(၇) ကြိမ်မြောက် တရုတ် - တောင်အာရှကုန်စည်ပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲဖွင့်ပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ရန် ပြည်ထောင်စုဝန်ကြီးများဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ

         (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ၂၀၂၃ ခုနှစ် မဟာမဲခေါင် ဒေသခွဲစီးပွားရေးစင်္ကြံ အုပ်ချုပ်သူများဖိုရမ်နှင့် အခြားဆက်စပ်အခမ်းအနားများသို့ တက်ရောက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၁၄ ရက်တွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့ပါသည်။

အခမ်းအနားများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့က ကြီးမှူး၍ ကူမင်းမြို့၌ ဩဂုတ်လ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို “Solidarity Coordination & Coordination for Common Development ” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပြပွဲတွင် ကဏ္ဍစုံပြခန်းပေါင်း ၁၅ ခန်း ပါဝင်မည်ဖြစ်ကြောင်း၊ 4th China-South Asia Cooperation Forum၊ 2023 GMS Economic Corridor Governors Forum၊ The 16th China - Southeast Asia Business Forum၊ The 4th Forum on China - South Asia Technology Transfer and Collaborative Innovation၊ The 11th China - South Asia & Southeast Asia Arts Week၊ The 4th Lancang – Mekong၊ Audiovisual Week တို့အပါအဝင် ဖိုရမ် ၁၀ ခုကျော်ကိုလည်း တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ တရုတ် - တောင်အာရှ ကုန်စည်ပြပွဲ ဒစ်ဂျစ်တယ်ပလက်ဖောင်းကို အွန်လိုင်းတွင် တစ်ပြိုင်နက်တည်း တင်ဆက် သွားမည်ဖြစ်ပါသည်။

ယင်းကုန်စည်ပြပွဲကို တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများ၊ အရှေ့တောင်အာရှ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဖလှယ်ရေး ပိုမိုမြှင့်တင်စေရန်၊ ပူးပေါင်းဆောင် ရွက်မှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသွားရန်နှင့် ချစ်ကြည်ရင်းနှီးမှုများကို မျှဝေ သွားရန်ဟူသော ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၈-၂၀၂၃)

 

  • () ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲဖွင့်ပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ တက် ရောက်ရန် ပြည်ထောင်စုဝန်ကြီးများဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့။
  • အခမ်းအနားများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့က ကြီးမှူး၍ ဩဂုတ်လ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး () ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် ကဏ္ဍစုံပြခန်းပေါင်း ၁၅ ခန်း ပါဝင်မည်ဖြစ်။

Add new comment