(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၁ ရက်တွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင်-
-
အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်ကစတင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့်အထိ ခမ်းနားသိုက်မြိုက်စွာ နှစ်စဉ် ရည်ရွယ်ချက်ကောင်းများစွာနှင့် ၂၀၁၆ ခုနှစ်အထိ (၂၂) ကြိမ်တိုင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း။
-
၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ ၅ နှစ်တာ ကာလအတွင်း အကြောင်းပြချက် အမျိုးမျိုးဖြင့် ယခင် ပြည်ထောင်စုအစိုးရမှ ကျင်းပပေးနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း။
-
ထိုသို့ကြာမြင့်ချိန်ကာလအတွင်း ပြိုင်ပွဲအချို့ မြန်မာ့ရိုးရာယဉ်ကျေးမှု ပညာရပ် များနှင့် ကင်းကွာစပြုလာသလို သဘာရင့်ဝါရင့် သက်ကြီးပညာရှင်အချို့ တိမ်းပါး ကွယ်လွန်ခဲ့ခြင်းများလည်းရှိခဲ့ကြောင်း။
-
၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) တွင် နိုင်ငံတော်ဝန်ကြီးချုပ်က (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ခမ်းခမ်းနား နားနှင့် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ရန် လမ်းညွှန်ခဲ့ကြောင်း။
-
ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီအနေဖြင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော် မတီဝင်များနှင့် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်အဆင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ရွက်ပုန်းသီး အနုပညာရှင် များစွာ ပေါ်ထွက်လာမှုနှင့်အတူ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း။
-
မြင့်မားသည့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့်ပြည်စုံသည့် နိုင်ငံ တစ်နိုင်ငံဆိုသည်မှာ ထိုနိုင်ငံ၏ သမိုင်းနှင့်ချီပြီး ရှည်လျားခဲ့သည့် ရိုးရာအစဉ်အလာ ဒြပ်ရှိဒြပ်မဲ့အထောက်အထားများအပြင် အဆင့်ဆင့် ပြောင်းလဲတိုးတက်လာသည့် ကိုယ်ပိုင်ယဉ်ကျေးမှု အနုသုခုမ အစဉ်အလာများသည် အဆိုပါနိုင်ငံ၏ ထူးခြား ပေါ်လွင်သည့် အဓိကသွင်ပြင်လက္ခဏာများပင်ဖြစ်ကြောင်း။
-
နိုင်ငံတော်က ဦးတည်ချက် ချမှတ်ပြီး အလေးအနက်ထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး၏ (၂၄) ကြိမ်မြောက် ပြိုင်ပွဲကြီးကို ယခင်နှစ်များကဲ့သို့ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း ဆွေးနွေးသွားကြရန် တိုက်တွန်းကြောင်း။
-
(၂၃) ကြိမ်မြောက်ပြိုင်ပွဲမှ အားနည်းချက်များကို သင်ခန်းစာယူ၍ အားသာချက်များ အဖြစ်ပြောင်းလဲကာ ပြိုင်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်း ကြိုးပန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့။
အစည်းအဝေးသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက ယခင်ပြိုင်ပွဲ ကျင်းပနိုင်ခဲ့မှုအခြေအနေများ၊ ယခုပြိုင်ပွဲကျင်းပမည့် အစီအမံများနှင့် ဆုချီးမြှင့်မည့် အခြေအနေများ၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရေးတို့နှင့်ပါတ်သတ်၍ ဆွေးနွေးတင်ပြ ခဲ့ကြပါသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များ၊ အကဲ ဖြတ်ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၈-၂၀၂၃)
-
အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်ကစတင်ပြီး ၂၀၁၆ ခုနှစ်အထိ (၂၂) ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့။
-
၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်း အဝေးအမှတ်စဉ် (၃/၂၀၂၂) တွင် နိုင်ငံတော်ဝန်ကြီးချုပ်က (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ရန် လမ်းညွှန်ခဲ့။
-
မြင့်မားသည့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့်ပြည်စုံသည့် နိုင်ငံတစ် နိုင်ငံဆိုသည်မှာ ထိုနိုင်ငံ၏ သမိုင်းနှင့်ချီပြီး ရှည်လျားခဲ့သည့် ရိုးရာအစဉ်အလာ ဒြပ်ရှိဒြပ်မဲ့အထောက်အထားများအပြင် အဆင့်ဆင့် ပြောင်းလဲတိုးတက်လာသည့် ကိုယ်ပိုင်ယဉ်ကျေးမှု အနုသုခုမ အစဉ်အလာများသည် အဆိုပါနိုင်ငံ၏ ထူးခြား ပေါ်လွင်သည့် အဓိကသွင်ပြင်လက္ခဏာများပင်ဖြစ်။
-
(၂၃) ကြိမ်မြောက်ပြိုင်ပွဲမှ အားနည်းချက်များကို သင်ခန်းစာယူ၍ အားသာချက် များ အဖြစ်ပြောင်းလဲကာ ပြိုင်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်း ကြိုးပန်းဆောင်ရွက်ကြစေလို။
Add new comment