ပြည်ထောင်စုဝန်ကြီးများ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ၏ အကြီးအကဲ Mr. Martin Griffiths ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)  ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့သည် ကုလသမဂ္ဂအဖွဲ့အစည်း၏ တတိယ အဆင့်ရှိ အဆင့်မြင့်အရာရှိကြီးနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ အကြီးအကဲဖြစ်သူ ကုလသမဂ္ဂလူသားချင်းစာနာထောက် ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာညှိနှိုင်းရေးမှူး Mr. Martin Griffiths ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ ၁၅ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာကိစ္စရပ်များနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များအပေါ် အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့။

  • ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံ ရာတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား ပူးပေါင်းဆောင်ရွက်နေမှုနှင့် လိုအပ် နေသည့် ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များပေးအပ်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရေးတို့နှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့။

  • ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)  ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မိုခါမုန်တိုင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ကုလသမဂ္ဂအဖွဲ့အစည်း နှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့။

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မိုခါမုန်တိုင်းသင့်ပြည်သူများအား ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးမှုအခြေအနေ၊ မိတ်ဆွေနိုင်ငံများက လူသားချင်းစာနာမှု ဆိုင်ရာ အထောက်အပံ့ပေးအပ်မှုအခြေအနေများနှင့် ကုလသမဂ္ဂလူသားချင်းစာနာ မှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) နှင့် ဝန်ကြီးဌာနတို့အကြား လုပ်ငန်းများပူးပေါင်း ဆောင်ရွက်မှုအခြေအနေများ၊ UNOCHA နှင့် ဝန်ကြီးဌာနတို့အကြား သဘောတူ ညီမှုစာလွှာ (LoA) သက်တမ်းတိုးရေးကိစ္စရပ်များ၊ OCHA ဝန်ထမ်းများ၏ ပြည်ဝင် ဗီဇာကိစ္စရပ်များ၊ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသော စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

တွေ့ဆုံပွဲအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၈-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးများနှင့် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) ၏ အကြီးအကဲနှင့်တွေ့ဆုံရာတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာကိစ္စရပ်များ၊ မိုခါမုန်တိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့။

Add new comment

Error | Infosheet

Error

The website encountered an unexpected error. Please try again later.

Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 106397626784fa27cc0a06.18728439 ) in lock_release_all() (line 269 of /home/admin/web/infosheet.org/public_html/mm/includes/lock.inc).