နိုင်ငံတကာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မြန်မာ့ပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ပြည်ပနိုင်ငံများသို့ စီးပွားရေးသံမှူးများ စေလွှတ်ခြင်းအပြင် ပြည်တွင်း/ပြည်ပ ကုန်စည်ပြပွဲများ၌ မြန်မာ လုပ်ငန်းရှင်များပါဝင်ပြသနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးလျက်ရှိပါသည်။
- ကာတာနိုင်ငံ ဒိုဟာမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်အထိ ၆ လကြာ ကျင်းပမည့် "Horticultural Expo 2023"တွင် မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းဆောင်ပါဝင်ပြသသွားမည်ဖြစ်။
- အိန္ဒိယနိုင်ငံ India Expo Center & Mart,Greater Noida,Delhi NCR တွင် ဩဂုတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပမည် 2nd Khilona-India Toys & Games Fair -2023 ပြပွဲများသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိ။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က ပြပွဲများတွင် မြန်မာပြခန်းဆောင်ဒီဇိုင်းရေးဆွဲထားမှု၊ ပြပွဲကာလအတွင်း ထည့်သွင်း ကျင်းပမည့် အစီအစဉ်များနှင့် ပြပွဲတွင် မြန်မာပြခန်းဆောင်အောင်မြင်စွာ ပါဝင်ပြသနိုင် ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၈-၂၀၂၃)
- ကာတာနိုင်ငံ ဒိုဟာမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်အထိ ၆ လကြာ ကျင်းပမည့် "Horticultural Expo 2023"နှင့် အိန္ဒိယနိုင်ငံတွင် ဩဂုတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပမည် 2nd Khilona-India Toys & Games Fair -2023 ပြပွဲများသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များ ပါဝင်ပြသနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိ။
Add new comment