ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများအား ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

       မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားများကို ဩဂုတ်လ ၁၄ ရက်တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့၌လည်းကောင်း၊ ဩဂုတ်လ ၁၅ ရက်တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားများတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက Myanmar Electronic Voting Machine (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့် ပတ်သက်၍ ထိန်းချုပ်စက် (Control Unit)၊ ဆန္ဒပြုစက် (Ballot Unit)၊ ဆန္ဒပြုချက် မှန်ကန်မှု ရှိ/မရှိ ပြသသောစက် (Verification Unit)၊ မဲပုံးနှင့် ဘက်ထရီများ ဖွဲ့စည်း တည်ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားသည့်စက်များနှင့် အသုံးပြုရခြင်း ရည်ရွယ် ချက်များ၊ မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူရေတွက်ခြင်း၊ မဲပေးစက်ကို ထုပ်ပိုးသိမ်း ဆည်းခြင်းနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှုများ၊ ၎င်းမဲပေးစက်တွင် အင်တာနက်၊ ဝိုင်ဖိုင်၊ Bluetooth စနစ်များ ပါဝင်မှုမရှိခြင်း၊ ကွန်ပျူတာများကဲ့သို့ ဝင်းဒိုးစနစ်များ ပါဝင်မှုမရှိခြင်း၊ USB Output စနစ်များ ပါဝင်မှုမရှိခြင်းတို့ကြောင့် အလွန်ရိုးရှင်းပြီး လုံခြုံစိတ်ချရသော စနစ်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

အဆိုပါ မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဖြင့် မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေ ဆောင်ရွက်ရာတွင် ဖြစ်ပေါ်ခဲ့ရသော မဲမသမာမှုများ မဖြစ်ပေါ်နိုင်သည့်အပြင် ပယ်မဲများ မရှိတော့သည့်အတွက် မဲဆန္ဒရှင်များ၏မဲများ ပယ်မဲကြောင့် အဟောသိကံဖြစ်ခဲ့ရခြင်း များလည်း မရှိနိုင်တော့သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

အခမ်းအနားများသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တာဝန် ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး  လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၈-၂၀၂၃)

 

  • မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးနှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ ကျင်းပပြုလုပ်ခဲ့။

  • အခမ်းအနားများတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ ဆန္ဒပြုချက် မှန်ကန်မှု ရှိ/မရှိ ပြသသောစက်၊ မဲပုံးနှင့် ဘက်ထရီများ ဖွဲ့စည်းတည် ဆောက်ထားရှိမှု၊ မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူရေတွက်ခြင်း၊ မဲပေးစက်ကို ထုပ်ပိုးသိမ်းဆည်းခြင်းနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှုများကို ရှင်းလင်းတင်ပြခဲ့။

  • မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဖြင့် မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေ ဆောင်ရွက်ရာတွင် ဖြစ်ပေါ်ခဲ့ရသော မဲမသမာမှုများ မဖြစ်ပေါ်နိုင်သည့်အပြင် ပယ်မဲများမရှိ တော့သည့်အတွက် မဲဆန္ဒရှင်များ၏မဲများ ပယ်မဲကြောင့် အဟောသိကံဖြစ်ခဲ့ရခြင်းများလည်း မရှိနိုင်တော့သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်။

Add new comment