မိုခါမုန်တိုင်းသင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ချက်များ

          ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

  • ဩဂုတ်လ ၇ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက ပေးပို့သည့် ဆေးပစ္စည်းနှင့် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသည့် ဆောက်လုပ်ရေး ပစ္စည်း ၁.၀၆ တန်အား တင်ဆောင်၍ စစ်တွေလေဆိပ်သို့ တပ်မတော်(လေ)မှ လေယာဉ်/ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့။
  • ဩဂုတ်လ ၃ ရက်တွင် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မြစ်ကြီးနား)သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အခြေ ခံစားသောက်ကုန်များနှင့် အထွေထွေပစ္စည်းများ၊  ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးပစ္စည်းများ စုစုပေါင်းကုန်တန်ချိန် ၄၅၃.၂ တန်ခန့်အား တင်ဆောင်၍ စစ်တွေမြို့သို့ ပို့ဆောင်ပေးခဲ့။

          မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက် ရေး အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက   နေ့စဉ်ရောင်းချပေးလျက်ရှိရာ ဩဂုတ်လ ၃ ရက်မှ ၉ ရက်အထိ စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ပြင်ပ ပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။         

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၈-၂၀၂၃)

 

  • ဆိုင်ကလုန်းမုန်တိုင်း မိုခါ” (MOCHA) တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများ အတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော် လေယာဉ်/ရဟတ်ယာဉ်၊ ရေယာဉ်များဖြင့် ပို့ဆောင်လျက်ရှိ။
  • အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူ များက ဩဂုတ်လ ၃ ရက်မှ ၉ ရက်အထိ စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ဆက်လက် ရောင်းချပေးလျက်ရှိ။

Add new comment