မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ဩဂုတ်လ ၇ ရက်တွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ဇနီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၏ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယကများဖြစ်ကြသည့် ဒေါ်ခင်သက်ဌေးနှင့် ဒေါ်သန်းသန်းနွယ်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင် အဖွဲ့ဝင်အဖြစ် တက်ကြွစွာ ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာ နိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာ ဝေဝေသာက မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေး အသင်း လှုပ်ရှားမှုမှတ်တမ်းဗီဒီယိုကို ပြသခဲ့ပါသည်။ ယင်းနောက် မြန်မာနိုင်ငံအမျိုး သမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် အလှူရှင်များ၏ လှူဒါန်းမှုများကို ဂုဏ်ပြုမှတ်တမ်းတင် ကြေညာ ခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင် ရေးအသင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်အသင်း ဝင်များနှင့် တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အသစ်ပြဋ္ဌာန်းလိုက်သည့် အသင်းအဖွဲ့မှတ်ပုံ တင်ခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အသိပညာပေးအစီအစဉ်များနှင့် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၈-၂၀၂၂)
|
Add new comment