နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်များအား ဩဂုတ်လ ၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ရာတွင်-
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ် ခဲ့သည့် မဲမသမာမှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ယာယီသမ္မတ၏ တာဝန်ပေးအပ်မှုအရ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ခြင်းဖြစ် ကြောင်း။
- လွှတ်တော်ကို ဖျက်သိမ်းပြီးနောက် ယခင် NLD အစိုးရအနေဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်းမရှိဘဲ တရားမဝင်အဖွဲ့များဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များကို ဖွဲ့စည်းကာ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်များကို ရွေးချယ်ခဲ့ကြ ကြောင်း။
- PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် EAO အဖွဲ့အချို့၏ ကူညီအားပေးမှု နှင့် အထောက်အပံ့များကိုရယူ၍ လက်နက်ကိုင်အကြမ်းဖက်မှုများကို လုပ်ဆောင် ခဲ့ကြကြောင်း။
- တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘော တူညီချက်ရရှိစေရေး ယခင်ကတည်းက ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ယင်းတို့ကို NCA အပေါ်တွင် အခြေခံ၍ ဆောင်ရွက်လျက်ရှိသော်လည်း အချို့သော EAO အဖွဲ့များ အနေဖြင့် NCA သဘောတူညီချက်များကို လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ် များ၌ ပါဝင်ဆောင်ရွက်ခြင်းကြောင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်း ဖက်လုပ်ရပ်များ ပိုမိုဆိုးရွားလာခဲ့ကြောင်း။
- ထိုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကြောင့် အချို့သောဒေသများတွင် တည်ငြိမ် အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ကြောင်း။
- မိမိတို့အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းအောင် ဆက်လက်ဆောင်ရွက်ပြီး ရည်မှန်း ချက်တာဝန်များ အောင်မြင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ် ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရား မျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ပြီး ထိုသို့ ကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း။
- လက်ရှိကမ္ဘာပေါ်တွင် စားနပ်ရိက္ခာလုံခြုံရေး Food Security သည် အမှန်တကယ် လိုအပ်ချက်ရှိနေသည့် အချက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်သည့် အခြေအနေများစွာရှိရာ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး MSME ကုန်ထုတ်လုပ်ငန်းများကို ခေတ်မီနည်းပညာများအသုံးပြု၍ တန်ဖိုးမြှင့် ထုတ်ကုန် များကို ထုတ်လုပ်နိုင်ရေး ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း။
- အမှန်တကယ်လိုအပ်သည်မှာ စိုက်ပျိုးမွေးမြူရေးနယ်ပယ်တွင် မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရေး နိုင်ငံတော်အစိုးရက ကူညီဆောင်ရွက်ပေးရန်လိုကြောင်း။
- တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်ပတ်သက်၍ အခြေခံဥပဒေ၌ တူညီသည့် အခွင့် အရေးများ ပေးထားပြီးဖြစ်သကဲ့သို့ မိမိတို့အနေဖြင့်လည်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း။
- တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် NCA ပါသဘောတူညီချက်များအတိုင်း အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများကလည်း အလေးထားလိုက်နာဆောင်ရွက်သွား ရန်လိုကြောင်း။
- ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှေးရိုးစွဲကျသည့် အတွေးအခေါ်၊ အယူအဆများဖြင့် စဉ်းစားဆောင်ရွက်နေရုံဖြင့်မရဘဲ လက်ရှိနိုင်ငံ၏ ပကတိအခြေ အနေများနှင့်ကိုက်ညီစွာ စဉ်းစားဆောင်ရွက်ကြရန်လိုပြီး ပြင်ပမှ သွေးထိုးလှုံ့ဆော်မှု များကြောင့် NCA ကို မထိခိုက်စေရန်လည်း အထူးသတိပြု ဆောင်ရွက်ရန်လို ကြောင်း။
- သမာသမတ်ကျသည့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများကို အလေးထား ဆောင် ရွက်သွားရမည်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှု ရှိစေရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း အားလုံးက လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း။
- မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မှသာ မိမိတို့၏ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း။
- ဒီမိုကရေစီစနစ်တွင် ပါတီများအနေဖြင့် အယူအဆများနှင့် သဘောတရားများ တူညီ မှုမရှိနိုင်ဘဲ သဘောထားကွဲလွဲမှုများလည်း ရှိနိုင်ကြောင်း၊ တိုင်းရင်းသားလူမျိုးစု အလိုက်လည်း မတူညီသည့်လက္ခဏာများရှိကြောင်း၊ ထို့ကြောင့် လူပုဂ္ဂိုလ်နှင့် လူမျိုး ကို အခြေခံဆောင်ရွက်၍ ရမည်မဟုတ်ဘဲ ဒေသနှင့်အများ၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ လူအနည်းစု၏ သဘောထားကိုလည်း အလေးထား ရန်လိုကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးမည်ဖြစ်သည့်အတွက် ဥပဒေနှင့်အညီ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြား အလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
- ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်မှာ အစိုးရ၏ တာဝန်ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပမှ မဲဆန္ဒရှင်စာရင်းများ ကောက်ယူရာတွင် မှန်ကန်မှုရှိရေး၊ ပြည့်စုံရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေး တာဝန်ရှိသူများအားလုံးက ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း။
- ရွေးကောက်ပွဲဟူသည် ရာနှုန်းပြည့်ကျင်းပအောင်မြင်ရန် ခက်ခဲသော်လည်း ပြည်သူ တို့၏ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး မိမိတို့က စွမ်းအားရှိသမျှလုပ်ဆောင်ရမည်ဖြစ် ကြောင်း။
- နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအပေါ် နှောင့်ယှက်မှုများရှိနေမည်ဆိုပါ က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်ရေး လုပ် ငန်းစဉ်များကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်ပြီး ထိုသို့နှောင့်နှေးစေခြင်းသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် နှောင့်နှေးစေကြောင်း။
- ထိုကဲ့သို့နှောင့်နှေးအောင် လုပ်ဆောင်နေသူများသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေ သူ၊ ပြည်သူကို ထိခိုက်စေသူများဖြစ်ကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များအားလုံး ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးမှလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက် တွန်းလိုကြောင်း မှာကြားခဲ့ပါသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၈-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရား မျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ပြီး ထိုသို့ ကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင် ရွက်သွားရမည်ဖြစ်။
- တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် NCA ပါသဘောတူညီချက်များအတိုင်း အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများကလည်း အလေးထားလိုက်နာဆောင်ရွက်သွား ရန်လို။
- ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှေးရိုးစွဲကျသည့် အတွေးအခေါ်၊ အယူအဆများဖြင့် စဉ်းစားဆောင်ရွက်နေရုံဖြင့်မရဘဲ လက်ရှိနိုင်ငံ၏ ပကတိအခြေ အနေများနှင့်ကိုက်ညီစွာ စဉ်းစားဆောင်ရွက်ကြရန်လိုပြီး ပြင်ပမှ သွေးထိုးလှုံ့ဆော်မှု များကြောင့် NCA ကို မထိခိုက်စေရန်လည်း အထူးသတိပြု ဆောင်ရွက်ရန်လို။
- မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မှသာ မိမိတို့၏ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိန်းသိမ်းနိုင်မည်ဖြစ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်၏တာဝန်များကို လွှဲပြောင်းပေးမည်ဖြစ်သည့်အတွက် ဥပဒေနှင့်အညီ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် တစ်နိုင်ငံလုံး အကြား အလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
- ပြည်တွင်း၊ ပြည်ပမှ မဲဆန္ဒရှင်စာရင်းများ ကောက်ယူရာတွင် မှန်ကန်မှုရှိရေး၊ ပြည့်စုံရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေး တာဝန်ရှိသူများအားလုံးက ကြိုးပမ်းဆောင်ရွက်သွား ရန်လို။
- နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများအပေါ် နှောင့်ယှက်မှုများရှိနေမည်ဆိုပါ က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်ရေး လုပ် ငန်းစဉ်များကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်ပြီး ထိုသို့နှောင့်နှေးစေခြင်းသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် နှောင့်နှေးစေနိုင်။
- ထိုကဲ့သို့နှောင့်နှေးအောင် လုပ်ဆောင်နေသူများသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေ သူ၊ ပြည်သူကို ထိခိုက်စေသူများဖြစ်။
Add new comment