ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်အပ်နှင်း

         ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ဖေဖော်ဝါရီလ ၂ ရက်တွင် တောင်ငူလေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန် ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က လက်နက်များ တပ်ဆင်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ၎င်းနှင့် တိုင်းမှူးတို့က ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များအပ်နှင်းပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၂-၂၀၂၄)

 

  • ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား လက်နက် များတပ်ဆင်အပ်နှင်းပွဲကို ဖေဖော်ဝါရီလ ၂ ရက်တွင် တောင်ငူလေတပ်စခန်း ဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ခဲ့။

 

Add new comment