ကာတာနိုင်ငံတွင် ကျင်းပမည့် "Horticultural Expo 2023" ၌ မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းဆောင်ပါဝင်ပြသမည်

       ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် "Horticultural Expo 2023"ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်အထိ  ၆ လကြာ ကျင်းပသွား မည်ဖြစ်ရာ  မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းဆောင်ပါဝင်ပြသသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၉ ရက်တွင် အဆိုပါကုန်စည်ပြပွဲ၌ မြန်မာပြခန်းဆောင်တာဝန်ခံအဖြစ် ဆောင်ရွက်မည့် Treasure Cap Group of Companies  မှ တာဝန်ရှိသူများက မြန်မာ ပြခန်းဆောင် ဒီဇိုင်းရေးဆွဲထားမှု၊  ပြပွဲကာလအတွင်း ထည့်သွင်းကျင်းပမည့် အစီအစဉ် များနှင့် ပြပွဲတွင် မြန်မာပြခန်းဆောင်အောင်မြင်စွာ ပါဝင်ပြသနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၈-၂၀၂၃)

 

  • ကာတာနိုင်ငံ ဒိုဟာမြို့တွင် "Horticultural Expo 2023"ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်အထိ  ၆ လကြာ ကျင်းပ သွားမည်ဖြစ်ရာ  မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းဆောင်ပါဝင်ပြသသွားမည်ဖြစ်။

Add new comment