ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံ တော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ဩဂုတ်လ ၈ ရက်မှစတင်၍ အများပြည်သူ ဖူးမြော်ကြည်ညိုခွင့်ပြုခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကားခဲ့ပါသည်။
-
ဘုရားဖူးလာ ရဟန်းရှင်လူ၊ ပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား ဖူးမြော်ကြည်ညိုကြပြီး စိတ်အေးချမ်းသာစွာဖြင့် တရားဘာဝနာပွားများခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်းတို့ကို ဆောင်ရွက်ခဲ့။
-
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားရှိရာ ဗုဒ္ဓဥယျာဉ်တော် အတွင်း၌ ကျောက်စာရုံစေတီတော် အဆူ ၇၂၀ နှင့် မုစလိန္ဒကန်၊ နဂါးရုံဘုရား တို့ကိုလည်း ဘုရားဖူးလာပြည်သူများက ကြည်ညိုစွာဖြင့် ဖူးမြော်ကြ။
-
ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စနစ် တကျ တည်ဆောက်ထားရှိသည့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်း အသေးနေရာများ၌လည်း ဘုရားဖူးလာပြည်သူများအနေဖြင့် မိသားစုအလိုက် လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့လိုက်လည်းကောင်း ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်နေကြသည့် မြင်ကွင်းကိုလည်း တွေ့မြင်ခဲ့ရ။
-
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများအနေဖြင့် ကြည်ညိုသဒ္ဓါပွားများ လျက် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ပြီး ခုနှစ်ရက်သားသမီး အလှူရှင်များအနေဖြင့်လည်း ဘုရားဖူးပြည်သူများ သုံးဆောင် နိုင်ရန်အတွက် သက်သတ်လွတ် သီးစုံဒံပေါက်များကို အာဟာရဒါန စတုဒိသာ အဖြစ် ကျွေးမွေးလှူဒါန်းခဲ့။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းရှင်လူအများပြည်သူများ အနေဖြင့် ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့ လာ ရောက်ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၈-၂၀၂၃)
-
ဩဂုတ်လ ၈ ရက်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထား ရှိရာ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ကျောက်စာရုံစေတီတော် အဆူ ၇၂၀ နှင့် မုစလိန္ဒ ကန်၊ နဂါးရုံဘုရားတို့၌ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည် ညိုကြ သည့် ရဟန်း၊ ရှင်လူဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားခဲ့။
-
အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများအနေဖြင့် ကြည်ညိုသဒ္ဓါပွားများ လျက် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ပြီး ခုနှစ်ရက်သားသမီး အလှူရှင်များအနေဖြင့်လည်း ဘုရားဖူးပြည်သူများ သုံးဆောင် နိုင်ရန်အတွက် သက်သတ်လွတ် သီးစုံဒံပေါက်များကို အာဟာရဒါန စတုဒိသာ အဖြစ် ကျွေးမွေးလှူဒါန်းခဲ့။
Add new comment