၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်

        ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီ လ ၃ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1) ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်ပြီး အမှာစကားပြောကြားခဲ့ရာတွင်-

  • မိမိတို့ ချစ်ခင်မြတ်နိုးရသည့် မြန်မာ့ရုပ်ရှင်အနုပညာသည် ပြောင်းလဲနေသည့် ခေတ်ရေစီးကြောင်းပေါ်တွင် ကြည်ကြည်လင်လင် သန့်သန့်စင်စင်နှင့် ဖြတ်သန်းစီးဆင်းကာ နိုင်ငံနှင့်ပြည်သူအပေါ် ဆက်လက်အကျိုးပြု ဖော်ဆောင်နိုင်ပါစေဟု တိုက်တွန်းပြောကြားလိုပါကြောင်း။

  • မိုခါမုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသည့် ဒေသခံတိုင်းရင်းသားပြည်သူများကို ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဟာသပညာရှင်အစည်းအရုံးများမှ အနုပညာရှင်များ စုပေါင်းပြီး တတ်နိုင်သမျှထောက်ပံ့ကူညီပေးခဲ့ခြင်း၊ ကိုယ်တိုင်ကိုယ်ကျသွားရောက် အားပေး‌ဆောင်ရွက်ခဲ့ခြင်းများ၊ ရန်ပုံငွေရရှိရေးအတွက် ပဒေသာကပွဲ၊ ဘောလုံး ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့သည်များကို နိုင်ငံတော်အစိုးရက အသိအမှတ်ပြုပါကြောင်း။

  • ယခုတက်ရောက်လာကြသည့် အနုပညာရှင်များအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုး ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်း စေရေး၊ နိုင်ငံငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့်အတူ ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ပေးကြရန် အလေးအနက် တိုက်တွန်းပြောကြားလိုကြောင်း။

  • မြန်မာ့ရုပ်ရှင်လောကကြီးသာမက ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာလောကသား အားလုံးပြန်လည်လှုပ်ရှားဆောင်ရွက်နိုင်ခြင်းသည် သက်ဆိုင်ရာအစည်းအရုံးများ၏ ဦးဆောင်မှု၊ အနုပညာရပ်ဝန်းတစ်ရပ်လုံးရှိ အနုပညာရှင်များအားလုံး၏ စည်းလုံးညီညွတ်မှုများကြောင့် ယခုလိုစင်မြင့်ထက်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည့်အတွက် ဦးဆောင်သူများရော၊ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသူများ အားလုံးကိုပါ အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါကြောင်း။

  • ယနေ့အချိန်တွင် အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံနှင့် ပြည်သူလူထု အကျိုးစီးပွားကို လျစ်လျူရှုပြီး သံသယများ၊ ကိုယ်ကျိုးအတ္တများ၊ လွဲမှားသည့် အယူအဆများ လုပ်ဆောင်နေကြမည်ဆိုပါက နိုင်ငံအတွက် လွန်စွာအန္တရာယ် ကြီးမားပါကြောင်း၊ ထို့ကြောင့် အနုပညာရှင်ကြီးများအနေဖြင့် မှန်ကန်သည့် အသိတရားများနှင့် နိုင်ငံအကျိုး၊ လူမျိုးအကျိုးကို ဝိုင်းဝန်းသယ်ပိုးပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

  • အထူးမေတ္တာရပ်ခံလိုသည်မှာ မြန်မာ့ဓလေ့စရိုက်များ မမှေးမှိန်မပျောက်ပျက်စေရန်နှင့် တိုင်းတစ်ပါးယဉ်ကျေးမှုဓလေ့စရိုက်များ လွှမ်းမိုးပြီး အရိုးပေါ်အရွက်မဖုံးစေရန် ပြောင်းလဲနေသည့် ခေတ်ရေစီးကြောင်းပေါ်တွင် လိုက်လျောညီထွေစွာလိုက်ပါပြီး နိုင်ငံနှင့်လူမျိုးအကျိုးကို မိမိတို့တတ်ကျွမ်းသည့် အနုပညာကို အခြေတည်ပြီး အမျိုးသားရေးစိတ်ဓာတ်နှင့် ဖော်ဆောင်ပေးကြပါဟု တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့်ဇနီး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဝါရင့်အကယ်ဒမီဆုများရှင် အနုပညာရှင်ကြီးများက ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များထဲမှ ရွေးချယ်ပေးအပ်သော အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုများ၊ မြန်မာ့ရုပ်ရှင် တစ်သက် တာဆု၊ ရုပ်ရှင်အတတ်ပညာဆုနှင့် ရုပ်ရှင်အနုပညာဆုများ၊ အကောင်းဆုံးရုပ်ရှင် တေးဂီတဆု၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု၊ အကောင်းဆုံးရုပ်ရှင်ဒါရိုက်တာဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကများ၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသဘင်၊ ဂီတအစည်းအရုံးဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုစိစစ်အကဲဖြတ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရုပ်ရှင်၊ စာပေ၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် အနုပညာရှင်များ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၂-၂၀၂၄)

 

  • မိုခါမုန်တိုင်းကြောင့် ထိခိုက်ခဲ့ရသည့် ဒေသခံတိုင်းရင်းသားပြည်သူများကို ရုပ်ရှင်၊ ဂီတ၊ သဘင်၊ ဟာသပညာရှင်အစည်းအရုံးများမှ အနုပညာရှင်များ စုပေါင်းပြီး တတ်နိုင်သမျှထောက်ပံ့ကူညီပေးခဲ့ခြင်း၊ ကိုယ်တိုင်ကိုယ်ကျသွားရောက် အားပေး‌ဆောင်ရွက်ခဲ့ခြင်းများ၊ ရန်ပုံငွေရရှိရေးအတွက် ပဒေသာကပွဲ၊ ဘောလုံးပြိုင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့သည်များကို နိုင်ငံတော်အစိုးရက အသိအမှတ်ပြု။

  • ယခုတက်ရောက်လာကြသည့် အနုပညာရှင်များအနေဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုး ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်းစေရေး၊ နိုင်ငံငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်အစိုးရနှင့်အတူ ကျရာကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် အလေးအနက် တိုက်တွန်းပြောကြားလို။

  • ယနေ့အချိန်တွင် အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံနှင့် ပြည်သူလူထု အကျိုး စီးပွားကိုလျစ်လျူရှုပြီး သံသယများ၊ ကိုယ်ကျိုးအတ္တများ၊ လွဲမှားသည့် အယူအဆများ လုပ်ဆောင်နေကြမည်ဆိုပါက နိုင်ငံအတွက် လွန်စွာအန္တရာယ် ကြီးမားပါကြောင်း၊ ထို့ကြောင့် အနုပညာရှင်ကြီးများအနေဖြင့် မှန်ကန်သည့် အသိတရားများနှင့် နိုင်ငံအကျိုး၊ လူမျိုးအကျိုးကို ဝိုင်းဝန်းသယ်ပိုးပေးကြရန် တိုက်တွန်းပြောကြားလို။

Add new comment