NUG ၊ CRPH တို့၏ လက်ဝေခံ PDF အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မြို့ရွာများမှ ၎င်းတို့၏ မတရားအနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်ထားသော နိုင်ငံ့ဝန်ထမ်းနှင့် ကျေးရွာသူ/သား၊ စုစုပေါင်း ၃၀ ဦးအား ဩဂုတ်လ ၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာရှိ နေအိမ် ၂ လုံးအတွင်းမှ ကောင်းမွန်စွာ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၅ ရက်တွင် PDF အကြမ်းဖက်သမားများက စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘုန်းကုန်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာ လယ်ကွင်းများ၌ စပါးစိုက်ပျိုးနေကြသည့် ဒေသခံပြည်သူ ၂၁ ဦးနှင့် နွား၊ သိုး၊ ဆိတ်နှင့် လှည်းများအား အတင်းအဓမ္ဓ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ အဆိုပါ ကျေးရွာသူ/ သားများအား ငွေကြေးဖြင့်ရွေးရန် အတင်းအဓမ္မခြိမ်းခြောက်ခြင်းများ လုပ်ဆောင်လျက် ရှိသဖြင့် ဒေသခံပြည်သူများက ဖမ်းဆီးခံကျေးရွာသူ/သားများအား ပြန်လည်ကယ်တင် ပေးရန် နယ်မြေခံတပ်သို့ လာရောက်အကူအညီတောင်းခံခဲ့ပါသည်။
ဒေသခံပြည်သူများ၏ လာရောက်အကူအညီတောင်းခံမှုအရ လုံခြုံရေးတပ်ဖွဲ့ ဝင်များက မြေပြင်သတင်းဖော်ထုတ်၍ ဩဂုတ်လ ၉ ရက်၊ နံနက် ၁ နာရီခန့်တွင် PDF အကြမ်းဖက်သမားများ၏ ယာယီအခြေပြုနေထိုင်သည့် ခင်ဦးမြို့နယ်၊ ရွာသန်းကျေးရွာသို့ ဝင်ရောက်စီးနင်း ရှာဖွေကယ်ဆယ်ခြင်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၅ နာရီ ၁၀ မိနစ် ခန့်တွင် အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံထားရသော အပြစ်မဲ့ဒေသခံပြည်သူ ၂၉ ဦးနှင့် မီးသတ်ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၃၀ ဦးတို့အား ကယ်ထုတ်နိုင်ခဲ့ပါသည်။ ထို့အပြင် PDF အကြမ်းဖက်သမားများထံမှ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ် ဗုံးသီး ၄၂ လုံး၊ လက်လုပ်ရှော့တိုက်ဒုံး ၁၂ လုံး၊ လက်လုပ်သေနတ် ၄ လက်၊ မိုင်းမျိုးစုံ ၁၆ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပါသည်။
PDF အကြမ်းဖက်သမားများ၏ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ကျေးရွာ သူ/သားများ၏ ရင်တွင်းစကားသံများမှာ-
- ဩဂုတ်လ ၅ ရက်တွင် PDF အကြမ်းဖက်သမားများက လယ်ယာလုပ်ကိုင် နေသည့် ဒေသခံပြည်သူများအား လက်ပြန်ကြိုးတုပ်၊ မျက်စိကို ပုဝါဖြင့် ပိတ် စည်း၍လည်းကောင်း၊ နွားကျောင်းသား၊ ဆိတ်ကျောင်းသားများနှင့်အတူ နွားအုပ်၊ သိုးနှင့် ဆိတ်အုပ်များ၊ စုစုပေါင်းအကောင်ရေ ၃၀၀ ကျော်အားလည်းကောင်း အတင်းအဓမ္မဖမ်းဆီးပြီး မည်သည့်ရွာသို့ ခေါ်သွားသည်ကို မသိရှိခဲ့ကြောင်း၊ ထွက်ပြေးလျှင် အကုန်သတ်ပစ်မည်ဟု ကြိမ်းဝါးပြောဆိုခဲ့ကြောင်း။
- ထို့နောက် PDF အကြမ်းဖက်သမားများက တစ်ယောက်ချင်း ထွက်ပြေးရန် စေခိုင်း ခဲ့ရာ မိမိတို့အနေဖြင့် ထွက်မပြေးရဲသောကြောင့် သေအတူရှင်အတူနေမည်ဟု ဆုံးဖြတ်ခဲ့ပြီး အတူတူနေခဲ့ကြကြောင်း။
- နေရပ်သို့ပြန်ချင်လျှင် ငွေကြေးဖြင့် လာရောက်ရွေးရန် အတင်းအဓမ္မ ခြိမ်းခြောက် ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ မိမိတို့တွင် ပေးဆောင်ရန် စုဆောင်းထားသည့် ငွေကြေးမရှိသဖြင့် အိမ်မွေးတိရစ္ဆာန်များကို ရောင်းချ၍ ရသည့်ငွေကြေးဖြင့် ဓားစားခံများကို ရွေးရန် ရည်ရွယ်ထားသော်လည်း မိမိတို့ပိုင်ဆိုင်သည့် အိမ်မွေး တိရစ္ဆာန်များကိုပါမချန် PDF အကြမ်းဖက်သမားများက ဖမ်းဆီးသွားသောကြောင့် သွားရောက်ရွေးရန် ဒုက္ခရောက်နေကြောင်း။
- တစ်ချို့ရွာများမှ ဖမ်းလာသောသူများအား ပိုက်ဆံတောင်းပြီး သတ်မှတ်ထားသည့် ပမာဏအတိုင်း မပေးနိုင်သည့်သူများကို သတ်ဖြတ်ခဲ့သည့်အပြင် ဦးခေါင်းဖြတ်ပြီး အလောင်းအား မူးချောင်းထဲသို့ ရေမျောခြင်းများ လုပ်ဆောင်ခဲ့သည်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြောင်း။
- ဩဂုတ်လ ၉ ရက်တွင် မိမိတို့အားလုံးကို အသက်ရှင်လျက် ပြန်လည်လွတ် မြောက်အောင် လာရောက်ကယ်ထုတ်ခဲ့သည့် ပြည်သူ့တပ်မတော်သားများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း။
- အချို့မီဒီယာများတွင် PDF အကြမ်းဖက်သမားများက ပြည်သူများအပေါ် ကာကွယ်စောင့်ရှောက်နေသယောင် သတင်းမှားများအား လုပ်ကြံဖန်တီးရေးသား နေကြသော်လည်း မိမိတို့လက်တွေ့ဘဝတွင် PDF အကြမ်းဖက်သမားများက ဒေသခံရွာသားများအပေါ် အနိုင်ကျင့်၊ နှိပ်စက်၊ သတ်ဖြတ်၊ ဓားပြတိုက်မှုများ အပါအဝင် အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေကြကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင် ခဲ့သည့်အပေါ် အလွန်တရာ ခံစားရကြောင်း ပြောကြားခဲ့ပါသည်။
အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက် လျက်ရှိသော အပြစ်မဲ့ကျေးရွာသူ/သားများကို အတင်းချုပ်နှောင်ဖမ်းဆီးခြင်း၊ နိုင်ငံ့ဝန် ထမ်းများကို အကြပ်ကိုင် ခြိမ်းခြောက်ချုပ်နှောင်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်း များနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာ ရောက်ပြီး အဆိုပါ စစ်ရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင် ရွက်မှု (Counter-terrorism Action) ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည် သူများအနေဖြင့်လည်း အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုသတင်းများရရှိပါကလုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားရန် အသိပေးထုတ်ပြန်ထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၈-၂၀၂၃)
|
Add new comment