တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

         တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ပုဏ္ဏားကျွန်းမြို့နယ်၊ ဆားကုန်ဘုတ်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့၍ စားနပ်ရိက္ခာများ လုယူခဲ့ဟူသည့် သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ AA သောင်းကျန်းသူများက အဆိုပါကျေးရွာအတွင်းရှိ လူနေအိမ်များကို အကာအကွယ်ယူ ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး နေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Ayeyarwaddy Times မှ တင်ထားသော ပလက်ဝမြို့ရှိ ဟုမ်းကျေးရွာကို တပ်မတော်က ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၇ ဦးသေဆုံးခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ တပ်မတော်မှ ပလက်ဝမြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။

PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းအတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၂-၂၀၂၄)

 

  • ဆားကုန်ဘုတ်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့၍ စားနပ်ရိက္ခာများ လုယူခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ AA သောင်းကျန်းသူများက အကာအကွယ်ယူ ချောင်းမြောင်းတိုက်ခိုက်ခဲ့ပြီး နေအိမ်များကို မီးရှို့ ထွက်ပြေးသွားခဲ့ခြင်းသာဖြစ်။
  • ပလက်ဝမြို့ရှိ ဟုမ်းကျေးရွာကို တပ်မတော်က ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ဦးသေဆုံးခဲ့ဟူသည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံ သတင်းဖြစ်ပြီး အဆိုပါသတင်းနှင့်ပတ်သက်၍ တပ်မတော်မှ ပလက်ဝမြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။

Add new comment