နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုနှင့် ပုသိမ်မြို့ရေပေးဝေရေးလုပ်ငန်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဩဂုတ်လ ၁၁ ရက်တွင် တာဝန်ရှိသူများ လိုက်ပါ၍ ဧရာဝတီ တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်နေမှုများနှင့် ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားပြိုင်ကွင်းသို့ ရောက်ရှိကြရာ အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က-

  • အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံနှင့် လူမျိုး၏ ဂုဏ်ကို မြှင့်တင်ပေးခြင်းပင်ဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များနှင့် အမျိုးသားရေး စိတ်ဓာတ် များကိုလည်း နိုးကြားတက်ကြွလာစေမည်ဖြစ်ကြောင်း။
  • အားကစားအဆင့်အတန်း ကောင်းမွန်အဆင့်မြင့်လာစေရေးအတွက် အားကစား ကွင်းများ၊ အားကစားရုံများသည် သတ်မှတ်ထားသည့် အဆင့်အတန်းမီရန်လို ကြောင်း မှာကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားပြိုင်ကွင်း၊ ကျောက်တိုင်အားကစားကွင်းနှင့် ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆင့်မြင့် ရေကူးကန်တည်ဆောက်နေမှု အခြေအနေ များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူမျာအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းသို့ သွားရောက်စစ်ဆေး၍ ရေကိုအကျိုးမဲ့ သုံးစွဲမှု မရှိစေရေး ပြည်သူများကို အသိပညာပေး ဆောင်ရွက်ရန်လိုကြောင်း၊ ပုသိမ်မြို့သည် မိုးများသည့်ဒေသဖြစ်သဖြင့် မိုးရေကို စုဆောင်းသိုလှောင်၍လည်း အသုံးပြုနိုင်ကြောင်း၊ ရေသန့်စင်စက်ရုံအနီး မြစ်ကြောင်းအတွင်း သဲနုန်းတင်ခြင်းများကို လျှော့ချနိုင်ရန် အတွက် ကမ်းပါးများအနီး၌ သစ်ပင်များကို တတ်နိုင်သမျှ စိုက်ပျိုးထိန်းသိမ်းရန်လို ကြောင်းဖြင့် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

အဆိုပါ ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းအနေဖြင့် ငဝန်မြစ်အတွင်းမှရေများကို တစ်ရက်လျှင် ရေဂါလံ ၄ ဒသမ ၅ သန်းကို သန့်စင်ပေးနိုင်ပြီး ယခုအခါ ပုသိမ်မြို့ အတွင်းသို့ ရေပိုက်လိုင်းများသွယ်တန်း၍ သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၈-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဝန်ရှိ သူများ လိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍမြှင့်တင်ရေး ဆောင်ရွက်နေမှုများနှင့် ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းတို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့။
  • အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံနှင့် လူမျိုး၏ ဂုဏ်ကို မြှင့်တင်ပေးခြင်းပင်ဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များနှင့် အမျိုးသားရေး စိတ်ဓာတ် များကိုလည်း နိုးကြားတက်ကြွလာစေမည်ဖြစ်။
  • ပုသိမ်မြို့ ရေပေးဝေရေးလုပ်ငန်းအနေဖြင့် ငဝန်မြစ်အတွင်းမှရေများကို တစ်ရက် လျှင် ရေဂါလံ ဒသမ သန်းကို သန့်စင်ပေးနိုင်ပြီး ယခုအခါ ပုသိမ်မြို့အတွင်းသို့ ရေပိုက်လိုင်းများသွယ်တန်း၍ သက်သာသောဈေးနှုန်းဖြင့် နေ့စဉ်ရေများ ဖြန့်ဝေပေး လျက်ရှိ။

Add new comment