ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

       ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ခန်းမအရှေ့၊ မဟာဗန္ဓုလပန်းခြံဘေး၊ ယာဉ်ရပ်နားကွင်း၌ ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိပါးစော်ကားဖျက်ဆီးနေသည့် အကြမ်းဖက်သမားများနှင့် ဘာသာဖျက်များအား ကန့်ကွက်ရှုတ်ချပွဲကို ဖေဖော်ဝါရီလ ၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါပွဲတွင် သံဃာတော်များနှင့် မျိုးချစ်ပြည်သူများက ဘာသာသာသနာအပေါ် အလေးအနက်ထား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် ဟောပြောဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသူများက “ဒို့ဘာသာ၊ ဒို့သာသနာကို စော်ကားသူမှန်သမျှ (ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေးလောက်ကောင်မှန်သမျှ (ဆန့်ကျင်ကြ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သမားများ (အလိုမရှိ)၊ ဒို့ဘာသာကို စော်ကားနေသည့် သာသနာဖျက်လောက်ကောင်များ (အလိုမရှိ)၊   သာသနာဖျက်အကြမ်းဖက်များအား အမြစ်ဖြုတ်သုတ်သင်ရေး(ဒို့အရေး)၊ လူသတ်အကြမ်းဖက်မှန်သမျှ (ဆန့်ကျင်ကြ)၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ၀င်တိုင်းရင်းသားများ ကိုးကွယ်ယုံကြည်သည့် ဘုရား၊ စေတီ၊  ဆင်းတုတော်များအား စော်ကားဖျက်ဆီးသူ (ဒို့ရန်သူ)၊ ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်သူများ (ကျရှုံးပါစေ)” ဟူသော ကြေးကြော်သံများနှင့်အတူ ဆိုင်းဘုတ်များကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၂-၂၀၂၄)

 

  • ရန်ကုန်တိုင်းဒေသကြီး၊ မြို့တော်ခန်းမအရှေ့၊ မဟာဗန္ဓုလပန်းခြံဘေး၊ ယာဉ်ရပ်နားကွင်း၌ ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများ ဖျက်ဆီးမှုများအပေါ် ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်ခဲ့။
  • အဆိုပါကန့်ကွက်ရှုတ်ချပွဲ၌ တက်ရောက်လာကြသူများက စေတီပုထိုးနှင့် ဗုဒ္ဓဆင်းတု တော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနှင့် သာသနာဖျက်များအား (ဆန့်ကျင်ကြ) လူမျိုး ရေးခွဲခြား၊ သာသနာကို စော်ကားဖျက်ဆီးနေသူများအား (ဆန့်ကျင်ကြ) အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေး ထောက်ခံသူများအား (ဆန့်ကျင်ကြ)” ဟူသော ကြွေးကြော်သံများနှင့်အတူ ဆိုင်းဘုတ်များကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့။

Add new comment