မိုခါမုန်တိုင်းသင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ချက်များ

          ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

  • ဩဂုတ်လ ၁၂ ရက်နှင့် ၁၄ ရက်တို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများဖြစ် ပေါ်ခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းများရှိ သာသနိကအဆောက်အဦများနှင့် ဘိုးဘွားရိပ်သာများရှိ အဆောက်အဦများအား ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှုခဲ့။
  • ဩဂုတ်လ ၁၅ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာ လိုင်စင်ရကန်ထရိုက်တာ အများနှင့်သက်ဆိုင်သောကုမ္ပဏီတို့မှ ပေးပို့သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၂၇၀၈ ဒသမ ၀၁ တန်ကို MV Charity ရေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့။

          မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက် ရေး အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက   နေ့စဉ်ရောင်းချပေးလျက်ရှိရာ ဩဂုတ်လ ၁၀ ရက်မှ ၁၅ ရက်အထိ စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်း များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေး လျက်ရှိကြောင်း သိရှိရပါသည်။         

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၈-၂၀၂၃)

 

  •  ကာကွယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာလိုင်စင်ရကန်ထရိုက်တာ အများ နှင့်သက်ဆိုင်သောကုမ္ပဏီတို့မှ ပေးပို့သော ကူညီကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၂၇၀၈ ဒသမ ၀၁ တန်ကို MV Charity ရေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့။
  • အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူ များက ဩဂုတ်လ ၁၀ ရက်မှ ၁၅ ရက်အထိ စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံး ကုန် ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ဆက် လက်ရောင်းချပေးလျက်ရှိ။

Add new comment