နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် BPI Pharmaceutical Museum ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

         စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း BPI Pharmaceutical Museum နှင့် မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ် ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၄ ရက်တွင် မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီး များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာန မြန်မာ့ ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစားဆေးဝါးပညာရှင်ကြီးများ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က BPI Pharmaceutical Museum အထိမ်းအမှတ်ကျောက်စာတိုင်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး တက်ရောက်လာကြသူများနှင့် အတူ Feature Walli Museum Directory Map ၊ မှတ်တမ်းဓာတ်ပုံများနှင့် ပန်းချီကားများကို ကြည့်ရှုခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် Museum ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)သို့ ရောက်ရှိစစ်ဆေးစဉ် လမ်းညွှန်ချက်များ အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ မြွေဆိပ်ဖြေဆေးများ တိုးမြှင့်ထုတ် လုပ်နိုင်ရေးဆောင်ရွက်ခဲ့မှု၊ ဆေးဝါးများထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီသည့် ပစ္စည်းများအသုံးပြုထုတ်လုပ်လျက်ရှိမှု၊ ပြည်ပမှဆေးဝါးများတင်သွင်းမှုကို လျှော့ချနိုင် ရေးအတွက် ပြည်တွင်း၌ ဆေးဝါးများထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ ဆေးဝါးများ ဆေးနှုန်းသက်သာစွာဖြင့် ပြည်သူများဝယ်ယူအသုံးပြုနိုင်ရေး ဆောင် ရွက်ပေးလျက်ရှိမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထုတ်လုပ်လျက်ရှိမှု၊ BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်း (BPI Pharmaceutical Museum) ၏ ရည်ရွယ် ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က တင်ပြချက်များနှင့်စပ်လျဉ်းပြီး အမှာစကားပြောကြားရာတွင်-

  • မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ မှတ်တမ်းထားရှိမှုသည် အရေး ကြီးကြောင်း၊ မှတ်တမ်းတင်လုပ်ငန်းများ ဆောင်ရွက်ထားခြင်းဖြင့် မိမိတို့လုပ် ငန်းအတွက်သာမက နိုင်ငံတော်အတွက်လည်း များစွာအထောက်အကူပြုမည် ဖြစ်ကြောင်း၊ ၎င်းမှတ်တမ်းများမှတစ်ဆင့် သမိုင်းကိုသိနိုင်သကဲ့သို့ အနာဂတ် အတွက် သုံးသပ်မှုမှန်ကန်သော ဆုံးဖြတ်ချက်ထွက်ပေါ်လာစေရေး အထောက် အကူပြုမည်ဖြစ်ကြောင်း။
  • အစွမ်းထက်သည့်ဆေးဝါးများထုတ်လုပ်နိုင်ရေး ဆေးဝါးသုတေသနလုပ်ငန်းများ ကို ပိုမိုဆောင်ရွက်ရန်လိုကြောင်း။
  • မိမိတို့နိုင်ငံတွင် ပြည်တွင်း၌ ဆေးဝါးမလုံလောက်မှုများကြောင့် ပြည်ပမှနှစ်စဉ် တင်သွင်းနေရသဖြင့် အများအသုံးပြုသည့်ဆေးဝါးများကို ပြည်တွင်းလုံလောက် မှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း။
  • နိုင်ငံတော်ပိုင်စက်မှုလုပ်ငန်းများသည် ပြည်သူများ၏ သက်သာချောင်ချိရေး အတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
  • မိမိတို့ထုတ်လုပ်လိုက်သည့် ထုတ်ကုန်ပစ္စည်းများကို ပြည်သူများဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ပြီး ပြည်သူများအတွက် အကျိုးရှိအောင် ဆောင်ရွက်ရန်လိုကြောင်း။
  • ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးများ ကောင်းမွန်နေရန်နှင့် ထုပ်ပိုးမှုများ လည်း ကောင်းမွန်ရန်လိုကြောင်း၊ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက အရည်အသွေးပိုမိုကောင်းမွန်ရမည်ဖြစ်ကြောင်း။
  • မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)မှ ပြည်သူများအတွက် လိုအပ် သည့်ဆေးဝါးများကို ထုတ်လုပ်နေခြင်းဖြစ်သည့်အတွက် နိုင်ငံအတွက်များစွာ အထောက်အကူပြုသည့် စက်ရုံတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ သည် BPI ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်းအတွင်း စိတ်ဝင်တစားဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြော ကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနသို့ ရောက်ရှိကြရာ စက်ရုံမှူးနှင့် တာဝန်ရှိ သူများက မြွေဆိပ်ဖြေဆေးထုတ်လုပ်နေမှု၊ မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ် လုပ်ရေးစက် Freeze Dryer Machine အသစ်နှင့်ပတ်သက်၍ စက်၏စွမ်းဆောင် ရည်များ၊ အသုံးပြုပုံများနှင့် ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထုတ်လုပ်မှုနည်းစဉ် များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကာ မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ် လုပ်ရေးစက် Freeze Dryer Machine အသစ်ကို ခလုပ်နှိပ်၍ စတင်လည်ပတ်စေခဲ့ပါ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မြန်မာ့ ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား ဆေးဝါးပညာရှင်ကြီးများနှင့်တွေ့ဆုံရာတွင်

  • မြန်မာ့ဆေးဝါးလုပ်ငန်း BPI မှ ထုတ်လုပ်သည့် မြွေဆိပ်ဖြေဆေးအပါအဝင် အခြားသောဆေးဝါးမျိုးစုံတို့သည် လူတို့၏အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ရောဂါဘယများမှ ကာကွယ်ခြင်းနှင့် ကုသခြင်းတို့ကို စွမ်းဆောင်ပေးနိုင်ပြီး လူသားတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေသဖြင့် မွန်မြတ်သည့်အလုပ် တစ်ခုလည်းဖြစ်ကြောင်း။
  • မြန်မာ့ဆေးဝါးလုပ်ငန်း BPI အနေဖြင့် ရှိပြီးဖြစ်သည့် အရည်အသွေးကောင်း များကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမှာလည်း ယခင်တာဝန်ထမ်းဆောင်ခဲ့ သည့် ဆေးဝါးပညာရှင်ကြီးများ၏ လက်ဆင့်ကမ်းမျှဝေမှု၊ မျိုးဆက်သစ် ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုတို့ကြောင့်ပင်ဖြစ်သဖြင့် မိမိအနေဖြင့် များစွာချီးကျူးအသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများ၊ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်း စားဆေးဝါးပညာရှင်ကြီးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၈-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မြန်မာ့ ဆေးဝါးလုပ်ငန်း BPI Pharmaceutical Museum နှင့် မြွေဆိပ်ဖြေဆေး အအေးခဲခြောက်ထုတ်လုပ်ရေးစက် Freeze Dryer Machine အသစ် ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့။
  • အစွမ်းထက်သည့်ဆေးဝါးများထုတ်လုပ်နိုင်ရေး ဆေးဝါးသုတေသနလုပ်ငန်းများ ကို ပိုမိုဆောင်ရွက်ရန်လို။
  • မိမိတို့နိုင်ငံတွင် ပြည်တွင်း၌ ဆေးဝါးမလုံလောက်မှုများကြောင့် ပြည်ပမှနှစ်စဉ် တင်သွင်းနေရသဖြင့် အများအသုံးပြုသည့်ဆေးဝါးများကို ပြည်တွင်းလုံလောက် မှုရှိအောင် ဆောင်ရွက်ရန်လို။
  • နိုင်ငံတော်ပိုင်စက်မှုလုပ်ငန်းများသည် ပြည်သူများ၏ သက်သာချောင်ချိရေး အတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်။

Add new comment