ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် ကျရောက်သည့် (၅၆) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ သဝဏ်လွှာ ပေးပို့ခဲ့ရာတွင်-
- အာဆီယံအသင်းကြီး၏ တိုးတက်ပြောင်းလဲမှု သမိုင်းဖြစ်စဉ်တစ်လျှောက်တွင် စိန်ခေါ်မှုများနှင့် ရပ်တည်အောင်မြင်မှုအတွက် သံသယများကို ရင်ဆိုင်ခဲ့ရသော်လည်း ယခုအချိန်အခါ ခေတ်မီတိုးတက်နေသော ကမ္ဘာကြီးတွင် အစိုးရများအချင်းချင်း အကြား ဖွဲ့စည်းထားသောအဖွဲ့အစည်းများအနက် အာဆီယံသည်လည်း အောင်မြင် မှုရရှိနေသောအသင်းကြီးတစ်ခုဖြစ်ကြောင်း။
- အာဆီယံအသင်းကြီး၏ အောင်မြင်မှုနှင့် သက်တမ်းရှည်ကြာမှုကို အဖွဲ့ဝင်(၁၀)နိုင်ငံ ဖြင့် တိုးချဲ့ဖွဲ့စည်းသက်သေပြနိုင်ခဲ့သကဲ့သို့ နောက်ထပ်မိသားစုဝင်အသစ်ကို ကြိုဆို နိုင်ရေးအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း။
- ယနေ့အချိန်အထိ အာဆီယံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (Treaty of Amity and Cooperation in Southeast Asia- TAC) သို့ နိုင်ငံပေါင်း (၅၁) နိုင်ငံ ပါဝင်လက်မှတ်ရေးထိုးပြီးဖြစ်သည်ကို အားတက်ဖွယ်တွေ့မြင်ရပြီး အာဆီယံ နှင့် မိတ်ဖက်ဆက်ဆံမှုရှိသော (၁၁) နိုင်ငံနှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး အဆင့်ရှိသည့် နိုင်ငံ (၉) နိုင်ငံရှိကာ ၎င်းတို့အနက် (၄) နိုင်ငံကို ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်နိုင်ခဲ့ပြီဖြစ်သည့်အပြင် အာဆီယံအသင်းကြီး နှင့် အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် လက်တင်အမေရိကဒေသများမှ နိုင်ငံ (၁၀) နိုင်ငံတို့သည် ကဏ္ဍအလိုက်မိတ်ဖက်ဆက်ဆံရေး သို့မဟုတ် ဖွံ့ဖြိုးမှုမိတ်ဖက်ဆက် ဆံရေးအဆင့် ထူထောင်ထားရှိပြီးဖြစ်ကြောင်း။
- ၂၀၂၃ ခုနှစ် အာဆီယံဥက္ကဋ္ဌက ချမှတ်ထားသည့် “ASEAN Matters: Epicentrum of Growth” “ဖွံ့ဖြိုးမှုဗဟိုချက် အာဆီယံက အလေးထားဆောင်ရွက်” ဆိုသည့် ဆောင် ပုဒ်နှင့်အညီ အာဆီယံ၏ အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို ထိန်းသိမ်း ရမည်ဖြစ်သကဲ့သို့ အနာဂတ်တွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများ အတွက် ကြိုတင်ပြင်ဆင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
- အာဆီယံအသင်းကြီးက ရည်ရွယ်ချမှတ်ထားသည့် မျှော်မှန်းချက်များကို အောင် အောင်မြင်မြင် ရရှိနိုင်ရေးအတွက် အာဆီယံပဋိညာဉ် စာတမ်းပါအခြေခံမူများနှင့် အညီ အာဆီယံ၏ အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို အလေးအနက်ထား ကိုင်စွဲကြရန် သတိပြုကြရမည်ဖြစ်သည့်အပြင် ပထဝီနိုင်ငံရေး အားပြိုင်မှုများမှ တစ်ဆင့် ပေါ်ပေါက်လာမည့် ဖိအားပေးမှုများနှင့် စိန်ခေါ်မှုများကို ညီညီညွတ်ညွတ် ရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်ကြောင်း။
- မိမိတို့အနေဖြင့် အာဆီယံ၏ အချက်အချာကျမှုနှင့် အာဆီယံဦးဆောင်သော အခန်း ကဏ္ဍများအပေါ် ခြိမ်းခြောက်လာနိုင်သည့် အခြေအနေများကို ရင်ဆိုင်ကျော်လွှား နိုင်ရန် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်မှုရှိပြီး စည်းမျဉ်းအခြေပြု သည့် ဒေသဆိုင်ရာဖွဲ့စည်းတည်ဆောက်မှုပုံစံကို ဖော်ဆောင်ကြရန်လိုအပ်ကြောင်း။
- မြန်မာနိုင်ငံသည် အာဆီယံအသိုက်အဝန်းအခြေပြမြေပုံ အကောင်အထည် ဖော် ဆောင်မှု၊ ဒေသဆိုင်ရာပေါင်းစည်းရေးနှင့် အသိုက်အဝန်းတည်ဆောက်ရေးတို့ အတွက် အာဆီယံနှင့်အတူ တာဝန်သိအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။
- မြန်မာနိုင်ငံအနေဖြင့် ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးအပါအဝင် လုပ်ငန်းပိုင်းဆိုင် ရာများ၌ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖြည့်ဆည်းရမည့် ဝတ္တရားများကို မပျက် မကွက် ထမ်းဆောင်လျက်ရှိပြီး အထူးသဖြင့် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက် ဆံရေး ညှိနှိုင်းရေးတာဝန်ခံနိုင်ငံအဖြစ် ဆောင်ရွက်နေပြီး အာဆီယံမဏ္ဍိုင်(၃)ရပ်နှင့် ၎င်းအောက်ရှိ နယ်ပယ်ကဏ္ဍများတွင် အသိုက်အဝန်း ထူထောင်ရေးကြိုးပမ်းဆောင် ရွက်မှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
ဒေသတွင်းရှိ ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ကြိုး ပမ်းဆောင်ရွက်ကြရာတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ အချက်များကို လေးစားလိုက်နာပြီး အာဆီယံ၏ အခြေခံမူများနှင့်အညီ ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း တာဝန်ရှိသည့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထပ်လောင်း ကတိပြုလျက် သဝဏ်လွှာပေးပို့ခဲ့ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၈-၂၀၂၃)
- အာဆီယံအသင်းကြီးက ရည်ရွယ်ချမှတ်ထားသည့် မျှော်မှန်းချက်များကို အောင် အောင်မြင်မြင် ရရှိနိုင်ရေးအတွက် အာဆီယံပဋိညာဉ် စာတမ်းပါအခြေခံမူများနှင့် အညီ အာဆီယံ၏ အချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို အလေးအနက်ထား ကိုင်စွဲကြရန် သတိပြုကြရမည်ဖြစ်သည့်အပြင် ပထဝီနိုင်ငံရေး အားပြိုင်မှုများမှ တစ်ဆင့် ပေါ်ပေါက်လာမည့် ဖိအားပေးမှုများနှင့် စိန်ခေါ်မှုများကို ညီညီညွတ်ညွတ် ရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်။
- မြန်မာနိုင်ငံသည် အာဆီယံအသိုက်အဝန်းအခြေပြမြေပုံ အကောင်အထည် ဖော် ဆောင်မှု၊ ဒေသဆိုင်ရာပေါင်းစည်းရေးနှင့် အသိုက်အဝန်းတည်ဆောက်ရေးတို့ အတွက် အာဆီယံနှင့်အတူ တာဝန်သိအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိ။
- မြန်မာနိုင်ငံအနေဖြင့် ဥပဒေကြောင်းအရနှင့် ဘဏ္ဍာရေးအပါအဝင် လုပ်ငန်းပိုင်းဆိုင် ရာများ၌ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖြည့်ဆည်းရမည့် ဝတ္တရားများကို မပျက် မကွက် ထမ်းဆောင်လျက်ရှိပြီး အထူးသဖြင့် အာဆီယံ-တရုတ် ဆွေးနွေးဖက် ဆက် ဆံရေး ညှိနှိုင်းရေးတာဝန်ခံနိုင်ငံအဖြစ် ဆောင်ရွက်နေပြီး အာဆီယံမဏ္ဍိုင်(၃)ရပ်နှင့် ၎င်းအောက်ရှိ နယ်ပယ်ကဏ္ဍများတွင် အသိုက်အဝန်း ထူထောင်ရေးကြိုးပမ်းဆောင် ရွက်မှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိ။
- ဒေသတွင်းရှိ ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးအတွက် ကြိုး ပမ်းဆောင်ရွက်ကြရာတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ အချက်များကို လေးစားလိုက်နာပြီး အာဆီယံ၏ အခြေခံမူများနှင့်အညီ ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းအပ်။
Add new comment