တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့က ကြီးမှူး၍ ကူမင်းမြို့၌ ဩဂုတ်လ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည့် (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား နှင့် ၂၀၂၃ ခုနှစ် မဟာမဲခေါင် ဒေသခွဲစီးပွားရေးစင်္ကြံ အုပ်ချုပ်သူများဖိုရမ်နှင့် အခြား ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့ ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ဩဂုတ်လ ၁၄ ရက်တွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့ပါသည်။
ဩဂုတ်လ ၁၄ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယူနန်စက်မှု ဖွံ့ဖြိုးရေးဇုန်၌ တည်ရှိသော ယူနန်ပန်တက်စ် နည်းပညာ ကုမ္ပဏီ (Yunnan Pan Test Technology Company) သို့ သွားရောက်ပြီး ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးမှုလုပ်ငန်း များနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်နိုင်ရေးကိစ္စရပ် များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်းကောင်း၊ မြန်မာ့ လယ်ယာထွက်ကုန်များ အရည်အသွေးပိုမိုကောင်းမွန်စွာဖြင့် တိုးမြှင့်တင်ပို့နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ရင်းနှီးစွာဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၈-၂၀၂၃)
-
(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲဖွင့်ပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ တက် ရောက်ရန် ပြည်ထောင်စုဝန်ကြီးများဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့။
-
ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယူနန်ပန်တက်စ် နည်းပညာကုမ္ပဏီ သို့သွားရောက်ပြီး ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးမှုလုပ်ငန်းများနှင့်ပတ်သက်၍ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အလားအလာများကို ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ရင်းနှီးစွာ ဆွေးနွေးခဲ့။
Add new comment