ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ်လ ၈ ရက်မှ စတင်၍ ဖူးမြော်ကြည်ညိုခွင့်ပြုခဲ့ရာ အများပြည်သူရုံးပိတ်ရက်များတွင်သာမက နေ့စဉ် နေ့တိုင်း အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် ကြက်ပျံမကျ အထူးစည်ကားများပြားလျက်ရှိပါသည်။
- ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ဖူးမြော်ကြည်ညိုကြပြီး စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာ ပွားများခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့။
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားရှိရာ ဗုဒ္ဓဥယျာဉ်တော် အတွင်း၌ ကျောက်စာရုံစေတီတော် အဆူ ၇၂၀ နှင့် မုစလိန္ဒကန်၊ နဂါးရုံဘုရား တို့ကိုလည်း ဘုရားဖူးလာပြည်သူများက ကြည်ညိုစွာဖြင့် ဖူးမြော်ကြ။
- ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စနစ် တကျ တည်ဆောက်ထားရှိသည့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်း ဝိုင်းအသေးနေရာများ၌လည်း ဘုရားဖူးလာပြည်သူများအနေဖြင့် မိသားစုအလိုက် လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့လိုက်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်နေကြသည့် မြင်ကွင်းကိုလည်း တွေ့မြင်ခဲ့ရ။
- ဘုရားဖူးလာပြည်သူများ ခေတ္တအနားယူနိုင်စေရေးအတွက် ကျွန်းတိုင်များ အသုံးပြု၍ မြန်မာမှုလက်ရာများဖြင့် ရှေးမူမပျက် ဆောက်လုပ်ထားသည့် သုဓမ္မာဇရပ်များတွင်လည်း အေးချမ်းစွာ အပန်းဖြေအနားယူကြသူများဖြင့် စည် ကားလျက်ရှိ။
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများအနေဖြင့် ကြည်ညိုသဒ္ဓါပွားများ လျက် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ ပြီး ခုနှစ်ရက်သားသမီး အလှူရှင်များအနေဖြင့်လည်း ဘုရားဖူးပြည်သူများ သုံးဆောင်နိုင်ရန်အတွက် သက်သတ်လွတ် သီးစုံဒံပေါက်များကို အာဟာရဒါန စတုဒိသာအဖြစ် ကျွေးမွေးလှူဒါန်းခဲ့။
- တာဝန်ရှိသူများက ဘူရားဖူးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ် အေးချမ်းစွာ ဘုရားဖူးမြော်နိုင်ရေးအတွက် ဘုရားမုခ်ဉီးများရှေ့တွင် လုံခြုံရေး အရ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သံဃာတော်များ၊ မသန်စွမ်း သူများနှင် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်သို့ သွားလာရေး လွယ်ကူ စေရန်အတွက် မော်တော်ယာဉ်ငယ်များဖြင့် စနစ်တကျ ပို့ဆောင်ပေးခဲ့။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ်လ ၈ ရက်မှစ၍ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့လာရောက် ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိရာ ဘုရားဖူးများဖြင့် အထူးစည်ကားလျက် ရှိသည်ကို တွေ့ရှိရသဖြင့် ရပ်နီး၊ ရပ်ဝေးမှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဩဂုတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ ထပ်မံ၍ ရက်သတ်မှတ်တိုးမြှင့် အခမဲ့ဖူးမြော်ကြည်ညိုခွင့်ပြု ပေးသွားမည်ဖြစ်ပါသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ဩဂုတ်လ ၂၀ ရက်နှင့်နောက်ပိုင်း လာရောက်ဖူးမြော်ကြသူများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ် တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ကုသိုလ်တော်ဖြစ်ပါဝင်နိုင်ရေး မြန်မာနိုင်ငံသား လူကြီးတစ်ဦးလျှင် ၁၀၀၀ ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှင် 10 USD နှုန်းတို့ဖြင့် သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အား မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ Website ဖြစ်သည့် mbiw.myannet.com ၊ www.twitter.com/ Maravijaya- နှင့် t.me/Maravijaya တို့တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၈-၂၀၂၃)
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ်လ ၈ ရက်မှစတင်၍ ဖူးမြော် ကြည်ညိုခွင့်ပြုခဲ့ရာ အများပြည်သူရုံးပိတ်ရက်များတွင်သာမက နေ့စဉ်နေ့တိုင်း အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူများဖြင့် ကြက်ပျံမကျ အထူးစည်ကားများပြားလျက်ရှိ။
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရပ်နီး၊ ရပ်ဝေးမှ ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ဩဂုတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ ထပ်မံ၍ ရက်သတ်မှတ်တိုးမြှင့် အခမဲ့ဖူးမြော် ကြည်ညိုခွင့်ပြုပေးသွားမည်ဖြစ်။
Add new comment