နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဩဂုတ်လ ၁၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သတင်းစာစက္ကူစက်ရုံ(သာပေါင်း) သို့ သွားရောက်၍ စက်ရုံစတင်ဖွင့်လှစ်လည်ပတ်ခြင်းအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။
စက်ရုံအစည်းအဝေးခန်းမတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့က အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့အား စက်မှုဝန်ကြီးဌာနမှ မြန်မာစီးပွားရေးကော်ပိုရေးရှင်းသို့ လွှဲပြောင်းရယူဆောင်ရွက်ခဲ့မှု၊ သတင်းစာစက္ကူစက်ရုံ(သာပေါင်း) လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့သည့် အခြေ အနေများကို အသီးသီးရှင်းလင်းတင်ပြကြပါသည်။
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာ၌-
- အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း)တို့ အနေ ဖြင့် ယခင်က လုပ်ငန်းလည်ပတ်ခဲ့ပြီးဖြစ်သည့် စက်ရုံများဖြစ်ပြီး အကြောင်းအမျိုး မျိုးကြောင့် လုပ်ငန်းလည်ပတ်မှုများ ရပ်တန့်ခဲ့ရကြောင်း။
- ယခုစက်ရုံစုသည် စွမ်းအားပြည့်လည်ပတ်နိုင်ပါက သတင်းစာစက္ကူအပြင် အခြား စက္ကူအမျိုးအစားများကိုလည်း ထုတ်လုပ်နိုင်ကြောင်း။
- ခေတ်ကာလ၏ အခြေအနေအရ Online မီဒီယာအသုံးပြုမှု ပိုမိုများပြားလာပြီး Printed မီဒီယာပိုင်း အားနည်းချက်ရှိလာသည်ကို တွေ့ရှိရကြောင်း။
- သတင်းစာစက္ကူလိုအပ်ချက်များမှာ ယခင်ကထက်လျော့နည်းလာသည်ကို တွေ့ရှိရ သော်လည်း နေ့စဉ်ထုတ်သတင်းစာများသည် သမိုင်းကို ဖော်ပြနေခြင်းဖြစ်သဖြင့် နိုင်ငံတိုင်းတွင် သတင်းစာများကို နေ့စဉ်ရိုက်နှိပ်ထုတ်ဝေနေရဆဲဖြစ်ပြီး သတင်းစာ စက္ကူ လိုအပ်ချက်သည်လည်း အမြဲမပြတ် ရှိနေမည်ဖြစ်ကြောင်း။
- စက်ရုံရပ်နားထားသည့်အချိန်အတွင်း ယခင်က ထုတ်လုပ်ခဲ့သည့် သတင်းစာစက္ကူ များကို ကြည့်ရှုစစ်ဆေးခဲ့ရာ အရည်အသွေးများစွာ ကောင်းမွန်မှုရှိသည်ကို တွေ့ရှိရ ကြောင်း၊ သတင်းစာထုတ်လုပ်ခြင်း၌သာမက ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်မှုများ အတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။
- စက္ကူလိုအပ်ချက်ကို ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံခြား ငွေ သုံးစွဲနေရမှုကို များစွာလျော့နည်းသွားစေမည်ဖြစ်ကြောင်း။
- ပြည်တွင်းကုန်ထုတ်လုပ်မှုများ မြှင့်တင်နိုင်ရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် စက်ရုံ၊ အလုပ်ရုံများ ပြည်လည်လည်ပတ်နိုင်ရေး မိမိတို့အနေ ဖြင့် ကြိုးပမ်းဆောင်ရွက်နေပြီး ယခုစက်ရုံမှ စက္ကူထုတ်လုပ်မှုများ ဆက်လက် တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့။
သတင်းစာစက္ကူစက်ရုံ(သာပေါင်း) စတင်လည်ပတ်ခြင်းအခမ်းအနားကို ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- သာပေါင်းသဘာဝဓာတ်ငွေ့ထိန်းသိမ်းဖြန့်ဖြူးရေးစခန်း၌ ကျင်းပပြုလုပ်သည့် သဘာဝ ဓာတ်ငွေ့ပို့လွှတ်မှု Gas Station ဖွင့်ပွဲ၌ ဓာတ်ငွေ့ပိုက်လိုင်းဘားကို လှည့်၍ ဖွင့် လှစ်ပေးပြီး သဘာဝဓာတ်ငွေ့ထိန်းသိမ်း ဖြန့်ဖြူးရေးစခန်းအတွင်း လှည့်လည်၍ Filtration System၊ Pressure Regulation System၊ Metering System တို့ဖြင့် ထိန်းသိမ်း ဖြန့်ဖြူးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့။
- သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စက်ရုံပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့။
- Chip Preparation Plant အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ သတင်းစာစက္ကူစက် ရုံ (သာပေါင်း) ကို စတင်စက်လည်ပတ်စေခဲ့ပြီး စက်ရုံအတွင်းလှည့်လည်၍ Chip Preparation Plant၊ Paper Making Plant ၊ Finishing Section တို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့။
- သတင်းစာစက္ကူစက်ရုံ (သာပေါင်း)မှ ပထမဦးဆုံး ထွက်ရှိလာသည့် သတင်းစာစက္ကူ ပေါ်၌ မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး စက်ရုံပြန်လည်လည်ပတ်နိုင်ရေးတွင် ပါဝင်ခဲ့ကြသည့် ပြည်ပနည်းပညာရှင်များအား ဂုဏ်ပြုသစ်သီးခြင်းကို လက်ဆောင် ပေးအပ်ခဲ့။
- အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)အတွင်း လှည့်လည်ကြည့်ရှုပြီး အဆင့်မြင့်စက္ကူ စက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) တို့မှ ဝန်ထမ်းများနှင့်အတူ နေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့။
နေ့လည်စာမသုံးဆောင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က-
- “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုသည့် ဆိုရိုးစကားနှင့်အညီ စာပေသည် လူ့ဘဝ တိုးတက်ရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေပြီး စာပေများကို ဖတ်ရှုနိုင်ရေးအတွက် စာများပုံနှိပ်ထုတ်ဝေရန် စက္ကူများသည် မဖြစ်မနေ လိုအပ် ကြောင်း။
- မြန်မာနိုင်ငံ၌ စက္ကူထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းများစွာရှိပြီး ဖြစ်သည့် အတွက် စက္ကူထုတ်လုပ်ခြင်းကို ဆောင်ရွက်နိုင်ရေး ယခုစက်ရုံကိုပြန်လည် လည် ပတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
- သတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို ပြန်လည် လည်ပတ်နိုင်ခြင်းသည် နိုင်ငံ၏ စက်မှုကဏ္ဍကို အသစ်တဖန်ဆန်းသစ်နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့။
အဆိုပါ သတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို ပြန်လည်လည်ပတ်နိုင်ရေး ဆောင် ရွက်၍ စက္ကူများထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော်အတွက် လိုအပ်သည့်စက္ကူလို အပ်ချက်များကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံခြားငွေ သုံးစွဲမှု များကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများစွာကိုလည်း ပြန်လည်ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၈-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သတင်းစာ စက္ကူစက်ရုံ(သာပေါင်း) ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စက်ရုံပြန်လည် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခဲ့။
- Chip Preparation Plant အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ သတင်းစာစက္ကူစက် ရုံ (သာပေါင်း) ကို စတင်စက်လည်ပတ်စေခဲ့ပြီး စက်ရုံအတွင်းလှည့်လည်၍ Chip Preparation Plant၊ Paper Making Plant ၊ Finishing Section တို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့။
- ယခုစက်ရုံစုသည် စွမ်းအားပြည့်လည်ပတ်နိုင်ပါက သတင်းစာစက္ကူအပြင် အခြား စက္ကူအမျိုးအစားများကိုလည်း ထုတ်လုပ်နိုင်။
- သတင်းစာစက္ကူလိုအပ်ချက်များမှာ ယခင်ကထက်လျော့နည်းလာသည်ကို တွေ့ရှိရ သော်လည်း နေ့စဉ်ထုတ်သတင်းစာများသည် သမိုင်းကို ဖော်ပြနေခြင်းဖြစ်သဖြင့် နိုင်ငံတိုင်းတွင် သတင်းစာများကို နေ့စဉ်ရိုက်နှိပ်ထုတ်ဝေနေရဆဲဖြစ်ပြီး သတင်းစာ စက္ကူ လိုအပ်ချက်သည်လည်း အမြဲမပြတ် ရှိနေမည်ဖြစ်။
- မြန်မာနိုင်ငံ၌ စက္ကူထုတ်လုပ်နိုင်သည့် ကုန်ကြမ်းပစ္စည်းများစွာရှိပြီး ဖြစ်သည့် အတွက် စက္ကူထုတ်လုပ်ခြင်းကို ဆောင်ရွက်နိုင်ရေး ယခုစက်ရုံကိုပြန်လည် လည် ပတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်။
- သတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို ပြန်လည် လည်ပတ်နိုင်ခြင်းသည် နိုင်ငံ၏ စက်မှုကဏ္ဍကို အသစ်တဖန်ဆန်းသစ်နိုင်ခဲ့ခြင်းပင်ဖြစ်။
Add new comment