ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ သော်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်း အနားကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ၌ ကျင်းပခဲ့ရာ-

  • ဩဂုတ်လ ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အမရ ပူရမြို့နယ်နှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁၀ ဦးတို့သည် ၎င်းတို့နှင့်အတူ လက်လုပ်ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၅ တောင့်တို့အား အပ်နှံခဲ့။
  • တာဝန်ရှိသူများက  လက်နက်/ခဲယမ်းပါရှိမှုအတွက် ဆုကြေးငွေများ ပြန်လည် ပေးအပ်ခဲ့ပြီး အလင်းဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏အုပ်ထိန်းသူ မိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံခဲ့။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့ အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ် မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဟု အသိပေး ထုတ်ပြန်ထားပြီး ဩဂုတ်လ ၁၁ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူ PDF အဖွဲ့ဝင် အမျိုးသား ၄၈၁ ဦးနှင့် အမျိုးသမီး ၁၃၉ ဦး၊ စုစုပေါင်း ၆၂၀ ဦး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ  ၁၂-၈-၂၀၂၃)

 

  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့သော် လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသူ PDF အဖွဲ့ဝင် အမျိုးသား ၁၀ ဦးတို့သည် ၎င်းတို့နှင့်အတူ လက်လုပ်ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၅ တောင့်တို့အား အပ်နှံခဲ့ရာ တာဝန်ရှိသူများက  ဆုကြေးငွေများ ပြန်လည်ပေးအပ်ခဲ့။
  • ဩဂုတ်လ ၁၁ ရက်အထိ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ PDF အဖွဲ့ဝင် အမျိုးသား ၄၈၁ ဦးနှင့် အမျိုးသမီး ၁၃၉ ဦး၊ စုစုပေါင်း ၆၂၀ ဦးရှိပြီဖြစ်

Add new comment