မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထိုမြို့နယ်နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့နယ်တို့၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များရှိ နေအိမ်အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။
ရေဘေးသင့်ပြည်သူများအတွက် ယာယီစခန်းများ ဖွင့်လှစ်ထားသည့် ဘီးလင်းမြို့၊ ဓမ္မဝိဟာရကျောင်း၊ မြို့နယ်အားကစားခန်းမ၊ အောင်ဇေယျခန်းမ၊ ငြိမ်းချမ်းရိပ်မြုံ ကျောင်း၊ အောင်သိဒ္ဒိကျောင်း၊ ရွှေဘုံသာကျောင်း၊ မြောက်ကျောင်းကြီး၊ စကားဝါကျောင်း၊ ကိုးနဝင်းကျောင်း၊ ငှက်ပျောတောကျောင်း၊ ပိန္နဲတောကျောင်း၊ ဖိုးလကြီးကျောင်း (မြို့သစ်)နှင့် လှိုင်းဘွဲ့မြို့၊ အောင်ဆန်းခန်းမ၊ ကမော့ကချူး Cyclone Shelter ၊ မြို့မဂျာမေဗလီ၊ ပိုင်ကျုံကျေးရွာနှင့် ဒေါ်လန်းကျေးရွာများသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်၍ ရေဘေးသင့်ပြည်သူများထံသို့ စားသောက်ကုန်များ၊ ထမင်းဘူးများနှင့် ထောက်ပံ့ငွေများအား အသီးသီးပေးအပ်ကာ အားပေးစကားပြောကြား ခဲ့ပါသည်။
အလားတူ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြတန်ဆောင်ယာယီခိုလှုံရာစခန်းနှင့် ဆင်ချရပ်ကွက်အနိမ့်ပိုင်းနေရာများသို့ ချောင်းရေများ ဝင်ရောက်လာပြီး ရေကြီးရေလျှံ မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် အဆိုပါနေရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှု အောက်ရှိ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များက ရေဘေးသင့် အိမ်ထောင်စုဝင်မိသားစုများနှင့် အိမ်အသုံးအဆောင်ပစ္စည်း များအား ရေဘေးလွတ်ရာဖြစ်သည့် မြတန်ဆောင်ဘုန်းတော်ကြီးကျောင်းသို့ ကူညီရွှေ့ပြောင်း ပေးခဲ့ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၈-၂၀၂၃)
-
ရေဘေးသင့်ပြည်သူများအတွက် ယာယီစခန်းများ ဖွင့်လှစ်ထားရှိပြီး တာဝန်ရှိသူများက သွားရောက်၍ ရေဘေးသင့်ပြည်သူများထံသို့ စားသောက်ကုန်များနှင့် ထောက်ပံ့ငွေ များအား အသီးသီးပေးအပ်ကာ အားပေးစကားပြောကြားခဲ့။
-
နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေး စခန်းများသို့ ရွေ့ပြောင်းပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့။
Add new comment