ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ပြင်ဆင်ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဇန်နဝါရီလ ၃၁ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ပြင်ဆင်ဖွဲ့စည်းခဲ့ရာ-

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြု။
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးကိုကိုအား ခန့်အပ်တာဝန်ပေး။
  • ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးအောင်ဇော်အေးအစား ဦးအောင်အောင်အား အစားထိုးခန့်အပ်တာဝန်ပေး။
  • ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးသန်းဝင်းအား တာဝန်မှ အနားယူခွင့်ပြု။
  • ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်အဖြစ် ဦးကျော်မျိုးထွဋ်အား ခန့်အပ်တာ ဝန်ပေး။
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် ဦးမျိုးလှိုင်အား ခန့်အပ်တာဝန်ပေး။
  • အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးထိန်လင်းအား ခန့်အပ်တာဝန်ပေး။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာ ကျော်ထွန်းအား တာဝန်မှ အနားယူခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၂-၂၀၂၄)

 

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဇန်နဝါရီလ ၃၁ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ ပြင်ဆင်ဖွဲ့စည်းခဲ့။

Add new comment