှိ ရွာ ၄ ရွာအား မီးရှို့ခဲ့သည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာများရရှိခဲ့ဟူသည့်သတင်းသည် သတင်းအမှား ဖြစ်ပြီး သတင်းအမှန်မှာ PDF အကြမ်းဖက်သမားများက ကျေးရွာများအတွင်း ဝင်ရောက်စုဖွဲ့ပြီး နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်း၊ အခွင့်မသာပါက ကျေးရွာအား မီးရှို့ထွက်ပြေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ပုလောမြို့နယ်၊ နန်းပရုပ်ကျေး ရွာမှ သံဃာတော် ၆ ပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီး သွားခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး အဆိုပါကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ကိုသာ ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး သံဃာတော် များအား ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ကော့ကရိတ်မြို့နယ်၊ မိတန်ရွာတွင် တပ်မတော်ဘက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး တပ်မတော်အနေဖြင့် အဆိုပါကျေးရွာအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ရွာသစ်ကုန်းကျေးရွာများအတွင်း တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ဒေသခံပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်း အမှန်မှာ KNLA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များက တပ်၊ စခန်းများကို အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၂၀ ဦးလွတ်ရက်စေ့သော်လည်း ပြန်လွှတ်ပေးခြင်းမရှိဘဲ လုံခြုံရေးအကြောင်းပြချက်ဖြင့် ဆက်လက်ဖမ်းဆီးထား ဟူသည့်သတင်းနှင့်ပတ်သက်၍ သတင်းအမှန်မှာ အကျဉ်းထောင်က လွတ်ပြီးသော်လည်း ခရီးသွားပို့ဆောင်ရေးယာဉ်များ ပြေးဆွဲခြင်းမရှိသောကြောင့် ၎င်းတို့ကို ဥပဒေနှင့်အညီ လက်ခံကျွေးမွေးထားရှိပြီး မတရားချုပ်နှောင်ထားခြင်းမရှိကြောင်းနှင့် နေရပ်အသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်နိုင်ရေးအတွက် တာဝန်ရှိသူများ အနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာနှင့် မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး အဆိုပါကျေးရွာများကို တပ်မတော်မှ မီးရှို့ခဲ့ခြင်းမရှိခဲ့ကြောင်း သိရှိရ။
PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ် များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင် လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာ များမှတစ်ဆင့် သတင်းအတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၂-၂၀၂၄)
- တပ်မတော်က မတ္တရာမြို့နယ်ရှိ ရွာ ၄ ရွာအား မီးရှို့ခဲ့သည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာများရရှိခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်။
- ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာမှ သံဃာတော် ၆ ပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်း အတုဖြစ်။
- ကော့ကရိတ်မြို့နယ်၊ မိတန်ရွာတွင် တပ်မတော်ဘက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ဟူသည့် သတင်းသည် လုပ်ကြံသတင်းအတုဖြစ်။
- မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့် ရွာသစ်ကုန်းကျေးရွာများအတွင်း တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ဒေသခံပြည်သူ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ဟူသည့်သတင်းသည် လုပ်ကြံ သတင်းအမှားဖြစ်။
- လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၂၀ ဦးလွတ်ရက်စေ့သော်လည်း ပြန်လွှတ်ပေးခြင်းမရှိဘဲ လုံခြုံရေးအကြောင်းပြ ချက်ဖြင့် ဆက်လက်ဖမ်းဆီးထားဟူသည့်သတင်းနှင့်ပတ်သက်၍ သတင်းအမှန်မှာ အကျဉ်းထောင်က လွတ်ပြီးသော်လည်း ခရီးသွားပို့ဆောင်ရေးယာဉ်များ ပြေးဆွဲခြင်း မရှိသောကြောင့် ၎င်းတို့ကို ဥပဒေနှင့်အညီ လက်ခံကျွေးမွေးထားရှိပြီး မတရားချုပ်နှောင်ထားခြင်းမရှိ။
- မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာနှင့် မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာတို့ကို လုံခြုံရေး တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး အဆိုပါကျေးရွာများကို တပ်မတော်မှ မီးရှို့ခဲ့ခြင်းမရှိခဲ့ကြောင်း သိရှိရ။
Add new comment