နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန် များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
-
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၂၁ ရက်အထိ လေးလနီးပါး ကာလ အတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုပမာဏ ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၆၈၃ ဒသမ ၁၀၄ သန်းနှင့် သွင်းကုန်မှ အမေရိကန်ဒေါ်လာ ၅၄၅ ဒသမ ၅၉၉ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁,၂၂၈ ဒသမ ၇၀၃ သန်း ရှိပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ပိုမို။
-
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ လေးလတာကာလ အတွင်း ပုစွန်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၂,၈၅၉ ဒသမ ၀၃၂ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၈၄၇ သန်း ရရှိခဲ့၊ နယ်စပ်ကုန် သွယ်မှုမှ မက်ထရစ်တန် ၃၅၃ ဒသမ ၂၉၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၆၆ သန်းရရှိသည့်အတွက် စုစုပေါင်း မက်ထရစ်တန် ၃,၂၁၂ ဒသမ ၃၂၉ တန် တင်ပို့ထားကာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၇၁၃ သန်းရရှိခဲ့။
-
ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လ ၂၂ ရက်အထိ ခြောက်လနီးပါးကာလ အတွင်း ပြည်တွင်းမှ အစေ့ထုတ်ပြောင်းတန်ချိန် ၁ ဒသမ ၅ သန်းကျော်တင်ပို့ခဲ့။
မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါး အစရှိသည့် ရေထွက်ကုန်များကို နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ သြဂုတ်လအတွင်း နိုင်ငံတကာ ကုန်သွယ်သင်္ဘော ၅၄ စင်း ဝင်ရောက်ဆိုက်ကပ် ကုန် သွယ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၈-၂၀၂၃)
-
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၂၁ ရက်အထိ လေးလနီးပါး ကာလအတွင်း မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန် ဒေါ်လာ ၁,၂၂၈ ဒသမ ၇၀၃ သန်းရှိပြီး ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါး ပိုမို။
-
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ လေးလတာ ကာလ အတွင်း ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၃,၂၁၂ ဒသမ ၃၂၉ တန် တင်ပို့ထားကာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၇၁၃ သန်းရရှိခဲ့။
-
ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လ ၂၂ ရက်အထိ ခြောက်လနီးပါးကာလ အတွင်း ပြည်တွင်းမှ အစေ့ထုတ်ပြောင်းတန်ချိန် ၁ ဒသမ ၅ သန်းကျော်တင်ပို့ခဲ့။
Add new comment