မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်ဆေးဝါးဖမ်းဆီးမှုများကို အလေးထားဆောင်ရွက်ခဲ့ရာ-
- ဇန်နဝါရီလ ၂၄ ရက်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၈) ရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်တွင် တင့်ဇော်မောင်းနှင်ပြီး မိုးနိုင်စိုး (ခ) ရွှေသီးနှင့် နဝရတ်ထွန်းတို့ လိုက်ပါလာသည့် FORD EVEREST မော်တော်ယာဉ်အား သတင်းရရှိ၍ ရှာဖွေ စစ်ဆေးခဲ့ရာ အိုက်စ် (မက်သ်အဖက်တမင်း) ၃၈ ကီလိုသိမ်းဆည်းရမိခဲ့။
- တရားခံများ၏ စိစစ်ဖော်ထုတ်ချက်များအရ တင့်ဇော်နှင့် နဝရတ်ထွန်းတို့ နေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၉) ရပ်ကွက် မဟာဗန္ဓုလလမ်းရှိ နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၅ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ အားလည်းကောင်း၊ တင့်ဇော် ငှားရမ်းထားသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၂) ရပ်ကွက်၊ သခင်အုန်းဖေကြီးလမ်းရှိ ခြံဝင်းအတွင်းရှိ TOYOTA ALPHARD ယာဉ်နှင့် Container Box အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၈.၂ သိန်း၊ ကက်တမင်း ၅၀ ကီလို၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁၀ ကီလိုအားလည်းကောင်း ထပ်မံသိမ်းဆည်း ရမိခဲ့။
- စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၇.၅၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈.၂၀၄ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၄၈.၀၁၅ ကီလိုနှင့် ကက်တမင်းကီလို ၅၀ သိမ်းဆည်းရမိခဲ့။
ဇန်နဝါရီလ ၂၉ ရက်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်ဇေယျာညွန့်(ခ)ကျော်ဇေယျအား တာချီလိတ်မြို့၌ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိသည့် ဆေးဝါးများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်၍ ၎င်းမှတစ်ဆင့် ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ရောင်းဝယ်သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၂-၂၀၂၄)
- ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၇.၅၂ ဘီလီယံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈.၂၀၄ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၄၈.၀၁၅ ကီလို၊ ကက်တမင်းကီလို ၅၀ နှင့်အတူ တရားခံ ၄ ဦးအား ဖမ်းဆီးရမိခဲ့။
Add new comment