၂၀၂၄ ခုနှစ် အာဆီယံ-တရုတ် ပြည်သူများအကြား ဖလှယ်ရေးနှစ်မိတ်ဆက်ပွဲဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်

       သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖူးကျန့်ပြည်နယ်၊ ဖူကျိုးမြို့၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂ ရက်ထိ ကျင်းပခဲ့သည့်  ၂၀၂၄ ခုနှစ် အာဆီယံ-တရုတ်ပြည်သူများကြား ဖလှယ်ရေးနှစ်မိတ်ဆက်ပွဲနှင့် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး  ဖေဖော်ဝါရီလ ၄ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။

  • ဖေဖော်ဝါရီလ ၁ ရက်တွင် ၂၀၂၄ ခုနှစ် အာဆီယံ-တရုတ် ပြည်သူများအကြားဖလှယ်ရေးနှစ်အထိမ်းအမှတ် Logo မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့။
  • ဖေဖော်ဝါရီလ ၂ ရက်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံကိုယ်စားပြု  ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်  H.E. Shen Yiqin နှင့်တွေ့ဆုံပွဲသို့ တက်ရောက်ဆွေးနွေးခဲ့။
  • Fuzhou Strait International Conference and Exhibition Center Multi-Function Hall တွင် ကျင်းပသော ၂၀၂၄ ခုနှစ် အာဆီယံ-တရုတ် ပြည်သူများအကြား ဖလှယ်ရေးနှစ်မိတ်ဆက်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့။

၂၀၂၄ ခုနှစ် အာဆီယံ-တရုတ် ပြည်သူများကြား ဖလှယ်ရေးနှစ်မိတ်ဆက်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ် H.E. Shen Yiqin ၊ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Kikeo-Khaikhamphitoun ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ဖူးကျန့်ပြည်နယ်မှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံလူမှုယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အပါအဝင် ဖိတ်ကြားထားသော နယ်ပယ်အသီးသီးမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၂-၂၀၂၄)

 

  • ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖူးကျန့်ပြည်နယ်၊ ဖူကျိုးမြို့၌ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် အာဆီယံ-တရုတ် ပြည်သူများကြား ဖလှယ်ရေးနှစ်မိတ်ဆက်ပွဲနှင့် ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့။

Add new comment