ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင် ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း အောက်ပါအတိုင်း ဖမ်းဆီးရမိခဲ့ပါသည်-
- ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၂၇.၉ ကီလို၊ ဘိန်းဖြူ ၃၀၁.၂၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၃၀၀,၈၅၈ ပြား၊ စိတ်ကြွရူး သွပ်ဆေးပြားအကြေ ၂၈၈ ကီလို၊ အိုက်စ် ၁၉၇.၅၇ ကီလို၊ ဆေးခြောက် ၂၉.၉၄ ကီလို၊ ဘိန်းဆီခဲ ၁၇၁.၅၁ ကီလို၊ အဆင့်နိမ့်ဘိန်း ၀.၀၂ ကီလို၊ ဘိန်းစာရွက် ၃၈၄ ကီလို၊ ဘိန်းစာမှုန့် ၀.၁ ကီလို၊ ဘိန်းစာရည် ၄.၅ လီတာ၊ အက်တက်စီဆေးပြား ၄,၈၉၇ ပြား၊ ကတ်တမင်း ၁,၁၃၃.၄၉ ကီလို၊ Happy Water ၁၂.၈၂ ကီလို၊ ကဖင်း ၆,၅၆၀ ကီလို၊ ဇိုလမ်ဆေးပြား ၁၀၅,၀၀၀ ပြား၊ Sedil ဆေးပြား ၃၅၀,၀၀၀ ပြား၊ Methy Ethyl Ketone ၂၆၂.၆ ကီလို၊ Sulphuric Acid ၁၂,၄၄၂ လီတာ၊ Hydrochloric Acid ၄၀,၀၄၀ လီတာ၊ Actone ၂,၂၁၀ လီတာ၊ Toluene ၁၇၀ လီတာ၊ Ammonium Nitrate ၇,၆၀၀ ကီလို၊ Ethyl Acetate ၂၆,၈၆၀ လီတာ၊ Vinllin ၅ ကီလို၊ Sodium Carbonate ၅,၀၀၀ ကီလို၊ Dichloromethane ၂၆,၇၂၀ လီတာ၊ ကော့စတစ်ဆိုဒါ ၅၇,၅၀၀ ကီလို၊ Food Colour ၅.၇ ကီလိုနှင့် အနံ့ဆေးရည် ၈ လီတာ စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၅၅,၀၁၀.၇၄၅ (US$ ၂၆.၁၉၅ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအမျိုးသား ၆၉၁ ဦး၊ အမျိုးသမီး ၁၀၉ ဦး၊ စုစုပေါင်းတရားခံ ၈၀၀ ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ယခင်လနှင့် နှိုင်းယှဉ်ရာတွင် မူးယစ်ဆေးဝါးတန်ဖိုး ငွေကျပ်သန်းပေါင်း ၂၁,၄၇၉.၉၇၇ (US$ ၁၀.၂၂၈ သန်းကျော်) ပိုမိုဖမ်းဆီးရမိခဲ့ပါသည်။
အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်း ပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၈-၂၀၂၃)
- ဇူလိုင်လအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ် သန်းပေါင်း ၅၅,၀၁၀.၇၄၅ (US$ ၂၆.၁၉၅ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအမျိုးသား ၆၉၁ ဦး၊ အမျိုးသမီး ၁၀၉ ဦး၊ စုစုပေါင်းတရားခံ ၈၀၀ ဦးအား ဖမ်းဆီးရမိခဲ့။
Add new comment