ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နိုင်ငံတော်သံစုံတီးဝိုင်း ဖျော်ဖြေတင်ဆက်မှုကို ဩဂုတ်လ ၁၃ ရက်တွင် ရန်ကင်းမြို့နယ်၊ မြဝတီမီဒီယာစင်တာ ရှိ Theatre ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
ဖျော်ဖြေပွဲအခမ်းအနားတွင် နိုင်ငံတော်သံစုံတီးဝိုင်းမှ နိုင်ငံတော်သီချင်းကို တီး မှုတ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ တက် ရောက်လာကြသူများက မတ်တပ်ရပ်အလေးပြုကြပါသည်။ ဆက်လက်ပြီး ASEAN Anthem သံစဉ်နှင့် နိုင်ငံတော်သံစုံတီးဝိုင်း၏ ပဏာမတေးသွား(MNSO Overture) တို့ကိုလည်းကောင်း၊ တူရိယာအမျိုးအစားများအလိုက် တီးမှုတ်တင်ဆက်၍လည်း ကောင်း နိုင်ငံတော်သံစုံတီးဝိုင်း အဖွဲ့သားများက ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး နိုင်ငံတော် သံစုံတီးဝိုင်းနှင့်အတူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တေးသံရှင်များ၊ နိုင်ငံကျော် ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များက မြန်မာသံစဉ်များ၊ ခေတ်ပေါ်သံစဉ်များနှင့် နိုင်ငံ တကာကမ္ဘာကျော်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် နိုင်ငံတော်သံစုံတီးဝိုင်း ဖျော်ဖြေရေးအဖွဲ့နှင့် ပြင်ပအဆို ရှင်များအား ဂုဏ်ပြုပန်းခြင်းများနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး လက် ဖက်ရည်ဝိုင်းတွင် အတူတကွသုံးဆောင်ကြကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။
အဆိုပါ ဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန် ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် အနုပညာရပ်ဝန်းအသီးသီးမှ နိုင်ငံကျော်အနုပညာရှင်များ တက်ရောက်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၈-၂၀၂၃)
- ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နိုင်ငံတော်သံစုံတီးဝိုင်း ဖျော်ဖြေတင်ဆက်မှုကို ရန်ကင်းမြို့နယ်၊ မြဝတီမီဒီယာစင်တာရှိ Theatre ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော် ဖြေတင်ဆက်ခဲ့ကြသည့် နိုင်ငံတော်သံစုံတီးဝိုင်း ဖျော်ဖြေရေးအဖွဲ့နှင့် ပြင်ပအဆို ရှင်များအား ဂုဏ်ပြုပန်းခြင်းများနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့။
Add new comment