နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများအား တွေ့ဆုံအမှာစကားပြောကြား

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများအား ဩဂုတ်လ ၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြား ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ၌-

  • အစိုးရတစ်ရပ်၏တာဝန်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်ဖြစ်ပြီး လက် တွေ့ကျသည့် စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်လိုကြောင်း။
  • ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်စာတတ်မြောက်စေရေး ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားပေးရန်လိုသကဲ့သို့ အခြားလိုအပ်သော မှန်ကန် သည့်တွေးခေါ်မှုနှင့် အသိအမြင်များ ရရှိရေးအတွက်လည်း သင်ကြားပေးရန် လိုကြောင်း။
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော သေချာခိုင်မာသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း။
  • လူနည်းစု၏အကျိုးစီးပွားထက် လူအများစု၏အကျိုးစီးပွားကို ဖော်ဆောင်ပေး နိုင်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုအားပေးဆောင်ရွက်ရန်လိုကြောင်း။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် မိမိတို့ဒေသအလိုက် စိုက်ပျိုး ရေးကဏ္ဍ၊ သားငါးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း။
  • MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ပြည်တွင်းကုန်ထုတ်လုပ်မှု များတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာကာ ဒေသ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကြောင်း။
  • ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းသည်လည်း မီးခိုးမထွက် သည့် စက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသတွင်းသို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ ဝင်ရောက်ခြင်းဖြင့် ဒေသအကျိုးစီးပွားကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သောကြောင့် အားပေးမြှင့်တင်ဆောင်ရွက်သွားရန်လိုကြောင်း။
  • မိမိတို့နိုင်ငံသားများအား မိမိတို့၏နိုင်ငံတွင်း၌ပင် နိုင်ငံတော်၏အရိပ်အာဝါသ အောက်၌ လုံခြုံစွာဖြင့် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ရေး မိမိတို့ အနေဖြင့် ကြိုးပမ်းဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း။
  • နိုင်ငံ့စီးပွားမြှင့်တင်ရေးဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များအားလုံးအနေဖြင့် အမှန်တကယ် အောင်မြင်မှုရှိစေရေး၊ နိုင်ငံတော်နှင့် ပြည်သူပြည်သားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်ရေး လက်တွေ့ကျကျ ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားခဲ့။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများက ဒေသအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ကောင်စီဝင်ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်ဓာတ်မြေဩဇာများ တင်သွင်းပေးလျက်ရှိမှုကို ရှင်းလင်းတင်ပြပြီးနောက် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် လုပ်ငန်းများဆောင်ရွက် လျက်ရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ ရင်းနှီးမြှုပ်နှံမှုချေးငွေများ ထုတ်ချေးပေးထားမှု၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုး တက်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင်-

  • တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဒေသစီးပွားရေးတိုးတက်စေရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ နှင့် စက်မှုကုန်ထုတ်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း။
  • နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအားလုံးက ဝိုင်းဝန်းတွန်းအားပေး ဆောင်ရွက်ကြရန်လိုကြောင်း။
  • မိမိတို့နိုင်ငံ၏အနာဂတ်အတွက် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များမွေး ထုတ်ပေးနိုင်ရေး ဆရာ၊ ဆရာမများသာမက မိဘများနှင့်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း ဖြင့် မှာကြားခဲ့။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၈-၂၀၂၃)

 

  • အစိုးရတစ်ရပ်၏တာဝန်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်ဖြစ်ပြီး လက် တွေ့ကျသည့် စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်လို။
  • ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်စာတတ်မြောက်စေရေး ဆရာ၊ ဆရာမ များအနေဖြင့် သင်ကြားပေးရန်လိုသကဲ့သို့ အခြားလိုအပ်သော မှန်ကန်သည့်တွေး ခေါ်မှုနှင့် အသိအမြင်များ ရရှိရေးအတွက်လည်း သင်ကြားပေးရန်လို။
  • လူနည်းစု၏အကျိုးစီးပွားထက် လူအများစု၏အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင် သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုအားပေးဆောင်ရွက်ရန်လိုကြောင်း။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် မိမိတို့ဒေသအလိုက် စိုက်ပျိုးရေး ကဏ္ဍ၊ သားငါးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ တိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားရန်လို။
  • MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာကာ ဒေသ၏လူမှု စီးပွားဘဝများ တိုးတက်လာမည်ဖြစ်။
  • ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းသည်လည်း မီးခိုးမထွက်သည့် စက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ဒေသတွင်းသို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ ဝင် ရောက်ခြင်းဖြင့် ဒေသအကျိုးစီးပွားကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သောကြောင့် အားပေးမြှင့်တင်ဆောင်ရွက်သွားရန်လို။
  • မိမိတို့နိုင်ငံသားများအား မိမိတို့၏နိုင်ငံတွင်း၌ပင် နိုင်ငံတော်၏အရိပ်အာဝါသ အောက်၌ လုံခြုံစွာဖြင့် အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ရေး မိမိတို့ အနေဖြင့် ကြိုးပမ်းဖော်ဆောင်ပေးနိုင်ရမည်ဖြစ်။

Add new comment