လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ကရင်ပြည်နယ်၊ ဘားအံမြို့နှင့် ကျုံဒိုးမြို့တို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ယာယီပြောင်းရွှေ့ နေထိုင်လျက်ရှိသော ရေဘေးသင့်ပြည်သူများအား ဩဂုတ်လ ၉ ရက်တွင် သွားရောက် အားပေးစကားပြောကြားခဲ့ပြီး စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထိုသို့ ပေးအပ်ရာတွင် ဘားအံမြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၉ ခုမှ အိမ်ထောင်စု ၇၀၄ စု၊ လူဦးရေ ၃,၄၇၀ ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၃၁,၂၃၀,၀၀၀ နှင့် ငွေကျပ် ၂,၂၆၂,၁၄၀ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများ၊ ကျုံဒိုးမြို့ရှိ ရေဘေးကယ် ဆယ်ရေးစခန်း ၃ ခုမှ အိမ်ထောင်စု ၁၇၂ စု၊ လူဦးရေ ၇၅၂ ဦးအတွက် ဆန်ရိက္ခာဖိုး ငွေကျပ် ၆,၇၆၈,၀၀၀ နှင့် ငွေကျပ် ၈၄၂,၂၄၀ ကျပ်တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၈-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဘားအံမြို့နှင့် ကျုံဒိုးမြို့တို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ယာယီပြောင်းရွှေ့နေထိုင်လျက် ရှိသော ရေဘေးသင့်ပြည်သူများအား သွားရောက်အားပေးစကားပြောကြားခဲ့ပြီး စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့။
Add new comment