မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဩဂုတ်လ ၁၄ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက Myanmar Electronic Voting Machine (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့် ပတ်သက်၍ ထိန်းချုပ်စက် (Control Unit)၊ ဆန္ဒပြုစက် (Ballot Unit)၊ ဆန္ဒပြုချက် မှန်ကန်မှု ရှိ/မရှိ ပြသသောစက် (Verification Unit)၊ မဲပုံးနှင့် ဘက်ထရီများ ဖွဲ့စည်း တည်ဆောက်ထားရှိမှု၊ ထည့်သွင်းအသုံးပြုထားသည့်စက်များနှင့် အသုံးပြုရခြင်း ရည်ရွယ် ချက်များ၊ မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူရေတွက်ခြင်း၊ မဲပေးစက်ကို ထုပ်ပိုးသိမ်း ဆည်းခြင်းနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများသည် စက်မှုဝန်ကြီးဌာနသို့ သွားရောက်ပြီး မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ရာ အရာထမ်း၊ အမှုထမ်း ၈၅ ဦးတက်ရောက်၍ လက်တွေ့မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၈-၂၀၂၃)
-
မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့။
-
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက (MEVM) စမ်းသပ်တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ ဆန္ဒပြုချက် မှန်ကန်မှု ရှိ/မရှိ ပြသသောစက်၊ မဲပုံးနှင့် ဘက်ထရီများ ဖွဲ့စည်းတည်ဆောက်ထား ရှိမှု၊ မဲပေးစက်မှ မဲရလဒ်များ ထုတ်ယူရေတွက်ခြင်း၊ မဲပေးစက်ကို ထုပ်ပိုးသိမ်းဆည်း ခြင်းနှင့် မဲပေးစက်၏ လုံခြုံစိတ်ချရမှုများကို ရှင်းလင်းတင်ပြခဲ့။
Add new comment