နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာန များမှ တာဝန်ရှိသူများအား ဩဂုတ်လ ၈ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ရာတွင်-
- အသစ်ထပ်မံ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း။
- ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် မှာ အစိုးရ၏ တာဝန်ဖြစ်ပြီး နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်သည့် မည်သည့် အစိုးရမဆို နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည့်တာဝန်ရှိကြောင်း။
- မိမိတို့အစိုးရ၏ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီ စုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည် ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည် သာယာဝပြောရေး၊ စာရေးရိက္ခာဖူလုံရေးတို့ပင်ဖြစ်ပြီး တိုင်းပြည်သာယာဝပြောရေး ၌ ပြည်သူပြည်သားများအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက် နိုင်ရမည်၊ ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း။
- နိုင်ငံတစ်ခုတွင် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိနေရန်လိုကြောင်း၊ မြန်မာ နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များရှိနေသေးပြီး ယခုအချိန်အထိ နိုင်ငံ လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိ ရကြောင်း။
- လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မိမိတို့အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရှိသဖြင့် လတ်တလောဆောင်ရွက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး၊ လေအား၊ စပါးခွံသုံးဓာတ်ငွေ့လောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
- လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စားရေရိက္ခာဖူလုံမှုရှိစေရေး၊ လမ်းပန်း ဆက်သွယ်မှုများကောင်းမွန်စေရေး၊ ပညာရည်မြင့်မားစေရေး၊ သက်ရှည်ကျန်းမာ မှုရှိစေရေးနှင့် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိစေရေးတို့ကို မိမိတို့အစိုးရအနေ ဖြင့် အဓိကဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အသစ်ထပ်မံချမှတ်ထား သည့် ဦးတည်ချက် ၉ ရပ်အနက် နိုင်ငံရေးရည်မှန်းချက် ပထမအချက်ကို “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံ သည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေး” ဟု ချမှတ်ထားကြောင်း။
- ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို စည်းကမ်းမဲ့စွာဖြင့် ဆောင်ရွက်ခဲ့ ခြင်းသည် နိုင်ငံအတွက် အမည်းစက်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး မိမိတို့အတွက် သင်ခန်းစာတစ်ခုပင်ဖြစ်ကြောင်း။
- ဒီမိုကရေစီဆိုသည်မှာ၊ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ပေါင်းစပ်ထားသည့် ပြည်ထောင်စုပင်ဖြစ်ကြောင်း၊ ဒေသအလိုက် တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြခြင်းဖြစ်သဖြင့် ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရာတွင် လူမျိုးကို အခြေခံ၍မရဘဲ ဒေသကိုအခြေခံ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ရန်အတွက် အဓိကအားဖြင့် ဆူးညှောင့်ခလုတ်ဖြစ်နေသည်မှာ တိုင်းရင်း သားလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း။
- တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ လက်ရှိနိုင်ငံ၏ ပကတိ အခြေအနေများနှင့်ကိုက်ညီစွာ စဉ်းစားဆောင်ရွက်၍ အရှည်မျှော်တွေးဆောင်ရွက် ကြရန်လိုကြောင်း။
- မိမိတို့အနေဖြင့် NCA သဘောတူညီချက်အတိုင်း အလေးထားလုပ်ဆောင်ပြီး ထာဝရ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်သောကြောင့် နိုင်ငံရေးဦးတည် ချက် ဒုတိယအချက်ကို “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါအတိုင်း အလေး ထားလုပ်ဆောင်ရေး” ဟုချမှတ်ထားခြင်းဖြစ်ကြောင်း။
- နိုင်ငံရေးဦးတည်ချက် တတိယအချက်အနေဖြင့် “ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး” ဟူ၍ချမှတ်ထား ကြောင်း။
- မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တရားဥပဒေစိုးမိုးရေး တာဝန် ထမ်းဆောင်မှုနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များသည် အစိုးရတစ်ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိခိုက် စေနိုင်သဖြင့် ပြုပြင်ဆောင်ရွက်သွားရန်လိုကြောင်း။
- စီးပွားရေးဦးတည်ချက် ပထမအချက်ကို “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့်အကျုံးဝင်သော စိုက် ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ရေး” ဟူ၍ ချမှတ်ထားကြောင်း။
- အစိုးရအနေဖြင့် စိုက်ပျိုးမြေများကို အပြည့်အဝ ထိထိရောက်ရောက် အသုံးချနိုင်ရေး စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲ လျက်ရှိခြင်းကြောင့် နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်မှုများ ဖြစ်ပေါ် လျက်ရှိကြောင်း။
- မြေအသုံးချမှုနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည် ဖြစ်ပြီး ပြဋ္ဌာန်းချက်များနှင့်အညီ စိစစ်ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်သွားရန်လို ကြောင်း။
- ရေထွက်ကုန်များကို ထုတ်လုပ်ရာတွင် မွေးမြူထုတ်လုပ်ခြင်းထက် သဘာဝရေပြင် များမှ ဖမ်းဆီးထုတ်လုပ်မှုပမာဏ ပိုမိုများပြားနေသည်ကို တွေ့ရှိရသဖြင့် မွေးမြူ ထုတ်လုပ်ခြင်းကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားကြရန်လိုကြောင်း။
- စီးပွားရေးဦးတည်ချက် ဒုတိယအချက်ကို “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက် ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး ” ဟူ၍ ချမှတ်ထားကြောင်း။
- စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်း များကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ပြည်ပသို့ ကုန်ကြမ်းတင်ပို့ခြင်းထက် ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်မည်ဆိုပါက သွင်းကုန်ပမာဏကို လျှော့ချနိုင်မည်ဖြစ်ကဲ့သို့ ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း။
- စီးပွားရေးဦးတည်ချက် တတိယအချက်ကို “ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက် အတိုင်းထွက် ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး” ဟု ချမှတ်ထားကြောင်း။
- ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများကို ပန်းတိုင်ထွက်နှုန်း ပြည့်မီ အောင် ဆောင်ရွက်နိုင်ပါက စားသုံးဆီဖူလုံ၊ ပိုလျှံမှုရှိနိုင်သည်ကိုတွေ့ရကြောင်း။
- လူမှုရေးဦးတည်ချက် ပထမအချက်အနေဖြင့် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ် ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေး” ဟူ၍ ချမှတ်ထားကြောင်း။
- လူသားအရင်းအမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ် ပေးနိုင်ရန် အခြေခံပညာအထက်တန်းကျောင်းများ၌ ဝိဇ္ဇာ/ သိပ္ပံဘာသာရပ်များ အပြင် စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုပညာရပ်များကို တွဲဖက်သင်ကြားပေးလျက် ရှိကြောင်း။
- လူမှုရေးဦးတည်ချက် ဒုတိယအချက်အနေဖြင့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစား ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူ၍ ချမှတ်ထားပါကြောင်း။
- အားကစားသည် တိုင်းပြည်၏ စွမ်းပကားဖြစ်သည့်အပြင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေး သည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့်မီအားကစားကွင်း၊ အား ကစားရုံများ တည်ဆောက်ပေးခဲ့ပါကြောင်း။
- လူမှုရေးဦးတည်ချက် တတိယအချက်အနေဖြင့် “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလ ငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက် ရေး” ဟူ၍ ချမှတ်ထားကြောင်း။
- အစိုးရအနေဖြင့် လူငယ်များကိုအခြေခံသည့် အနာဂတ်ကို ဖန်တီးပေးရန်နှင့် ပညာရေးကဏ္ဍ တိုးတက်မြင့်မားအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
- ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် မိမိတို့ရည်မှန်းထားသည့် အနိမ့်အဆုံးအဆင့် KG + 9 အဆင့် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ပေးရန် လိုကြောင်း။
- ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက မည်သည့်အခက်အခဲ၊ အကျပ်အတည်းကိုမဆို ကျော်လွှားနိုင်မည်ဖြစ် ကြောင်း။
- နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း မှာကြားခဲ့။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့်တိုင်းဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ တက် ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ မြဝတီသတင်းစာ (၉-၈-၂၀၂၃)
- မိမိတို့အစိုးရ၏ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီ စုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည် ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည် သာယာဝပြောရေး၊ စာရေးရိက္ခာဖူလုံရေးတို့ပင်ဖြစ်ပြီး တိုင်းပြည်သာယာဝပြောရေး ၌ ပြည်သူပြည်သားများအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက် နိုင်ရမည်၊ ပညာသင်ကြားနိုင်ရမည်ဖြစ်။
- လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မိမိတို့အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရှိသဖြင့် လတ်တလောဆောင်ရွက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံး၊ လေအား၊ စပါးခွံသုံးဓာတ်ငွေ့လောင်စာအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ။
- ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို စည်းကမ်းမဲ့စွာဖြင့် ဆောင်ရွက်ခဲ့ ခြင်းသည် နိုင်ငံအတွက် အမည်းစက်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး မိမိတို့အတွက် သင်ခန်းစာတစ်ခုပင်ဖြစ်။
- ဒေသအလိုက် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြခြင်းဖြစ်သဖြင့် ဖက်ဒရယ် စနစ်ကိုဆောင်ရွက်ရာတွင် လူမျိုးကို အခြေခံ၍မရဘဲ ဒေသကိုအခြေခံ၍ ဆောင် ရွက်ရမည်ဖြစ်။
- တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ လက်ရှိနိုင်ငံ၏ ပကတိ အခြေအနေများနှင့်ကိုက်ညီစွာ စဉ်းစားဆောင်ရွက်၍ အရှည်မျှော်တွေးဆောင်ရွက် ကြရန်လို။
- ရေထွက်ကုန်များကို ထုတ်လုပ်ရာတွင် မွေးမြူထုတ်လုပ်ခြင်းထက် သဘာဝရေပြင် များမှ ဖမ်းဆီးထုတ်လုပ်မှုပမာဏ ပိုမိုများပြားနေသည်ကို တွေ့ရှိရသဖြင့် မွေးမြူ ထုတ်လုပ်ခြင်းကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားကြရန်လို။
- လူသားအရင်းအမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ မွေးထုတ် ပေးနိုင်ရန် အခြေခံပညာအထက်တန်းကျောင်းများ၌ ဝိဇ္ဇာ/ သိပ္ပံဘာသာရပ်များ အပြင် စိုက်ပျိုး၊ မွေးမြူရေး၊ စက်မှုပညာရပ်များကို တွဲဖက်သင်ကြားပေးလျက်ရှိ။
- ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက မည်သည့်အခက်အခဲ၊ အကျပ်အတည်းကိုမဆို ကျော်လွှားနိုင်မည်ဖြစ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အသစ်ထပ်မံချမှတ်ထား သည့် ဦးတည်ချက် ၉ ရပ်မှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်။
Add new comment