ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများ ပေးပို့

        အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖေဖေါ်ဝါရီလ ၁ ရက် တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ စားသောက်ကုန်များ၊ စားသုံးဆီ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ထော်လာဂျီယာဉ် ငါးစီးအပါအဝင် စုစုပေါင်းတန်ချိန် ၂၄၅၅ ဒသမ ၆၈အား MV Royal Venus ရေယာဉ်ဖြင့် ပို့ ဆောင်ခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်မှစ၍ ဖေဖေါ်ဝါရီလ ၁ ရက်ထိ တပ်မတော်စစ်ရေယာဉ်များအပါအဝင် ရေယာဉ် ၄၂ စင်းဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များပါဝင်သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၆၄,၆၇၆ ဒသမ ၀၉ တန်နှင့် ဒီဇယ် ၂၄၉,၇၆၂ ဂါလန်၊ Octane 92 ၁၉၉,၈၈၆ ဂါလန် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရ ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၂-၂၀၂၄)

 

  • စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်မှစ၍ ဖေဖေါ်ဝါရီလ ၁ ရက်ထိ တပ်မတော်စစ်ရေယာဉ်များအပါအဝင် ရေယာဉ် ၄၂ စင်းဖြင့် ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၆၄,၆၇၆ ဒသမ ၀၉ တန်နှင့် ဒီဇယ် ၂၄၉,၇၆၂ ဂါလန်၊ Octane 92 ၁၉၉,၈၈၆ ဂါလန် ပို့ဆောင်ပေးခဲ့။

Add new comment