နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြား

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ လိုက်ပါ၍ ဩဂုတ်လ ၁၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြို့မိ၊ မြို့ဖ များအား အစိုးရအဖွဲ့ရုံး ဧည့်ရိပ်သာ၌ တွေ့ဆုံဆွေးနွေး‌ခဲ့ရာတွင်-

  • ဧရာဝတီတိုင်းဒေသကြီးသည် ဆန်ဖူလုံမှု မြင့်မားမှုရှိသည်ကို တွေ့ရှိရပြီး အရည် အသွေးကောင်းသည့် စပါးမျိုးများကို ပိုင်ဆိုင်ထားကြောင်း။
  • ပညာရေးနှင့်ပတ်သက်၍လည်း ကျောင်းတက်ရောက်သူဦးရေ အများဆုံး၊ ကျောင်း နေထိုင်မှုနှင့် အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်သည်ကို တွေ့ရှိရပြီး ဂုဏ်ယူဖွယ် ရာပင်ဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့် ပညာရေးကို အားပေးမြှင့်တင်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာ အထက်တန်းကျောင်းများကို ခရိုင် ၅၀ ခု၌ ဖွင့်လှစ်ထားရှိကာ ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် မြို့မိ၊ မြို့ဖများအနေဖြင့်လည်း မိမိတို့တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရင်းနှီးပွင့်လင်း စွာအမြင်ချင်းဖလှယ်ဆွေးနွေးပြောကြားကြစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့။

         ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြို့မိ၊ မြို့ဖများက ယခုကဲ့သို့ နိုင်ငံတော် အကြီးအကဲနှင့် တိုက်ရိုက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောကြားခွင့်ရသည်မျိုးမှာ ယခင်က မရှိခဲ့ပါကြောင်း၊ နိုင်ငံ့အကျိုး၊ ဒေသအကျိုးအတွက် အောက်ခြေထိဆင်း၍ အကွက်ကျကျ ဆောင်ရွက်နေသဖြင့် အားကိုးဂုဏ်ယူမိပါကြောင်းနှင့် လိုအပ်ချက်များ ကို ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေး ပြောကြား ခဲ့ပါသည်။

ဆွေးနွေးမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က-

  • ဒေသတွင်း၌ ရှိပြီးဖြစ်သည့် မျိုးရင်းများ မပျောက်ကွယ်စေရေးနှင့် အရည်အသွေး ကျဆင်းမှုမရှိစေရေး သုတေသနပြုလုပ်ငန်းများ အမြဲမပြတ် ဆောင်ရွက်နေရန် လိုကြောင်း။
  • ဧရာဝတီတိုင်းဒေသကြီးသည် ငါးမွေးမြူရေး ပြုလုပ်ရန် ကောင်းမွန်သည့်ဒေသတစ်ခု ဖြစ်ကြောင်း၊ အဆင့်မြင့်ငါးထုတ်ကုန်များကို ရောင်းချနိုင်မည့် ဈေးကွက်သည်လည်း ရှိပြီးဖြစ်ကြောင်း။
  • နွားမွေးမြူရေးနှင့်ပတ်သက်၍လည်း အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေ တွင်ရှိပြီးဖြစ်သဖြင့် တိုးချဲ့ဆောင်ရွက်မည်ဆိုပါက ဒေသနှင့်တိုင်းပြည်အတွက် များ စွာ အကျိုးရှိစေမည်ဖြစ်ကြောင်း။
  • အထွက်နှုန်းကောင်းမွန်ရေးအတွက် ဓာတ်မြေဩဇာများစွာ ထည့်သွင်းအသုံးပြု ခြင်းသည် မူလမျိုးကောင်းမျိုးသန့်များ၏ အရည်အသွေးကို ထိခိုက်လာစေသည်ကို တွေ့ရှိရသဖြင့် သဘာဝမြေဩဇာကို အတတ်နိုင်ဆုံးသုံးစွဲခြင်းဖြင့် မြေအရည်အသွေး နှင့် မျိုးအရည်အသွေးကို ထိန်းသိမ်းသွားရန်လိုကြောင်း။
  • စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးကောင်းမွန်ရမည်၊ မြေအရည် အသွေး ကောင်းမွန်အောင် စနစ်တကျပြုပြင်ရမည်၊ စိုက်ပျိုးရေ၊ အောင်ရေလုံ လောက်စွာ ရရှိနိုင်ရမည်၊ စိုက်နည်းစနစ်များ မှန်ကန်ရမည်ဖြစ်ကြောင်း၊ အထက်ပါ အချက်လေးချက်ဖြင့် ပြည့်စုံပါက စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ် ကြောင်း။
  • ပုသိမ်လေယာဉ်ကွင်းကိုလည်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရေး စီမံ လျက်ရှိကြောင်း။
  • ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံအတွက် အားထားရသည့် တိုင်းဒေသကြီးတစ်ခု ဖြစ်ပြီး စိုက်ပျိုးရေးတွင် စံနမူနာပြတိုင်းဒေသကြီးအဖြစ် ဖော်ဆောင်ကြရန်လို ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မြို့မိ၊ မြို့ဖ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ပုသိမ်မြို့အတွင်း‌ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ပြီးနောက် ဇနီး ဒေါ်ကြူကြူလှနှင့်အတူ ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဋ္ဌော မဟာ စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို၍ စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများနှင့် စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။  

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကြည်ညိုသပ္ပါယ် ဖွယ်ဖြစ်စေရေး အမြဲမပြတ် ထိန်းသိမ်းဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားပြီး စေတီတော်မြတ်ကြီး အာရုံခံတန်ဆောင်းအတွင်းရှိ သာသနာရေးဆိုင်ရာပစ္စည်းများနှင့် ရိုးရာလက်မှုပစ္စည်း အရောင်းဆိုင်များအား လှည့် လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၈-၂၀၂၃)

 

  • မိမိတို့အနေဖြင့် ပညာရေးကို အားပေးမြှင့်တင်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာ အထက်တန်းကျောင်းများကို ခရိုင် ၅၀ ခု၌ ဖွင့်လှစ်ထားရှိကာ ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်။
  • ယခုကဲ့သို့ နိုင်ငံတော်အကြီးအကဲနှင့် တိုက်ရိုက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြော ကြားခွင့်ရသည်မျိုးမှာ ယခင်က မရှိခဲ့၊ နိုင်ငံ့အကျိုး၊ ဒေသအကျိုးအတွက် အောက် ခြေထိဆင်း၍ အကွက်ကျကျ ဆောင်ရွက်နေသဖြင့် အားကိုးဂုဏ်ယူမိ။
  • ဒေသတွင်း၌ ရှိပြီးဖြစ်သည့် မျိုးရင်းများ မပျောက်ကွယ်စေရေးနှင့် အရည်အသွေး ကျဆင်းမှုမရှိစေရေး သုတေသနပြုလုပ်ငန်းများ အမြဲမပြတ် ဆောင်ရွက်နေရန်လို။
  • အထွက်နှုန်းကောင်းမွန်ရေးအတွက် ဓာတ်မြေဩဇာများစွာ ထည့်သွင်းအသုံးပြု ခြင်းသည် မူလမျိုးကောင်းမျိုးသန့်များ၏ အရည်အသွေးကို ထိခိုက်လာစေသည်ကို တွေ့ရှိရသဖြင့် သဘာဝမြေဩဇာကို အတတ်နိုင်ဆုံးသုံးစွဲခြင်းဖြင့် မြေအရည်အသွေး နှင့် မျိုးအရည်အသွေးကို ထိန်းသိမ်းသွားရန်လို။
  • ပုသိမ်လေယာဉ်ကွင်းကိုလည်း အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာမှ လေယာဉ်များဆင်းသက်နိုင်သည်အထိ ဆောင်ရွက်ပေးနိုင်ရေး စီမံ လျက်ရှိ။

Add new comment